A knowledgable

in #blog8 years ago

😊နှလုံးသားကို အလှပြင်ပါ😊
💜💜💜💜💜💜💜

😃 ဤပစ္စုပ္ပန် ဘဝမှာ ...

ကိုယ်တွေ့ကြုံနေရတဲ့ အကောင်းအဆိုး
အကျိုးတရား မှန်သမျှဟာ
အလိုလိုဖြစ်ပေါ်လာတာ မဟုတ်သလို
ဖန်ဆင်းရှင်က ဖန်ဆင်းပေးလို့
ဖြစ်လာတာလည်း မဟုတ်ပါဘူး။

အတိတ်ဘဝတွေများစွာက မိမိပြုခဲ့ဖူး
သော စေတနာကံ အကြောင်းတရား
တွေက ဤပစ္စုပ္ပန်မှာ
အချိန်အခါ အခွင့်သင့်ရင် သင့်သလို
အကျိုးတရားတွေ အဖြစ်နဲ့ ဆက်ကာ
ဆက်ကာ ဖြစ်ပေါ်လာ နေကြတာပါ ။

ထိုသဘော တရားကို အလေးအနက်
ဆင်ခြင် နှလုံးသွင်းကာ ...
နိဗ္ဗာန်ကို မရောက်သေးမီ
ကျည်လည်ရအုံးမယ့် ဘဝတွေကို
လှပစေနိုင်ဖို့ ...

မိမိဘဝ အကောင်းအဆိုး အမျိုးမျိုးကို
ဖန်ဆင်းပေးနိုင်တဲ့ ဖန်ဆင်းရှင်အစစ်
ဖြစ်တဲ့ မိမိရဲ့ နှလုံးသားကို
အကောင်းဆုံး အလှပြင်နိုင်ကြပါစေ။

                  #ဦးပညိန္ဒ

💗💗💗💗💗💗💗💗💗💗💗