စက်မှုရပ်ကွက်ရောက်တုန်းက

in #busy8 years ago

ဒါကတော့ စက်မှုရပ်ကွက်ကို သွားတုန်းက လက်ဆော့ထားတဲ့ ပုံဟောင်းတွေပါ
အသစ်လည်းမရိုက်ဖြစ်သေးတော့ အဟောင်းတွေ ရှာတင်နေရတယ်
မူဆယ်မြို့ပါတ်လမ်းကနေ လှမ်းမြင်ရတဲ့ ပုံတွေပါ ပုံမှာ မြင်ရတဲ့ အဆောက်အဦးကြီးကတော့
သံရည်ကျို စက်ရုံ အငယ်စားလေးပါ။ စက်ရုံကိုတော့ တရုတ် သူဌေးတစ်ဦးက ပိုင်ဆိုင်တယ်လို့သိရပါတယ်
စက်ရုံက ကာယလုပ်သားတွေကတော့ မြန်မာပြည်အရပ်ရပ်က လူငယ်လေးတွေဖြစ်ကြတယ်လို့သိရပါတယ်
သံရည်ကျို စက်ရုံမှာ အလုပ်လုပ်ကြတဲ့ လုပ်သားတွေက တစ်ရက်ကို ယွမ်ငွေ တစ်ရာ ၀န်းကျင်ခန့်ရတယ်ဆိုပါတယ်
မီးနဲ့ အနီးဆုံး မှာ လုပ်ကိုင်ရသူတွေကတော့ ငွေပိုရကြပါတယ် ယွမ်ငွေ နှစ်ရာဝန်းကျင်အထိ တစ်ရက်တစ်ရက်
ရရှိတယ်လို့ အနီးနားဝန်းကျင်က လူငယ်တစ်ဦးက ရှင်းပြတာလည်း မှတ်သားခဲ့ရပါတယ် ယနေ့တရုတ်မြန်မာ
ငွေလဲလှယ်နှုန်းကတော့ တစ်ရုတ်ယွမ်ငွေ တစ်ရာကို မြန်မာကျပ်ငွေ နှစ်သောင်းသုံးထောင် ၀န်းကျင်ခန့် ရှိပါတယ်
ဒီငွေပေါက်ဈေးကတော့ နေရာဒေသနဲ့ အချိန်ကာလအပေါ်မူတည်ပြီး အပြောင်းအလဲ ရှီနိုင်ပါတယ်
ဒီနေ့အတွက်တော့ ဓါတ်ဖမ်းတာဘက်လေး ကို အလှည့်ပေးလိုက်ပါတယ်
စာရေးတာက ဒီနေ့ အဆင်မပြေဘူး စိတ်လို လက်ရ မရှိလှပါဘူး။ ဒါကြောင့် ပုံလေးတွေ ရှာပြီး တင်လိုက်ပါတယ်
ဓါတ်ပုံပညာရှင်များ အမြင်မှာတော့ အဆင်ပြေမယ်မဟုတ်ပါဘူး သို့သော် ၀ါသနာနဲ့ လိုအပ်ချက်အရတော့
ရောက်လေရာနေရာတိုင်းမှာ ဖုန်းကင်မရာလေးနဲ့ ရိုက်နေတက်တာတော့ အကျင့်ဖြစ်သွားပြီ

Original image no longer available

Original image no longer available

Original image no longer available

Original image no longer available

Original image no longer available

Original image no longer available

Original image no longer available

@bobokyaw

Sort:  

မိုးတွေညို့နေတာ ပုံတွေက လွမ်းစရာကောင်းပ
ရိုက်ချက်ကလည်းကောင်းပ

အိမ်တွေရှိပေမဲ့ လူမနေဘူးထင်တယ်နော် မိုးတွေလည်းအုံ့နေတယ်

Posted using Partiko Android