လုံးဝ မေ့နေနိုင်အောင် ခွင့်လွှတ်

in #myanmar9 years ago (edited)

အားလုံးသော Myanmar Steemit Community Member အပေါင်း မင်္ဂလာပါ။

သူများတွေက အခုချိန် ပိုက်ဆံတွေကြဲကြ၊ မုန့်လုံးတွေ လုံးကြ၊ မယ်ဇလီဖူးတွေ သုပ်ကြနဲ့ ကိုယ်တွေကတော့ steemit ပေါ်မှာဘဲ ပိုက်ဆံကြဲခိုင်းရမှာလို၊ Steemit ပေါ်မှာ လုံးပြီး vote တွေကို တသုတ်ကြီး ယူပစ်ရမှာလိုလို နဲ့ဗျာ။ ကဲပါ။ ကိုယ်မရတဲ့ အပျော်ကို မလွမ်းတော့ပါဘူး။

Forgive-and-Forget-50865062600.jpg

ဒီနေ့တော့ ရေးချင်တဲ့ အကြောင်းလေးကလည်း ရှိလာပြန် မနေ့ကရုံးမှာလည်း မအားနဲ့ ဒီနေ့ကျမှ သေချာလေးရေးပြီး ဝေမျှလိုက်ပါတယ်။ ပြောချင်တဲ့ အကြောင်းလေးက နည်းနည်း တရားသဘောဆန်နေ မလားတော့ မသိဘူး။ ဒီနေ့ အထိ အမှတ်ရနေတဲ့ ရယ်စရာလို့ ပြောမလားတော့မသိဘူး။ ကြုံခဲ့ရတဲ့ အဖြစ်လေး တခုပေါ့။

ဟိုး လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက်က ရန်ကုန်မှာ အလုပ်လုပ်နေတုန်း အချိန်ကပေါ့။ တနေ့ တရားပွဲတခုကို သွားတယ်။ အဲဒီ တရားပွဲမှာ တရားဟောမဲ့ ဘုန်းတော်ကြီးက အတော်ကို တရားဟောကောင်းတယ်။ တရားနာတဲ့သူတွေရဲ့ စိတ်နှလုံကို ထိမိ၊ လှုပ်ခက်မိအောင် ဟောနိုင်တယ်ပေါ့။ တရားပွဲသွားရင် ကိုယ့်ရင်ထဲ တခုခု ထိမိ၊ စဉ်းစားမိ၊ ကျန်မိမှ ဘဲ သွားရကျိုး နပ်သလိုဘဲ။ သွားတုန်းကလည်း ကိုယ့်ရင်ထဲ ဘာမှ မရှိ။ ပြန်လာတော့လည်း ဘာမှန်းမသိ မရှိနေရင် ဘာမှ အကျိုးမရှိသလိုဘဲ။ ကဲပါထားလိုက်ပါတော့။

အဲတော့ အဲဒီ တရားပွဲက လူအရမ်းလည်းများမယ်။ လူလည်း အရမ်း စည်မဲ့ပွဲမျိုး ဆိုတော့ သပ်သပ်ရပ်ရပ် သွားမယ်ပေါ့။ လည်ကတုံး စတစ်ကော်လာ အင်္ကျီအဖြူလေးနဲ့ ကချင်ပုဆိုးနဲ့ သပ်သပ်ရပ်ရပ်ဝတ်သွားတယ်။ ဒါပေမဲ့ သိတဲ့ အတိုင်း အဲဒီအချိန်က အခုလို @YBS တွေ ဘာတွေ မရှိသေးဘူး မထသပေါ့။ ရန်ကုန် ဘစ်စကားက အရမ်းကျပ်တယ်။ နေရာ ရဖို့ မလွယ်ဘူး။ တနေရာကနေ တနေရာ သွားတာ ဒီလောက်ကား မကြပ်ပေမဲ့ အရမ်းကြာတယ်။ ကိုယ်က သတ်သတ်ရပ်ရပ်ဝတ်ပြီး သွားတယ်။ ဘစ်စ် ကားပေါ် လူပေါင်းစုံ၊ ငပိ ငချဉ်သိပ်ထားသလို စီးရတော့။ တော်ရုံ အ၀တ်တွေဆို လူတိုးတာကြောင့် တခြားသူစီက ချွေးတွေနဲ့ ညစ်ပတ်သွားတယ်။ ဒီလိုနဲ့ အဲဒီ ၃၉ ကားပေါ်လိုက်သွားတာ ကိုယ်က လူတိုးမခံချင်လို့ စီးရင် အမြဲတမ်း အနောက်ထိတိုးစီတယ်။ အနောက်ဘက်ဆုံး ခုံတန်းနားပေါ့။

