Effective Micro Organisms
Effective Micro Organsism
အကျိုးပြုအနုဇီဝ အီးအမ် အပိုင်း ၁

ဒီနေ့မှာတော့ကျွန်တော့်သူငယ်ချင်းမိတ်ဆွေတွေကို အီးအမ်ဆိုတဲ့ ထူးဆန်းတဲ့
အနုဇီဝအရည်အကြောင်းလေးပြောပြချင်ပါတယ်
အီးအမ်းပေါ်ပေါက်လာတာကတော့ကမ္ဘာကြီးမှာဓာတုသီးနှံတွေကိုလူတွေစားသုံးပြီးဆိုးကျိုးတွေဖြစ်နေတာကို ဂျပန်ပညာရှင်တစ်ကြီးက လွတ်မြောက်အောင်တီထွင်ရင်းအီးအမ်နည်းပညာကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်
ဓာတုဆေးတွေကိုရေရှည်သုံးစွဲလာတာကြောင့် စိုက်ပျိုးရေးထုတ်ကုန်များတွင် ဓာတုဓာတ်ကြွင်းများပါရှိခြင်း/သဘာဝဂေဟစနစ်များပျက်စီးခြင်း / ရေထုညစ်ညမ်းမှု / လေထုညစ်ညမ်းမှု/မြေဆီလွှာ ဖွဲ့စည်းပုံပျက်စီးခြင်း /
မြေ၏ဂုဏ်သတ္တိများညံ့ဖျင်းလာခြင်း / အပင်ရောဂါ နှင့် ဖျက်ပိုးများပိုမိုကျရောက်လညဖြင်း /ပိုးသတ်ဆေးကိုခံနိုင်ရည်ရှိသော ဖျက်ပိုးများ ပေါ်ထွန်းလာသည့်အတွက်ပိုမိုအစွမ်းထက်အဆိပ်ပြင်းသောပိုးသတ်ဆေးများကို
ထုတ်လုပ်လာရခြင်းစသည့် ပြဿ နာများကိုရင်ဆိုင်ရပါသည်။
ထိုဓာတုသီးနှံများကိုစားသုံးသော ကျွန်ုပ်တို့
လူသားများ၏ အသက်အန္တရာယ် ကိုလည်း
ခြိမ်းခြောက်လာပါသည်။
ထိုသိုဓာတုဆေး၏ဆိုးကျိုးများမှ ရှောင်ရှားရန် ဂျပန်ပြည်တွင် ၁၉၃၅ ခုနှစ်မှစ၍ ဓာတုဆေးမသုံးသော သဘာဝစိုက်ပျိုးရေးစနစ်
အမျိုးမျိုးကို စမ်းသပ်အောင်မြင်ခဲ့ကြသည်
ထိုနောက် ၁၉၈၀ တွင် ပါမောက္ခ ဒေါက်တာ
ဟီဂါမှ စိုက်ပျိုးရေးတွင် အကျိုးပြုအဏုဇီဝ
များကို အသုံးပြုသော အီးအမ် နည်းပညာကို
ထီထွင်ခဲ့သည် ။အီးအမ်နည်းပညာသည်
အောင်မြင်မှုရရှိခဲ့ပြီး ဓာတုဆေးမသုံးဘဲသီးနှံများကို အောင်မြင်ဖြစ်ထွန်း စွာစိုက်ပျိုးနိုင်ခဲ့သည်။


အီးအမ်နည်းပညာသည် သာမန်အနုဇီဝနည်းပညာမဟုတ်ပါ ။ အဆင့်မြင့်ဇီဝနည်းပညာဖြစ်ပါသည် ။ အီးအမ်နည်းပညာကိုမြန်မာပြည်တွင် ၁၉၉၀ မှစတင်အသုံးပြုခဲ့ပြီး ယခုအခါ တောင်သူအများအပြား လက်ခံသုံးစွဲ နေကြပြီး မြန်မာနိုင်ငံတွင် အသုံးအများဆုံး
အဏုဇီဝ တစ်ခုအဖြစ်ရပ်တည်နေပါသည်။
ယနေ့ခေတ်တွေ ဂျပန်ပြည်မှမူရင်းအီးအမ်
ကိုကမ္ဘာ့ နိုင်ငံပေါင်း ၁၀၀ကျော်တွင် စီးပွားဖြစ် အသုံးပြုနေကြပါသည် ။

အီးအမ်ကိုစိုက်ပျိုးရေတွင်သာမက
မွေးမြူရေး /ပတ်ဝန်းကျင် ထိန်းသိမ်းရေး/အနံ့ဆိုးကင်းစင်ရေးနှင့်
မိလ္လာ ကန်များတွင်
ထုထည်ကျစေရန် အသုံးပြုနိုင်ပါသည် ။
မွေးမြူရေးတွင်တိရစ္ဆာန် မျိုးစုံအတွက် အသုံးပြုနိုင်ပါသည် ။ ကျွန်တော့်အိမ်တွင်ကြောင်ကလေးများကို သူတို့စားသောထမင်းနှင့်အီးအမ်ကို ရောနယ်ကျွေးပါသည်။

