ဘ၀ရဲ့ အချိုးအကွေ့(၂)
မင်္ဂလာပါ Steemit မိတ်ဆွေများ..
အထက်ပါပို့စ်မှာဖော်ပြခဲ့သလို ဆယ်တန်းစာမေးပွဲကို ဘ၀ရဲ့အလှည့်အပြောင်းတခုအဖြစ် သတ်မှတ်
ထားကြလေ့ရှိပါတယ်။ထို့ကြောင့်လည်း အချို့သောသူများဟာ ဆယ်တန်းမအောင်ပါက အလွန်အမင်း
စိတ်ဓာတ်ကျ ခံစားကြရတာကိုလည်းတွေ့ရမှာပါ။
အချို့ဆိုလျှင် မိမိအသက်ကို အန္တရာယ်ဖြစ်စေတာမျိုးအထိ ပြုလုပ်ကြတာကိုလည်း ကြားဖူး၊
ကြုံဖူးကြမှာပါ။
ဆယ်တန်းစာမေးပွဲဟာ ဘ၀အတွက် အလှည့်အ
ပြောင်းဖြစ်စေနိုင်တာ အထိုက်အလျှောက်မှန်ကန်မှုရှိသော်လည်း ဘ၀ရဲ့အောင်မြင်မှုတွေ အဆုံးသတ်သွားစေနိုင်တဲ့အရာတော့ မဟုတ်ပါဘူး။
ယခုချက်ခြင်း မသိသာနိုင်ပေမဲ့ နောင်၁၀နှစ်၊
အနှစ်၂၀ကြာတဲ့အခါမှာ သိသာနိုင်မှာဖြစ်ပါတယ်။အဆိုပါနှစ်များအတွင်းမှာ မိမိတို့ရဲ့ ကြိုးစားအား
ထုတ်မှုပေါ်မူတည်ပြီး ဆယ်တန်းမအောင်သူတစ်
ယောက်ဟာ အမှတ်ကောင်းကောင်းနဲ့ အောင်မြင်သူတစ်ဦးထက်ပိုမိုအောင်မြင်သူတစ်ဦးလည်း ဖြစ်ချင်
ဖြစ်နေနိုင်ပါတယ်။
ဘ၀ရဲ့အလှည့်အပြောင်းအဖြစ် သတ်မှတ်ထားတဲ့ ဆယ်တန်းစာမေးပွဲကို အောင်မြင်တဲ့အခါမှာ
နောက်ထပ် အချိုးအကွေ့တစ်ခုအဖြစ် ဘွဲ့ရဖို့
ကြိုးစားရပါအုံးမယ်။ဘွဲ့ရပြီးတဲ့အခါမှာလည်း အလုပ်အကိုင်ကောင်းရဖို့၊နောက်ထပ် ရာထူးတွေတိုးဖို့၊
လစာတွေမြင့်မားဖို့ အစရှိသဖြင့် ဘ၀ကိုအပြောင်း
အလဲဖြစ်စေနိုင်တဲ့ အချိုးအကွေ့တွေအတွက်
ထပ်မံကြိုးစားရပါအုံးမယ်။ဒီဘွဲ့ရပြီးလို့ကတော့ကွာ၊ဒီအလုပ်လေးရခဲ့ရင်...၊ရာထူးတိုးခဲ့လို့ကတော့ကွာ...၊အစရှိသဖြင့် ဘ၀ရဲ့အချိုးအကွေ့တွေကို တွေ့ကြုံကြရအုံးမှာပဲဖြစ်ပါတယ်။
ဖော်ပြခဲ့တဲ့အချက်တွေဟာ မိမိဘ၀ကို တစ်ဆင့်ချင်းစီ မြင့်တက်စေနိုင်တဲ့ ဘ၀ရဲ့အလှည့်အပြောင်း၊
အချိုးအကွေ့တွေဖြစ်ပေမဲ့ ဘ၀ဆိုတဲ့ လမ်းခရီးကို
လျှောက်လှမ်းရင်း မိမိကြိုတင် သတ်မှတ်မထားနိုင်