ဒီလိုနဲ့ အနောက်ဆုံး ခုံတန်းနားမှာ ကြည့်လိုက်တော့ အများအားဖြင့် ယောက်ကျားတွေဘဲ။ ထိုင်နေတဲ့သူထဲမှာ တယောက်က အ၀တ်အစား နည်းနည်း ညစ်ညစ် ပတ်ပတ်ဝတ်ထားတယ်။ ခေါင်းကိုလည်း ငိုက်စိုက်စိုက်နဲ့ပေါ့။ တနေရာရောက်တော့ သူ့ဘေးနားက လူက ဆင်းသွားတော့ သူဘေးနားမှာ နေရာက လွတ်နေတာပေါ့။ ဘေးနားက အမျိုးသမီးတွေကလည်း လွတ်နေပေမဲ့ ယောကျားတွေ ကြားထဲ မထိုင်ချင်လို့လား မသိဘူး။ မထိုင်ဘူးပေါ့။ အဲဒါနဲ့ ကိုယ်လည်း အဲဒီသူနား ၀င်ထိုင်လိုက်တယ်ပေါ့။ သေချာတယ် အဲဒီကိုယ့်ဘေးက လူက ဘယ်မှာဝင်ပြီး ကစ်လာလည်း မသိဘူးပေါ့။ တော်တော်ရွဲနေတဲ့ ပုံပဲ။ အရက်စော်ကလည်း အတော်လေး နံဆော်နေတယ်။ ကိုယ့် မျက်နှာကို တဘက်ကိုလှည့်ပြီး အသက်ရှုရတဲ့ အခြေအနေမျိုးပါ့။ ခဏနေတော့ မောင်မင်းကြီးသားက လက်သီးကြီးစုပ် တကျွတ်ကျွတ်နဲ့ ဂဏာမငြိမ် ဖြစ်လာပါလေရော်။ အဲဒီကနေ ပြန် ငြိမ်ကျသွားတယ်။

ကိုယ်တွေလည်း ဆင်းရတော့မယ်ဆိုပြီး ပြင်နေတုန်း တခု သတိထားမိလိုက်တာ။ ထိုင်ခုံက နွေးကနဲ့ ဖြစ်သွားတယ်ပေါ့။ ဒါနဲ့ ကိုယ် ဆင်းမဲ့ မှတ်တိုင်လည်းရောက်နေပြီ ဆိုတော့ အောက်ကို ဆင်းလိုက်တော့တာပေါ့။ အဲဒီမှာ ကိုယ့် ပုဆိုးမှိာု အကွက်ကြီးဖြစ်နေတယ်။ သေချာပြီ။ မောင်မင်းကြီးသား သေးပေါက်ချတာ ခုံကနေ ငါဆီကို စီးလာပြီး ငါ့ပုဆိုး သေးအကွက်ကြီး ဖြစ်သွားတာ။ အရမ်းကို ဒေသတွေထွက် စိတ်ကိုတိုသွားတာ။ အဲဒါနဲ့ သူငယ်ချင်း အိမ်ဝင်ရေချိုးပြီး ပုဆိုးတထည် လှဲလိုက်ရတယ်။
8261dd40f557bc76f9bf5d6637cc28b1.png

ဒေါသတွေထွက်လိုက်တာ အလုံးလိုက်ဘဲ။ တရားပွဲရောက်တော့ ဒီဒေါသအကြောင်း၊ နောက် ခွင့်လွှတ်ခြင်းအကြောင်း ဟောပါလေရော်။ ဘာမှတ်မိလဲဆိုတော့ 'ခွင့်လွှတ်တယ်ဆိုတာ သတိမရဘဲ။ လုံးဝ မေ့နေနိုင်အောင် ခွင့်လွှတ်ရမယ်တဲ့။'

