Travel to Tanintharyi Cultural Museum DaweisteemCreated with Sketch.

in #myanmar9 years ago (edited)

ထားဝယ်မြို့. တနင်္သာရီတိုင်း ယဉ်ကျေးမှူပြတိုက်သို့ လည်ပတ်/လေ့လာ

Steemit members များအားလုံးပဲ့ မင်္ဂလာပါ ခင်ဗျား........။
ဒီတစ်ပတ်မှာတော့ ကျွန်တော် steemit သုံးတဲ့ သူငယ်ချင်း များအားလုံးကို ကျွန်တော်ရဲ့ introduce post မှာပြောထားတဲ့အတိုင်း
ထားဝယ်မြို့ရဲ့ အလှအပတွေကို စာအရေးအသားဖြင့်လည်ကောင်း ၊ဓါတ်ပုံများဖြင့် လည်ကောင်း လေ့လာမှတ်သားရအောင် ပြောပြပေးမှာပဲ့ဖြစ်ပါတယ် ခင်ဗျား........။

10.1.2018(ဗုဒ္ဓဟူးနေ့) သာယာလှပတဲ့မနက်ခင်းလေးတစ်ခုမှာပေါ့ဗျာ....
တောက်ပတဲ့နေမင်းနဲ့အတူ ကျွန်တော် နိုးထလာခဲ့ပါတယ်....(အလဲ့....အလဲ့...😜😜😜)
နေခြည်ဖြာခင်းနေတဲ့ အိမ်ရှေ့မြက်ပြင်လေးကိုကြည့်ပြီး စိတ်နှလုံးကလဲ
ကြည်လင်လန်းဆန်းလို့ပေါ့ဗျာ......။
image
နာရီကိုကြည့်လိုက်တော့ မနက်၆နာရီခွဲနေပီလေ.....(အိပ်ပုတ်)
မျက်နှာသစ် ၊သွားတိုက် ၊ရေမိုးချိုးပီး မနက်စာလေးစားလိုက်တယ်....။
image
Photographer-Aung Htet Kyaw
image
ကျောင်းသွားရဦးမှာကိုး......
လေးလတစ်ခါဖြေရတဲ့စာမေးပွဲက သုံးလလောက်ကျန်သေးတော့ အေးဆေးပဲ့လေ......
သိပ်စိတ်ပူစရာမလိုသေးဘူး.......စာမေးပွဲနီးမှ အသဲအသန် မျောက်သစ်ကိုင်းလွတ် စာလုပ်တယ်လေ...(ဟဲဟဲ)
၇နာရီခွဲတော့ ကျောင်းမသွားခင် အချိန်ရသေးတာနဲ့ ဖုန်းသုံးမယ်ဆိုပြီး
Internet လေးဖွင့်ကြည့်လိုက်တယ်....
ဟော...လာပီ...messenger group ကစာလေးတွေတန်းစီပီး
ဝင်လာရော.....
အခုမှသတိရပြီ မနက်ဖြန်ဆိုရင် MSC မှာ promotion ရမဲ့နေပဲ့....
Promotion ရမှာဆိုတော့လဲ လက်လွှတ်ခံလို့မဖြစ် အပတ်တိုင်း အနဲဆုံး
5sbd လောက်ရနေတာကိုး.....
ဒီလိုနဲ့ steemit မှာ post တင်ဖို့အတွက်ကုန်ကြမ်းရှာဖို့ဖြစ်လာတော့တယ်
ကျွန်တော်က ထားဝယ်သားဆိုပေမဲ့ ထားဝယ်မြို့အကြောင်း သိပ်သိတာမဟုတ်ဘူးဗျ.....။ကျောင်းစာတွေမှာလဲ ထားဝယ်မြို့အကြောင်း သိပ်ပီး ထွေထွေထူးထူး မပါဘူးလေ...။အဲတာနဲ့ အိမ်မှာစာအုပ်လေးတွေစီထားတဲ့ စာအုပ်စင်ပေါ်က စာရေးဆရာကြီးရွှေဝယ်ဧ ရဲ့ ထားဝယ်ရာဇ၀င် သမိုင်းစာအုပ်လေးလှန်ဖတ်ပီး ကျောင်းချိန်နီးလာတော့ ကျောင်းသွားရန်ပြင်ဆင်ရပါတော့တယ်....။
ကျောင်းရောက်ပြီး ကျောင်းစာသင်နေပေမဲ့ စိတ်ကစာထဲ သိပ်မရောက်ဘူးဗျ....။ဘယ်ရောက်မလဲ steemit မှာ promotion post တင်ရမှာပဲ့ စိတ်ရောက်နေတာကိုး...။ဒီလိုနဲ့ နေ့လည်ကျောင်းဆင်းပြီး ကျောင်းပြန်တက်ချိန်ကိုတောင် ရောက်လာတော့တယ်.....
အခုထိ post က မရေးရသေးဘူး...။အဲတာနဲ့ စိတ်ကူးတစ်ခုရလိုက်တယ်
ထိုင်နေလို့တော့ မထူးဘူး ထားဝယ်ယဉ်ကျေးမှူပြတိုက်မှာဆို ထားဝယ်အကြောင်းရေးဖို့ ကုန်ကြမ်းတွေစုံမှာပဲ့လို့ပေါ့.....
ဒီလိုနဲ့နောက်ဆုံးအတန်းချိန်ရောက်တော့ လူကလဲစာသင်ရပျင်းနေတာနဲ့
အတန်းလစ်ပြီး ယဉ်ကျေးမှူပြတိုက်ကို ထွက်လာပါတော့တယ်....။