သော၊ကြိုတင်မသိမမြင်နိုင်သော မိမိဘ၀ကို
အလှည့်အပြောင်း၊အချိုးအကွေ့ဖြစ်စေနိုင်တဲ့
အခြေအနေမျိုးကိုလည်း ကြုံတွေ့ရမှာပါ။
အင်တာနက်မှ ပုံပြင်လေးတစ်ပုဒ်ကို ဖော်ပြပါရစေ။
"တခါတုန်းက ငယ်စဉ်ကတည်းက အားကစားသမားတစ်ဦးဖြစ်ချင်တဲ့သူ တစ်ဦးရှိပါတယ်။အားကစားသမားဘ၀ဟာ သူ့ငယ်ဘ၀ရဲ့အိပ်မက်၊သူမျှော်လင့်ထားတဲ့ ဘ၀ရဲ့အလှည့်အပြောင်း၊သူ့အတွက်
အောင်မြင်မှုတစ်ခုအဖြစ်သတ်မှတ်ထားတာပါ။
ဒါပေမဲ့ သူ့ရဲ့ခန္ဓာကိုယ်ဟန်ချက်က အရမ်းညံ့ခဲ့ပါ
တယ်။ ဟန်ချက်ကို သူရှာမတွေ့ခဲ့ဘူး။ဒါကြောင့်
ခန္ဓာကိုယ်ဟန်ချက်ညီအောင်ဆိုပြီး ကျောင်းဆင်း
အိမ်ပြန်တိုင်း ရထားသံလမ်းတစ်လျှောက် သံလမ်း
ဘောင်လေးတွေပေါ်မှာ လမ်းလျှောက်ရင်း သူ့ရဲ့ ခန္တာကိုယ်ဟန်ချက်ညီအောင် ထိန်းလျှောက်ရင်း
လေ့ကျင့်ခဲ့တယ်။အထက်တန်းအောင်တဲ့အထိ
လေ့ကျင့်ခဲ့ပေမဲ့ တိုးတက်မှုမရှိခဲ့ပါဘူး။သို့သော် အားကစားတစ်ဦးဖြစ်ချင်တဲ့ အိပ်မက်ကိုတော့
သူလက်မလွတ်ခဲ့ဘူး။
ကျောင်းပြီးတဲ့နောက် ကိုယ့်နေရပ်ကိုပြန်ပြီး သံထည်အနုပညာဆိုင်တစ်ဆိုင် သူဖွင့်ခဲ့တယ်။ ဟိုးအရင်
သံလမ်းပေါ်မှာလမ်းလျှောက်ခဲ့တုန်းက သံထည်တွေရဲ့ပုံစံမျိုးစုံကို သူသတိရပြီး သံထည်နဲ့ အနုပညာပုံ
အမျိုးမျိုး သူပြုလုပ်ခဲ့တယ်။ သူ့ရဲ့သံထည်ပစ္စည်းတွေ ရောင်းအားတက်ပြီး နောက်ဆုံးမှာ နာမည်ကြီးပြီး
အောင်မြင်တဲ့ သံထည်အနုပညာရှင်တစ်ယောက်ဖြစ်ခဲ့ပါတယ်။
ပုံပြင်လေးအတိုင်းပါပဲ။တခါတရံမှာ ကျနော်တို့သတ်မှတ်ထားတဲ့ ကြိုတင်သိမြင်နိုင်တဲ့ ဘ၀ရဲ့အချိုးအကွေ့တွေရှိသလို၊ကြိုမမြင်နိုင်တဲ့ အချိုးအကွေ့တွေလည်း ရှိနေနိုင်ပါတယ်။

Credit image source
ဒါကြောင့်မို့ မိမိတို့အနေနဲ့ ကြိုတင်သိမြင်နိုင်တဲ့ ဘ၀ရဲ့အချိုးအကွေ့တခုနဲ့ လွဲချော်ခဲ့တဲ့အခါ စိတ်ဓာတ်မကျပဲ ကြိုတင်မသိမြင်နိုင်ပဲ မိမိဘ၀ကို အလှည့်အပြောင်းဖြစ်စေနိုင်တဲ့ အချိုးအကွေ့များကိုလည်း ကြုံတွေ့နိုင်မှာဖြစ်ပါတယ်။ထိုအချိုးအကွေ့များကလည်း မိမိဘ၀ရဲ့ မထင်မှတ်ထားတဲ့ အောင်ြမင်မှုတွေကို ဆောင်ကျဉ်းလာနိုင်ပါတယ်။
