Key To Secret (End)

in #myanmar8 years ago

... မင်္ဂလာပါ ...
Original image no longer available

ငြင်းဆိုချက်

ဒီစာအုပ်ထဲက သင်တွေ့ရတဲ့ သတင်းအချက် အလက်တွေဟာ သင့်ကို ပညာအသိ ရရှိစေရန်သာ ဖြစ်ပါတယ်။
ကျွန်မတို့ အလုပ်လုပ်၍ ရသော ဝင်ငွေ ကဲ့သို့ အာမခံ
ကတိမျိုး မပေးပါဘူး။ ဒီစာအုပ်ထဲက သတင်းအချက်
အလက်ကို အသုံးမပြုခင်မှာ မလျော့မတင်း ကြိုးစား
အားထုတ်ခြင်းကို လုပ်ဆောင်ရန် သင့်ရဲ့ အကောင်းဆုံး
ကြားနာ စစ်ဆေးခြင်းကို အသုံးပြုရန် နှင့် အလုပ်အချို့
လုပ်ရန် သင့်မှာရှိမယ်။ သင့်အောင်မြင်မှုက သင့်တာဝန်
သာပါ။
ဒီစာအုပ်ထဲမှာ အသက်မွေး​ဝမ်းကြောင်းမှု ဖြစ်စေဖို့
တရားဥပဒေအရ သက်ရောက်စေဖို့၊ ငွေကြေးအရ
(ဒါမှမဟုတ်) ငွေစာရင်းအကြံဉာဏ်ဖြစ်စေဖို့ ကြံစည်
ထားတာ မရှိပါဘူး၊ (မရည်ရွယ်ပါဘူး) ဒီကိစ္စများထဲ
ကြေးစားပုဂ္ဂိုလ်များမှ ကျွမ်းကျင်မှုရှိတဲ့ အကြံဉာဏ်များကို
အမြဲတမ်း ရရှိအောင် ကြိုးစားပါ(ရှာဖွေပါ)။ သင့်ရဲ့ကိုယ်ပိုင် Online စီးပွားရေးကို တည်ထောင် သောအခါ သင့်ကို
ခွင့်ပြုတာ သေချာဖြစ်စေရန် သင့် ဒေသန္တရ ပြည်နယ်နှင့်
ပြည်နယ်ပေါင်းစုံ ဆိုင်ရာ ဥပဒေများ အားလုံးကို စုံစမ်း
စစ်ဆေးတယ် ဆိုတာ ကျွန်တော်တို့လည်း ထောက်ခံ
ပါတယ် (လက်ခံ ပါတယ်)၊၊ သင် ပြည်နယ်ပေါင်းဆုံဆိုင်ရာ
ပြည်နယ် မြို့တော် သို့မဟုတ် အခြားဒေသန္တရ ဥပဒေများကို ချိုးဖောက်ရင် သင့်ကို သက်ရောက်မယ့် မည်သည့်
ဘေးဥပါဒ်အန္တရာယ်တွေ အတွက်မှ ကျွန်မတို့ တာဝန်ဝတ္တရား မကင်းခြင်းကို ဆုတ်ကိုင်ထားမှာ မဟုတ်ပါဘူး။

၇-၈-၂၀၁၇
တနင်္လာနေ့
(၁၆ : ၅၅)
ဟိန်းခန့်မောင်

ဒီနေ့ ဆိုရင် Key To Secret အပိုင်းဆက်များ
အား Steemit တွင် ပို့စ် တင်လာခဲ့သည်မှာ
အဆုံးကို ရောက်ရှိခဲ့ပါပြီ။ စာကိုယ် အလိုရတော့
မနေ့က တင်တဲ့ ပို့စ် က နောက်ဆုံးပါပဲ။

ဤ အပိုင်းတွင် စာရေးဆရာမ ဟီသာ မက်သရူး
မှ သူမ ရေးခဲ့သော စာများ သို့မဟုတ် စကားပြော
မှတ်တမ်း သို့မဟုတ် နည်းပေးလမ်းပြချက်များ
နှင့် ပတ်သက်၍ စာဖတ်ပရိတ်သတ်တို့အား
ပရမ်းပတာ ရမ်းသန်း လိုက်မလုပ်ကြစေရန်၊
စဉ်းစားချင့်ချိန်ပြီးမှ ဆောင်ရွက်ကြရန်၊ တရား
ဥပဒေ နှင့် ညီစွာ ပြုမူကြရန် အတွက်နှင့်
မလိုလားအပ်သော ပြဿနာ တစ်စုံတစ်ရာ
ရှိခဲ့ပါရင်လည်း သူမ အနေဖြင့် တာဝန်ခံစရာ
မရှိကြောင်း ပြောဆိုထားပါတယ်။
ဘယ်သူမပြု မိမိမှု သာလျှင် ဖြစ်၍ မိမိတို့
လုပ်ဆောင်ချက်များ ကောင်းမွန် မှန်ကန်လျှင်
မိမိတို့ ကောင်းကျိုး စံစားရမည် ဖြစ်ပြီး
မဟုတ်မမှန် ပြုမူမိပါကလည်း မိမိတို့ပဲ ဆိုးကျိုး
ခံစားရမည် ဖြစ်ပါသည်။

