ဘဝရဲ့ အချိုးအကွေ့ (၁)
မင်္ဂလာပါ Steemitမိတ်ဆွေတို့ရေ။
မနေ့တနေ့ကပဲ ဆယ်တန်းအောင်စာရင်းထွက်ရှိသွားခဲ့ပါပြီ။စာမေးပွဲ အောင်မြင်မှု၊ကျရှုံးမှုတွေပေါ်
မူတည်ပြီး ပျော်ရွှင်ရတဲ့သူတွေရှိလို ငိုကြွေး
ဝမ်းနည်းနေသူတွေလည်း ရှိနေကြမှာ အမှန်ပါပဲ။
တချို့ကျပြန်တော့ ဂုဏ်ထူး ၄လုံးလောက်ပါတာကို ယူကြုံးမရဖြစ်ပြီး ကြေကွဲဝမ်းနည်းနေချိန်မှာ
တချို့သူတွေကတော့ အမှတ်နည်းနည်းနဲ့
ရိုးရိုးအောင်တာကိုပဲ အလွန်ဝမ်းသာကြသူများကို
လည်း တွေ့ကြုံကြရမှာပါ။ဒီနေရာမှာ တချို့သောသူတွေက ကြိုးစားအားထုတ်မှု နည်းလို့
မအောင်ကြပေမဲ့ တချို့ကျပြန်တော့လည်း စာမေးပွဲနီးမှ နေမကောင်းဖြစ်၊ကျန်းမာရေးကြောင့်
(သို့မဟုတ်)တခြားသော မတော်တဆမှု
တခုခုကြောင့်သော်လည်းကောင်း၊စာမေးပွဲခန်းထဲ
ရောက်မှ ဖိစီးမှုတွေများပြီး စာတွေမေ့ကုန်တာ၊
မှားဖြေမိတာ အစရှိသဖြင့် မြင်းကောင်းခွာလိပ်
ဖြစ်ခဲ့ရတဲ့သူတွေကိုလည်း မိမိတို့ပတ်ဝန်းကျင်မှာ တွေ့ရှိကြမှာပါ။
မည်သို့ပင်ဆိုစေကာမူ တက္ကသိုလ်ဝင်တန်း တဖြစ်လဲ ဆယ်တန်းစာမေးပွဲကြီးရဲ့ ရလာဒ်က အောင်မြင်သူ(သို့)ကျရှုံးသူ ကာယကံရှင် တဦးတည်းအတွက်သာမကပဲ ၎င်းတို့ရဲ့မိသားစုဝင်များအထိပါ ရိုက်ခတ်မှုရှိကြပါတယ်။အဘယ်ကြောင့်ဆိုသော် ဆယ်တန်းစာမေးပွဲကို ဘ၀တဆစ်ချိုးစာမေးပွဲအဖြစ်
လည်းကောင်း၊ဘ၀ရဲ့အချိုးအကွေ့တစ်ခုအနေနဲ့
လည်းကောင်း သတ်မှတ်ယူဆထားကြသောကြောင့်
ဖြစ်ပါတယ်။ရည်မှန်းချက်မြင့်မားသော မိဘများ
အနေဖြင့် မိမိတို့၏သားသမီးများ ဆယ်တန်းစာမေးပွဲကို အမှတ်ကောင်းကောင်းဖြင့်အောင်မြင်ပါက
တက္ကသိုလ်ကောင်းကောင်းသို့တက်ခိုင်းမည်။
ထိုမှတဆင့် ဘွဲ့ကောင်းကောင်းရပါက
အလုပ်အကိုင်နေရာဌာနကောင်းများသို့ ချိတ်ဆက်ကာ လုပ်ငန်းခွင်ဝင်စေမည်။
နောက်တော့ ရာထူးနေရာတနေရာရလာမည်
အစရှိသဖြင့် သမားရိုးကျပုံစံခွက်အတိုင်းဖြတ်သန်း
စေလိုကြသည်။နောက်တခုက မြန်မာနိုင်ငံတွင်