ပြတိုက်က ထားဝယ်မြို့ရဲ့ ကမ်းနားလမ်းမှာဆိုတော့ ကျောင်းနဲ့သိပ်မဝေး...
ငါးမိနစ်လောက် ဆိုင်ကယ်လေးမောင်းယုံနဲ့ ရောက်သွားတာပေါ့ဗျာ....
image

ဟော.....ပြတိုက်ရောက်ရောက်ချင်းပဲ့ဗျာ ကျွန်တော်လိုချင်နေတဲ့ ကုန်ကြမ်းတွေက ပြတိုက်အပေါက်ဝကနေ တန်းစီပြီး စောင့်နေကြသလိုပဲ့ဗျ......
image
Photographer-Aung Htet Kyaw
image
ထားဝယ်မြို့ရဲ့အကြောင်းတွေသာမက တနင်္သာရီတိုင်းရဲ့အကြောင်းတွေပါ မှတ်သားရမှာတွေ စုပြုံနေရော.....ဒါနဲ့ကျွန်တော်လဲ နားချိန်မရှိတော့ပဲ
စာအုပ်တစ်အုပ် ၊ဘောပင်တစ်ချောင်းနဲ့ လိုအပ်တာတွေမှတ်သား ၊ ဖုန်းတစ်လုံးနဲ့ ဓါတ်ပုံတွေရိုက်ရင်း အလုပ်ရှူပ်နေတော့တာပေါ့ဗျာ...
ဒီလိုနဲ့ လေးဆယ့်ငါးမိနစ်လောက်ကြာသွားတော့ လိုချင်နေတဲ့ ကုန်ကြမ်းတွေလဲစုံသွားပီမို့ အိမ်ပြန်ရတော့တာပေါ့ဗျာ......
image
ကဲ....အခုတော့ဒီမှာပဲ့ အဆုံးသတ်ပါရစေ ခင်ဗျား.....
နောက်post တွေမှာတော့ ပြတိုက်ကရလာတဲ့ ကုန်ကြမ်းတွေနဲ့ ထားဝယ်တန်းခိုးကြီးဘုရားတစ်ဆူချင်းစီရဲ့ သမိုင်းကြောင်းတွေနဲ့ သာယာလှပတဲ့ ကမ်းခြေတွေ ၊ရေတံခွန်တွေ ၊ထားဝယ်မြို့ကို တည်ထောင်ခဲ့တဲ့ ရှေးဘုရင်အကြောင်းတွေကိုလဲ ပြောပြပေးဦးမှာမို့
ဆက်လက်ပြီးတော့ အားပေးကြပါဦးလို့ နှုတ်ဆက်ရင်း နိဂုံးချုပ်လိုက်ရပါတယ် ခင်ဗျား......။
image
Photographer-Aung Htet Kyaw
image
Photographer-Aung Htet Kyaw
image

refer : Tanintharyi Cultural Museum Dawei
Aung Htet Kyaw @aunghtetkyaw
MSC-197
Myanmar steemit lover

Sort:  

Nice post. 😇😇😊😊

Thank you dear

That's a nice pics, I love it! :) I'm sorry, my SP is less than $0.01 so my upvote won't mean anything for you. And yeah, I am new in steemit so if you want, you can go and check my profile. :D

Ok .thank you.

စာကို ဒီထက်နည်းနည်းလေး ထပ်ရှည်အောင် ရေးလိုက်ရင် ပိုကောင်းသွားမယ်ဗျ။

နောက်ထပ်ရေးဖို့မကျန်မှာစိုးလို့😁😁
အခုလိုအကြံပေးတဲ့အတွက်ကျေးဇူးပါဗျ

ခုလိုမျှ ဝေပေးလို့ ကျေးဇူးပါ bro

ဟုတ် ကျေးဇူးဗျ

မဆိုးဘူး goodတယ်

တကယ်တော့ bro လိုရေးတတ်ချင်တာဗျ

ဗဟုသုတတွေရပါတယ် ကျေးဇူးပါဗျ

ဟုတ် ကျေးဇူးတင်ပါတယ် ခင်ဗျား

Thank you my dear

camera-man လုပ်ဖို့ကောင်းတယ် ညီ
photoလေးတွေ အရမ်းကို ကြည်လင်ပြတ်သား လှပနေတယ်

ဝါသနာပါတယ်လေ ဟဲဟဲ

Cheer!
Shake!
ဝါသနာတူတူပဲ

ပုံတွေကောင်းပါတယ်

ကျေးဇူးဗျ ၀ါသနာအရပါ