အခြားအီးအမ်၏အကျိုးကျေးဇူးများကို
နောက်ပိုင်းတွင်ဆက်လက်ဖော်ပြပါမည်။
source photo
www.emro.co.jp
EMRO JAPAN & ALL COUNTRY EMRO FAMILY PHOTO AND GOOGLE.COM
@kyawthuhein
MSC -260









အိုက်စ်စ်စ်...ငါ့ညီလေးpostကိုဖတ်ရပီလေ။ကောင်းချက်ပဲ။ဒီpostကတို့လို တောင်သူလယ်သမားတွေအတွက်တော့မိုက်တယ်။tag ကြီးက myanmar ကိုရှေ့ဆုံးထားပေးရမှာညီ။
ဟုတ်အစ်ကိုကျွန်တော်လည်း အခုမှအစမို့ tag ကိစ္စ သေချာမသိလိုက်ဘူး ကိုကြီးက USD JPY ပင်တွေစိုက်တာလား ဟင် ခ်ခ်
ဖတ်ရတာ ဗဟုသုတရပါတယ်ဗျာ .. EM အကြောင်းလေး ကို ဆက်လက်စောင့်ဖတ်ပါအုံးမယ်ဗျ ..
ဟုတ်ကဲ့ပါခင်ဗျ အခုလိုကြားရတော့အားတက်တာဗျာ
ဆက်ရေးပါအုန်းမယ်ခင်ဗျ
အော် EM EM ကြားသာကြားဖူးတာဘယ်လိုတွေအသုံးဝင်မှန်းမသိခဲ့ဘူးခြံထဲတခုပဲသုံးလို့ရတယ်ထင်တာခုလိုဂဃနဏပိုစ့်ရေးပေးတဲ့အတွက်ကျေးဇူးပဲbroရေသိပြီဆိုတော့သုံးပြီလေ။
ဟယ်.....ကြောင်ကိုကျွေးလို့ရတယ်ပေါ့ အီးအမ်။
စိတ်ဝင်စားပီလေ 😁
ဟုတ်ရပါတယ်မကြီး လူလည်းသောက်လို့ရပါတယ်
ဘက်စုံသုံးလို့ရပါတယ်
စိုက်ပျိုးရေးမလုပ်တော့ ဘာမှကိုမသိဝူး ဗဟုသုတအဆနဖြင့် ဖတ်သွားသီ
ဟုတ်အစ်ကိုအခြား အနေနဲ့လူလည်းသောက်လို့ရပါတယ် ကျန်းမာရေးကောင်းစေပါတယ် ခင်ဗျ
ပြီးတော့ အိမ်မှာမွေးမြူ ထားတဲ့ ကြောင်ကလေးတွေလည်းတိုက်လို့ရပါတယ် အနံ့ဆိုးကင်းအောင် ပတ်ဝန်းကျင်ကိုလည်းဖြန်းလို့ရပါတယ်
အဲ့ဆေးလေးနဲ့ steem အပင်ဖြန်းလို့ ရလား wallet ကတနေ့ တခြား ကြုံလှီလာလို့  စိတ်မကောင်းဘူး
ကျွန်တော်လည်းစိတ်မကောင်းပါဘူးဗျာ
ကောင်းတယ်ဗျာ များများသိအောင် များများသုံးအောင် ဗဟုသုတလဲရအောင်
ဟုတ်ကဲ့အစ်ကို အီးအမ်ကဘက်စုံသုံးလို့ရတော့
ပတ်ဝန်းကျင်အတွက်အရမ်းကောင်းပါတယ်ဈေးလည်းအလွန်သက်သာပါတယ်
ဗဟုသုတ ရတယ်ဗျာ။နောက်ထပ် အကျိုးကျေးဇူးလေးတွေလည်း ရေးပေးပါအုံး။
ကြောင်ကိုလည်း ကျွေးလို့ရတယ်ဆိုတော့
အိမ်ကကြောင်အတွက် လာဝယ်အုံးမယ်။
ဟုတ်လာဝယ်ပါခင်ဗျာ SBD နဲ့ရှင်းလို့ရတယ် :-D
သြော် em ဆိုတာကို အခုမှ သိတယ် စိုက်ပျိုးရေးနဲ့ အလှမ်းဝေးတော့
ကြားသားကြားဖူးနေတာ thanks ပါ
အရင်ကမြန်မာပြည်မှာဂျပန်ကအလကားလားပေးသေးတယ် နာဂစ်တုန်းကလေယာဉ်နဲ့လိုက်ဖြန်းတာ
အကျိုးရှိ
ဟုတ်ကဲ့အခုလိုကြားရတာဝမ်းသာပါတယ်ဗျာ