အခြေခံဝန်ထမ်းလုပ်မည်ဆိုလျှင်တောင် အနည်းဆုံး ဘွဲ့လေးတခုတော့ရထားမှဖြစ်မည်။
ဘွဲ့ရလျှင်တောင် အခြားသော ကျွမ်းကျင်မှုပြ
လက်မှတ်များကလိုသေးသည်။ဘွဲ့မရသူများ၊
ဆယ်တန်းမအောင်မြင်သူများအတွက်တော့ ရာထူးဌာနန္တရ ရနိုင်သော အလုပ်အကိုင် အခွင့်အလမ်းများနှင့် အလှမ်းဝေးနေဆဲပင်။ထို့ကြောင့် ရာထူးနေရာ
ကောင်းကောင်းရနိုင်ရန် ဘွဲ့ရမှဖြစ်မည်။အဆိုပါ ဘွဲ့ရရန်အတွက် ဆယ်တန်းအောင်မှဖြစ်မည်။
ထို့ကြောင့် ဆယ်တန်းစာမေးပွဲကို ဘ၀တဆစ်ချိုး
အဖြစ် သတ်မှတ်ထားခြင်းဖြစ်ပေသည်။
အပိုင်း (၂) ဆက်ရန်...




အောင်စာရင်းမှာ နာ့နာမည်ပါလားဝူး
😭😭😭😭😭
😝
တူတူပဲအမရေ... :(
Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
http://www.gosexpod.com/categories/indexcat.php?category=sex-toys
၁၀တန်းအောင်ဖို့ အရေးကြီးတယ် ဗျ
မကြီးတကြီးလေးပါ... :P
ငှယ် 10 တန်းစာမေးပွဲအောင်တာနဲ့ ချိဘော့က sex boy ဆိုတာလာမန့်တာနဲ့ ဘာဆိုင်လဲဟ။ ရီရတယ်တော့ ဗြဲ ---
သူစာမေးပွဲကျလို့နေမှာ...
အလဲ့..အာစိကိုပျင်းနေမှာစိုးလို့ sex အရုပ်လေးတွေနဲ့ ကဂျားစရာလေးတွေလာပေးတာ အဟိဟိ။အွန်လိုင်းစတိုးလေ အားပေးလိုက်အုံးနော်။
၂ခုလောက် အော်ဒါတင်ချင်ပါတယ် မဇာရေ...ဘယ်နေ့လာပို့မလဲ... :P
ဘဝရဲ့ ဒေါက်တိုင်တစ်ခုပေါ့ဗျာ
ဟုတ်..ဦးထွေး..
ဆယ်တန်းဆိုသည်မှာဘဝအောင်မြင်ဖို့အတွက်အစိတ်ပိုင်းတစ်ခုပါ
ဟုတ်ပါတယ်..bro
ဘဝ ဘဝ လေ
ဘ၀ ဘ၀ပေါ့ဗျာ...
ဘ၀ ဘ၀ပေါ့ဗျာ...
အယ်တော် ချီးတက်ကြီး ကyou ကို မျက်စောင်းထိုးနေပါလား
သူ က ၁၀တန်း မအောင်လို့နေမှာ
ဟုတ်မယ်ထင်တယ် မမရေ...
10တန်းဆိုတာ တကယ်တော့ ဂုဏ်တစ်ခုပါ ကမ္ဘာကျော် ပုဂ္ဂိုလ်တွေ လိုက်ကြည့် 10 တန်းအောင်တာ ခပ်ရှားရှားပါ
ဟုတ်ပါတယ် ဦးဇင်းရေ...အောင်တဲ့သူတွေအတွက်ကလည်း လမ်းကြောင်းတခုပွင့်သွားသလို မအောင်တဲ့သူတွေအနေနဲ့လည်း စိတ်ကျစရာမလိုပါဘူးဗျာ။