ဖြေသံမဲ့သောမွေးခွန်းများ

in #busy8 years ago

Original image no longer available

စတီးမစ် ပလက်ဖေါင်းအတွက် စတင်းဈေးက အဖြေတစ်ခုလား
ဈေးအတက်အကျတိုင်းမှာ အရည်အချင်းနဲ့ အရေအတွက်က သူတစ်ပြန်ကိုယ်တစ်ပြန်လား
စတီးမစ်မှာ စတင်းပါဝါက အရေးကြီးတာလား မိတ်ဆွေအပေါင်းအသင်းက အရေးကြီးတာလား
အရည်အချင်း ပင်ကိုယ်ဗီဇတွေက အရေးကြီးတာလား
ကျွမ်းကျင်မှု လူရည်လည်မှု နေရာယူတက်မှုက အရေးကြီးတာလား
ရိုးသားမှု ကြိုးစားမှု အနစ်နာခံတက်မှုတွေက အရေးကြီးတာလား
စတီးမစ် ပလက်ဖေါင်းက ငွေကြေးအင်အားကြီးသူ လူတစ်စုအတွက်သာ ရည်ရွယ်
ထားတာလား
ငွေကြေးလိုအင် လိုအပ်ချက်တွေနဲ့ ၀င်ရောက်လာသူလူသစ်တွေကကော ခဏတာလာတဲ့ ဧည့်သည်သဘောဘဲလား
စတင်းပါဝါအားကြီးသူတွေရဲ့ အဖြည့်ခံ သက်သက် အစတေးခံ လူတွေက ဘယ်လောက်ထိ ရှိနေဦးမည်လဲ
မျှော်လင့်ချက်ဆိုတဲ့ ယိုင်နဲ့နဲ့ တဲအိုလေးရှေ့ကနေ ငါဆိုတဲ့ မာနတွေ ယုံကြည်မှု
လွန်ကဲခြင်းတွေနဲ့ ရင်ကော့ခေါင်းမော့ လို့ မိုးမျှော်တိုက်တွေကို မော့မော့ကြည့်နေရတဲ့
ငါတို့ရဲ့ လည်ပင်းတွေ ဇာတ်တွေလည်း ညောင်းလုပါပြီ
မြေသားမမှန်သော ဈေးနှုန်းဆိုတဲ့ အပေါ်မှာ ငါတို့ရဲ့ ယုံကြည်ချက် အထပ်မြင့်တိုက်တွေ တည်ဆောက်ဖို့မသင့်ပါဘူး

Author : @bobokyaw