Steemitမိတ်ဆွေများလည်း ကြိုတင်သိမြင်နိုင်သော ဘ၀ရဲ့အချိုးအကွေ့များကိုလည်း အောင်မြင်စွာဖြတ်ကျော်နိုင်ကြပြီး၊ကြိုတင်မသိနိုင်သော ဘ၀ရဲ့အလှည့်အပြောင်းများကိုလည်း ကောင်းမွန်စွာကျော်ဖြတ်နိုင်ကြရင်း အောင်မြင်မှုများရရှိပါစေလို့ ဆန္ဒပြု ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။



အသက်တစ်ရာ မနေရပေမယ့် အမှုတစ်ရာတွေ့ရမယ်။ဘ၀ရဲ့အချိုးအကွေ့တွေကိုတော့ရင့်ကျက်မှုနဲ့ကျော်ဖြတ်ရမှာပဲ အာစိရေ။
ဟုတ်ပါတယ် ကိုဇာရေ။အတွေ့အကြုံနဲ့ရင့်ကျက်
မှုကအဆုးအဖြတ်ပေးသွားမှာပါ။
ပုံပြင်ကောင်းလေးတစ်ပုဒ်ပါ bro
ဟုတ်...ကျေးဇူးပါ ကိုအောင်ကြီးရေ..
၁၀တန်းက ဘဝရဲ့ =တစ်ဆစ်ချိုး …ဆိုရင်
အိမ်ထောင်ပြု = ?????
အာ့က တစ်ပတ်လည်ဂျွမ်းပစ်သွားမာ... :P
အားမလျော့ဘူး SL ဘယ်သူပြောနိုင်မလဲ
SBD တွေ 100$ ဖြစ်သွားမယ်ဆိုတာ 😁
ဘယ်သူပြောနိုင်လဲ 1sbd = 200$ 😉
သုညတွေကို မနှမြောကြပါနဲ့...
SL တောင် V M မပြည့်တာ ကျနော်ကဘာမို့ လဲ အားရှိပြီပေါ့
တင်တာနောက်ကျသွားလို့ပါ...ဟီး.. :P
ကောင်းလိုက်တာ
ကျေးကျေးပါဗျို့..
ကမ္ဘာကျော်ကြားအောင်မြင်နေတဲ့ သူတွေက ၁၀ တန်းအောင်တာ ခပ်ရှားရှာရယ် ၁၀ တန်းအောင်ပြီး သူများမျက်နှာကြည့်နေရတဲ့ ဝန်ထမ်းဘဝထက် ၁၀ တန်းအောင်ပြီးသားတွေကို ခိုင်းစားနိုင်တဲ့ ကုပ္မဏီ ပိုင်ရှင်ပဲ ဖြစ်ချင်တာ
အမှန်ပါပဲ ဦးဇင်းရေ...
ဖတ်ရတာအရမ်းကောင်းပါတယ်ဗျာ
အားပေးတာ ကျေးဇူးတင်ပါတယ်ဗျာ..
ဘဝဆိုတကြိုးစားမူကိုလိုက်ပြီးပြောင်းလဲတာဘဲ
ကိုယ်ကြိုးစားမူအပေါ်မူတည်ပါတယ်
အမှန်ပဲ ညီရေ...
ဘဝကံကြမ္မာက စေစားရာအတိုင်းပေါ့ဗျာ
ဇာတ်ဆရာအလိုကျလား...