ကျွန်တော်သည် ဤစာအုပ် ebook အား
ဆရာမ မှ email ဖြင့် ပို့ပေးသည်ကို ရရှိခဲ့ပြီး
မြန်မာဘာသာ ပြန်ဆိုခဲ့ရာတွင် အချိန်ကာလ
အားဖြင့် ၆ လ မျှ ကြာခဲ့ပါသည်။ E skill
ကျွမ်းကျင်မှု မရှိသည့် အတွက် အမှားအယွင်းများ
လည်း ပါရှိနိုင်ပါသည်။ စာဖတ်သူ မိတ်ဆွေတို့
နားမလည်ကြသည်များ ရှိခဲ့သော် ကျွန်တော်၏
ညံ့ဖျင်းမှုသာ ဖြစ်ပါကြောင်း ဝန်ခံတောင်းပန်အပ်
ပါသည်။

အမှန်တကယ်မှာ ဤ စာစဉ်များအား
စာရေးဆရာ ဦးညီညီနိုင်၏ The Secret
ဘာသာပြန် လျှို့ဝှက်ချက် စာအုပ် သို့မဟုတ်
No. 1 ဟောပြောရေးဆရာဂျော်နီကျော်မိုး ၏
NLP နှင့် မသိစိတ်ပညာ စာအုပ် တို့အား အရင်
ဖတ်ရှုပြီးမှ ဖတ်ခဲ့ပါလျှင် ပိုမို နားလည်နိုင်မည်
ဟု ယုံကြည်မိပါသည်။

သို့ဖြစ်ပါ၍ ကျွန်တော်၏ ဘာသာပြန် စဆုံးအား
Pdf file ပြုလုပ်၍ တင်ပေးလိုက်ပါတယ်။
English လို ဖတ်ချင်သူများ အတွက်လည်း
မူရင်း Link ကိုပါ တင်ပေးထားပါတယ်။
Gmail ဖြင့် Download ဆွဲယူ သိမ်းဆည်း
ဖတ်ရှုနိုင်ပါကြောင်း အသိပေးအပ်ပါတယ်။
.......... Hein Khant Maung .........

Key To Secret or Road To Secret
ဘာသာပြန် စဆုံး Pdf Link:

https://drive.google.com/file/d/0B6aaLatMvoMrdFo5elVWUktOU193ckljeE1qcjdHSmJucjhV/view?usp=drivesdk

Translated by Hein Khant Maung

မူရင်း Manifestation Primer
Ebook Link:

https://drive.google.com/file/d/1aNJBaMW4RME-enqUU8dQoP7RvzWUxDiR/view?usp=drivesdk
Original image no longer available

Original Author ... Heather Matthews
Original image no longer available
Thanksgiving to Heather Matthews

MSC - 193
@billionairehein

Sort:  

ကိုဟိန်းရဲ့ ကြိုးစားအားထုတ်‌မှုကို ‌လေးစားမိပါတယ်‌။

ကျေးဇူးပါဗျာ

အဆုံးသတ်ပီပေါ့ နောက်ထက် ဘာသာပြန်တွေ ထက်တင်ပေးအုံးနော်😊

ဟုတ်ကဲ့ပါဗျာ

ဒီလိုစာမျိုးတွေဆက်ရေးဖို့ အားပေးပါတယ်ဗျို့

ရေးဖို့ကြိုးစားပါမယ်

အဲလိုမျိုးစာအုပ်​​တွေဆက်​​ရေးပါရှင့်​။

ရေးချင်ပါတယ်ဗျာ

ဇွဲရှိရှိနဲ့ ဘာသာပြန်လာလိုက်တာ တအုပ်ပြီးတော့မယ်ထင်တယ်

ပြီးပါပြီဗျ

ဟာ ပြီးသွားတာလား ကိုဟိန်းရ ဒီမှာ လုပ်ငန်းတောင်မစရသေးဘူး လို့ ပြောလိုက်ပါအုံး ☺☺☺

ဟုတ်ကဲ့ပါဗျာ

နောက်ဆုံးတော့ ဇွဲရှိရှိနဲ့ဘာသာပြန်ခဲ့တာကြောင့်
အောင်မြင်သွားပါပြီ လေးစားပါတယ်ဗျာ

ကျေးဇူးပါကွာ...

You got a 7.69% upvote from @minnowvotes courtesy of @billionairehein!

You got a 7.48% upvote from @dailyupvotes courtesy of @billionairehein!

တော်လိုက်တာ အများကြီးပဲ ဘာသာပြန်ထားတာ

တော်လို့ဟုတ်ပါဘူးဟ လုပ်လို့ပြီးသွားတာပါ