ယုံကြည်ချက်တို့ညွှန်းဆိုရာ

in #busy8 years ago

Original image no longer available

တဖြည်းဖြည်းနဲ့ ခရီးမိုင်တို့သည် ရှည်လျှားလို့လာခဲ့ပြီ ဖြစ်ပါလေသည်။ ဖြတ်သန်းခဲ့ရာ လမ်းတစ်လျှောက်
လာရာလမ်းလေးကို ငဲ့စောင်းလို့ ကြည့်မိပြန်တော့ ဒီလောက်တောင် လျှောက်လာခဲ့ပြီဘဲဆိုတဲ့
အားတက်သရော အကြည့် အတွေးတို့သည် စိတ်ဝယ် ခိုဝင်နားလို့ အားပေးနေပြန်သေးတော့သည်။
ကိုယ်လျှောက်ခဲ့သောလမ်းသည် တစ်စုံတစ်ရာ စံ သတ်မှတ်ချက်တွေနဲ့ တိုင်းတာမယ်ဆိုလျှင်
တိုကောင်းတိုပါလိမ့်မည်။ စံမှီချင်မှ မှီပါလိမ့်မည် ။ ကိုယ့်အတွက်တော့ ကိုယ်နင်းဖြတ်လျှောက်လှမ်းလာ
ရာလမ်းတို့သည် ကျားကုတ်ကျားခဲ ဇွဲနဘဲနဲ့ ရူးသွပ်စွာ ယုံကြည်စွာ လျှောက်လှမ်းလာသော လမ်းမကြီး
ဖြစ်လို့နေသည်ဆိုတာကိုတော့ အသဲထဲ စိတ်ထဲ အသိအာရုံထဲမှာ စွဲမြဲလို့နေပါသည်။
သတိရလို့ လည်ပြန်ကြည့်မိလေတိုင်း ရွှင်လန်း အားတက်စရာအတိဖြစ်လို့နေပါသည်။
ထိုခရီးတစ်လျှောက် အမှတ်တရတွေ ပျော်ရွှင်စရာတွေ ၀မ်းနည်းမှုတွေ အထီးကျန်မှုတွေ စွန့်လွှတ်ရခြင်းတွေ ရယူပိုင်ဆိုင်ရခြင်းတွေ အံသြဘနန်း ဖြစ်ရခြင်းတွေ စိတ်ပျက်အားလျှော့ရခြင်းတွေ ဆုံးရှုံးနစ်နာမှုတွေ နာကျင်ရခြင်းတွေ သင်ခန်းစာတွေ တွေဝေ မိန့်မောခြင်းတွေ ဒွိဟဖြစ်ရတဲ့ အခြေအနေတွေ
အမြင်မတူခြင်းတွေ လုပ်ဆောင်မှုမတူခြင်းတွေ ကြိတ်မှိတ် မြိုသိပ်ရခြင်းတွေ စသဖြင့် စိတ်ခံစားမှုမျိုးစုံ
အတွေ့အကြုံစုံလင်စွာတို့ဖြင့် ခြယ်မှုန်းလို့ ထားသည့် ကိုယ်တိုင်ရေး ပန်းချီကားတစ်ချပ်သို့နှယ် ရှိပါလေသည်
အမှား အမှန် တို့ ရောပြွမ်းနေသည့်ထို ဖြစ်စဉ်တစ်ခုလုံးသည် ယုံကြည်ချက်ကို အဖေါ်ပြုလျှက် လောင်းကြေးထပ်ခဲ့ခြင်းလည်းဖြစ်ပေလိမ့်မည်။
ရှေ့ခရီးတို့သည် အဘယ်သို့ရှိလိမ့်မည်နည်း ကြမ်းတမ်းခြင်းလား ချောမွေ့ခြင်းလား လွယ်ကူခြင်းလား
ခက်ခဲခြင်းလား အဘယ်သို့ရှိစေကာမူ ယုံကြည်ချက်လက်နက်အားစွဲကိုင်ပြီး ဆက်လက်ချီတက်ရမည်မှာ တစ်ခုတည်းသော ဦးတည်ချက်ဖြစ်သည် လုပ်ဆောင်ရန်အလုပ်ဖြစ်လေသည် ခရီးလမ်းသည် ခက်ခဲမည် ကြမ်းတမ်းမည် အိုအေစစ်လို အေးချမ်းသက်သာသော နေပျော်စရာ အချိုးအကွေ့များလည်း ရှိလို့နေလိမ့်မည်။
ခရီးများ အဆုံးထိလျှောက်ချင်သည့်စိတ်တို့သည် ခရီးလမ်းအား ပျင်းရိငြီးငွေ့ဖွယ် မဖြစ်အောင် အမြဲတမ်း စေစားလို့နေလေတော့သည်
Author : @bobokyaw

Sort:  

ယုံကြည်ရာတစ်ခုအတွက် ဘာဖြစ်တယ် အဲ့သလိုပါဘဲလေ

သီချင်းလေးတော့ ကောင်းပါတယ် တကယ်တော့လွယ်ဘူး