You are viewing a single comment's thread from:

RE: Myanmar Steemit Community မှ ဝမ်းနည်းပါသည် ( Henry Aung )

in #myanmar9 years ago

အဖွဲ့အစည်းတစ်ခုတွင် လူမညီလျှင် သော်လည်းကောင်း၊
စည်းကမ်းမလိုက်နာလျှင် သော်လည်းကောင်း၊
စာရိတ္တမကောင်းကြလျှင် သော်လည်းကောင်း အဆိုးဘက်သို့
ဦးတည်ပါလိမ့်မည်။ မြန်မာနိုင်ငံသားအားလုံး ညီညွတ်
စည်းလုံး အင်အားတောင့်တင်း စေလိုသော်လည်း ဝိဝါဒ
ကွဲပြားသူများဖြင့်ကား မအောင်မြင်နိုင်ခြေ။
စိတ်များဖြင့် ရှေ့ဆက်နေရသောကြောင့် ပရဟိတစိတ်ဖြင့်
ကူညီလိုသော်လည်း စေတနာပျက်စေသောသူများကိုတော့
တချိန်မဟုတ်တချိန် စိတ်ပျက်မိပါလိမ့်မည်။
သို့သော် ခရစ်တော် အယူအဆအရ "အစေခံခေါင်းဆောင်"
လို ကျင့်ကြံနိုင်လျှင် ပိုမြင့်မြတ်ပါမည်။

Screenshot_2018-01-20-11-07-12.png
မြန်မာတွေ အနေဖြင့် သူတလူငါတမင်း အဖွဲ့တွေခွဲ ခေါင်းဆောင်တွေ
လုပ်ကြဖြင့် အပြိုင်အဆိုင်တွေ ရှိကြပါသည်။ ကောင်းသော
တိုးတတ်စေသောပြိုင်ဆိုင်မှုသည် ကောင်းမြတ်သော်လည်း
အခြားသူအား ပျက်စီးစေလိုသောယှဉ်ပြိုင်ခြင်းမှာ ယုတ်ညံ့လှပေသည်။
မိမိအနေဖြင့် ယခုမှ စအသုံး ပြုသူဖြစ်၍ MSC တည်တံ့အောင်မြင်
ပါစေဟု ဆုတောင်းရုံမှတပါး မိမိ ဝါသနာအရ စာရေးခြင်း၊
ဖတ်မှတ်ထားသော အောင်မြင်ရေးစာပေများကို စုတု ပြု ပြန်လည် မျှဝေ
ခြင်းများဖြင့် လုပ်စရာရှိတာ ဆက်လုပ်သွားဖို့သာ ရှိပါသည်။
ကျေးဇူးတင်ပါသည်။