ငှက်ငယ်သို

in #busy7 years ago

ငှက်ငယ်သို့
Original image no longer available

နှုတ်ခွန်းဆက်လိုက်ပါရဲ့ ရောက်လာခဲ့သော ဝိညာဉ်လေးရေ မိုးကောင်းကင်ယံကနေပြီး သို့မှမဟုတ် မိုးကောင်းကင်အနီးကနေ တွေးယူမတက်လောက်အောင် ဆန်းကြယ်တဲ့ ဂီတရိုက်ချက်တွေနဲ့ နှလုံးသားကို အလုံးအရင်းသွန်ချလိုက်တဲ့ မင်းကငှက်တကောင်မှ မှန်ပါရဲ့လား။
မြင့်မြင့်မားမားပိုပြီးတော့ မြင့်မြင့်မားမား မီးနဲ့လုပ်ထားတဲ့ တိမ်တိုက်တစ်ခုလို မြေကမ္ဘာကနေ ခုန်လွှားထွက်ခဲ့တယ်။
ပြာလဲ့ နက်ရှိုင်းရာဆီကိုပျံသန်းသွားခဲ့ သီချင်းတွေဆိုရင်း၊ ပျံရင်း ပြီးတော့ ပျံသန်းရင်းလည်း သီချင်းတွေဆို
ကျွံနစ်လက်စ နေလုံးကြီးရဲ့ ရွှေအလင်းတန်းတွေထဲမှာ အထက်မိုးတိမ်တွေ တောက်စားလင်းပ ကိုယ်လုံး၊ ကိုယ်ထည်မရှိတဲ့ ပျော်ရွှင်မှုကြီးက ပြေးပွဲတစ်ခုကို ဖွင့်လှစ်လိုက်တဲ့ပမာ မင်းက လေဟုန်စီးလိုက် ပျံထွက်လိုက်နဲ့။
ခရမ်းပျော့ ညနေရီ မင်းရဲ့ အပြန်လမ်းတစ်လျှောက်မှာ အိုင်ဖွဲ့ယိုစီး နေ့အလင်းထဲက ကောင်းကင်ကြယ်တစ်ပွင့်ဆန်ဆန် မင်းကို မမြင်ရဘူး။
သို့သော် မင်းရဲ့ စူးစူးရှရှပျော်မွေ့မှုကို ငါတို့ ကြားရပါရဲ့။လင်းရှတဲ့ အရုဏ်ထဲမှာ ငါတို့မမြင်ရတော့တဲ့အထိ ပါးလှပ်သွား အရှိန်ပြင်းတဲ့ မီးအိမ်နယ်ကျဉ်းကလေးမှာ မြားတံ အစင်းစင်းလို ချွန်မြထက်ရှိ မင်းရဲ့ ဂီတဟာ အဲဒီမှာရှိနေတယ် ငါတို့သိတယ်။
ညက ပွင့်ကွဲထွက်နေချိန် လမင်းဟာ အထီးကျန်တိမ်တိုက်တစ်ခုဆီကနေ ကောင်းကင်ကြီးလျှံကျအောင် ရောင်ချည်တွေ ရွာချသလို ဝသုန်လေထု တစ်ခွင်၊ တစ်ပြင်မှာ မင်းရဲ့ အသံပျံ့လွင့်နေတယ်။
author:@sanmoon
hoto:google images

Sort:  

I am a silly robot!

ကြိုဆိုပါတယ်ရှင့်

!cheetah bad robot