အချိန်​၏တန်​ဖိုး

in #esteem8 years ago

ဒီ​လောကမှာ အသက်​အရွယ်​မ​ရွေး၊ ဂုဏ်​အဆင့်​အတန်းမ​ရွေး တရားမျှတစွာ ဆက်​ဆံတတ်​သူမှာ အချိန်​ပင်​ဖြစ်​သည်​။ အချိန်​သည်​ မိမိကို တန်​ဖိုးမထားဘဲ အကျိုးမဲ့ ဖြုန်းတီး​နေသူတို့အား မိမိနှင့်​အတူ လက်​တွဲမ​ခေါ်ပါ။ မိမိနှင့်​​ဝေးကွာ​သော​နေရာတွင်​ ထားခဲ့မြဖြစ်​သည်​။ အချိန်​ကို တန်​ဖိုးမထားသူကို အချိန်​ကလဲတန်​ဖိုးမထားပ ​ခေတ်​၏​နောက်​တွင်​ ​မှေးမှိန်​ကျန်​ရစ်​​စေပါသည်​။အချိန်​ကို တန်​ဖိုးထားသူအား အချိန်​ကလဲ ပြန်​၍​လေးစားပါသည်​။ တန်​ဖိုးထားပါသည်​။ အချိန်​နှင့်​အညီ ကြိုးစားအားထုတ်​​နေသူသည်​ အချိန်​၏ အကျိုးတရား၊ ဝီရိယ၏အကျိုးတရားတို့ကို ခံစားကြရပါသည်​။
image
အချိန်​နှင့်​ ဒီ​ရေသာ်​ လူကိုမ​စောင့်​ ဟူ​သောစကားရှိပါသည်​။ ကိုလိုနီ​ခေတ်​၏ စာ​ရေးဆရာကြီး ပီမိုးနှင်းက ဆုံးရှုံးသွား​သော အချိန်​တစ်​မိန်း​ကိုအချိန်​သမုဒ္ဒရာကြီးနှင့်​ အစားမထိုးနိုင်​ ဟုဆိုခဲ့ပါသည်​။ အချိန်​သည်​ အကျိုးမဲ့အချိန်​ကိုဖြုန်းတီးသူတို့အား ရပ်​တန့်​၍ ​စောင့်​မ​ခေါ်ပါ။ ပျင်းရိခြင်းနွံထဲ၌နစ်​ကျန်​ရစ်​​စေပါသည်​။
imageအချိန်​ဖြုန်းတတအသူသည်​ အ​ပျော်​လွန်​တတ်​သူ၊ ပျင်းရိတတ်​သူများဖြစ်​၍ ဘဝတွင်းနက်​ကြီးများမှ တက်​ရန်​ခက်​ခဲပါသည်​။ အချို့လူမျယးသည်​အလုပ်​ချိန်​မှာပင်​ လက်​ဖက်​ရည်​ဆိုင်​တွက်​ထိုင်​၍ စကားဝိုင်းဖွဲ့ကာ အချိန်​ဖြုန်းတတ်ုကပါသည်​။ သူတစ်​ပါးအား အကျိုးမဲ့ အချိန်​ကုန်​လွန်​​စေသည့်​အပြင်​ မိမိ၌လဲအချိန်​ကို အကျိုးမဲ့ ကုန်​ဆုံး​စေတတ်​သည့်​အကျင့်​ စွဲလာ​စေပါသည်​။ ကိုလိုနီ​ခေတ်​က မြန်​မာတို့ အ​နေနှင့်​ အကျိုးမဲ့အချိန်​များကို ဖြုန်းပစ်​ကြသည်​ကို ​တွေ့မြင်​​နေရ​သော ဆရာကြီးပီမိုးနှင်းက အားမလိုအားမရဖြစ်​ခဲ့ငည့်​အတွက်​ မြန်​မာနိုင်​ငံ၌ အချိန်​သူ​ဋ္ဌေးများ​ပေါများသည့်​အတွက်​ ​ရွှေသူ​ဋ္ဌေး၊ ​ငွေသူ​ဋ္ဌေးများ ရှားပါးရခြင်းဖြစ်​သည်​ ဟု ဆိမိန့်​ခဲ့ပါသည်​။ image
@nyanlinaung(SMT 35)