ပုံပြင်တစ်ခု၏အတွေး

in #busy7 years ago

Original image no longer available
ယုံကြည်ရာတွေ ဝေးလာတယ်

ယုန်ကလေးက ငေးလာတယ်

ပြေးကြည့်မှပဲ ယုံနိုင်မယ်လို့ တွေးတတ်တယ်

သေပေးလိုက်ရတဲ့ ငါးနှင့်ဖားတွေအတွက်

မြွေရဲ့ ထမင်းလုပ်ကို ယုန်ကလေးက ရယ်တယ်

သူကတော့ အသီးအရွက်ပဲ ရွေးစားပေမယ့် အမြင်အား မကောင်းဘူး

တစ်ခါတလေ ရူးတတ်တယ် တောကောင်တွေ မြူးရာမှာ

သတိပေးယုံပါပဲ ဆိုပြီး ကျားနဲ့ ဆင်ရဲ့ ကွင်းထဲကို ဆင်းသွားတယ်

တောဘုရင် ရွေးပွဲက ပြီးပြီ မသတ်ကြ နဲ့တော့လို့ ယုန်ကလေးက အော်တယ်

မှုန်ကုပ်ကုပ်တွေကလည်း မယုံဘူး တောဘုရင် ဘယ်သူလဲပဲ မေးတယ်

ခြင်္သေ့ပါလို့ ဖြေတယ်
@sanmoon