ဟုတ်တယ်။ ကျွန်တော်တို့ လောကကြီးမှာ ခဏနေစဉ်အချိန်တွေမှာ တယောက်နဲ့ တယောက် အခမသင့်လို့ တယောက်ကို တယောက် မကြာခဏ အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်မှု့တွေရှိတယ်။ အဲ့လိုဖြစ်လာတဲ့အခါ တချို့က စိတ်ထဲမှမကြေမနက်နဲ့ မမြုံ့မြုံ့ခံစားပြီး မခွင့်လွှတ်နိုင်ဘဲ ဖြစ်နေတတ်တယ်။ တချို့ကျတော့လဲ ကိုယ့်အပေါ် ဘယ်လောက်ဘဲ ကျူးလွန် ထိခိုက်နေပါစေ အလွယ်တကူ ခွင့်လွှတ် နားလည်ပေးနိုင်တတ်ကြတယ်။ ခွင့်လွှတ်တယ် ဆိုတာ ကိုယ့်စိတ်ကို အေးငြိမ်း ချမ်းသာစေတယ်တို့တော့ မပြောလိုတော့ပါဘူး။ အခုအချိန်မှာ ကျွန်တော့ကိုယ်တိုင် အဲဒီလူ ဘယ်သူဆိုတာလဲ မသိဘူး။ ကိုယ့်အရှေ့ရောက်လာပြီး ငါကွလို့ ပြောနေပါစေ ကျွန်တော့ စိတ်ထဲဘယ်လိုမှ မနေတော့ပါဘူး။ ဘာမှ မခံစားရတော့ပါဘူး။ ခွင့်လွှတ်နိုင်တယ်ပေါ့။ ဒါပေမဲ့လည်း ကျွန်တော် အခုထိ ဒီအဖြစ်ကို တွေးမိ နေတတ်သေးတယ်။ အမှတ်ရနေသေးတယ်။ ကျွန်တော် သူ့ကို အပြည့်စုံဆုံး ခွင့်လွှတ်မနိုင်သေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီအဖြစ်ကို လုံးဝ မေ့နေအောင် မနေနိုင်သေးလို့ပေါ့။

Photo from Google

'သင်တခုခု ရသွားခြင်းက သင့်အရည်အချင်းဖြစ်ပြီး
ဘာမှ မရသွားပါက ကျွန်တော်နှင့် သက်ဆိုင်ပါသည်။'

ကျေးဇူးတင်စွာဖြင့် -

@HtunMinZaw (MSC 087)

Sort:  

For Give not for your self, you need to give away

Thanks.

ဘဝအကြောင်း သောင်းပြောင်းထွေလာလေးပေါ့
အဲ့ဒီလို စာပေလေးတွေကြတော့လည်း ဖတ်ရတာကောင်းနေပြန်ရောဗျာ

Steemit Platform ပေါ်မှာ ကိုယ်တိုင်ရေးထားပြီး တခုတ်တရ နဲ့ စောင့် ဖတ်နေရတဲ့ ဆောင်းပါးတွေ ထဲမှာ ကိုထွန်းမင်းဇော်ရဲ့ ဆောင်းပါးတွေ တခုအပါအဝင်ပါ။ အစ်ကို့ သူငယ်ချင်းတွေရှိရင်လည်း Myanmar Steemit အကြောင်းကို မျှဝေပေးလိုက်ပါအုံး။

ဟုတ်ကို henry ကျွန်တော်လည်း ရေးရင်းရေးရင်းနဲ့ပို ရေးချင်လာမိနေတယ်။ အချိန်နဲ့ ကွန်ပျူတာက သမီးနဲ့လုနေရတယ်။ ဒါကို တခါတခါ ပြန်သေချာမစစ်နိုင်တော့ သက်ပုံတို့ ဖတ်ရတာ အဆင်မပြေဖြစ်ဖြစသွားတတ်တယ်။ ကိုhenry ပြောသလို အစပိုင်းတင်တာကောင်းတယ်။ နောက် ကျသွားတယ် မဖြစ်အောင် သေချာလေး ရေးနေရတယ်။ ကျေးဇူးပါ။

fb ကို အစားထိုးချင်ခဲ့တာကြာပါပြီ။ steemit မှာ ဒီလိုpost မျိုးတွေ ဖတ်ရတော့ steemit သုံးရတာ ပိုပြီး ကျေနပ်ရပါတယ် Bro

ကောင်းတယ်အကိုရေ

နာကျင်စရာတွေကိုတော့ တတ်နိုင်သလောက်မေ့ထားပြီး ခွင့်လွှတ်နိုင်အောင်လည်းအမြဲကြိုးစားနေရပါတယ်ဗျာ စာလုံးပေါင်းလေးတွေကို စစ်ပြီး edit လုပ်ပေးရင် ပိုဖတ်လို့ကောင်းသွားမယ်ဗျ ကျေးဇူးတင်ပါတယ်

ဟုတ်ကျေးဇူးတင်ပါတယ်။ တခါတခါ တင်ချင်စောနဲ့ မစစ်လိုက်မိဘူးဖြစ်ဘူး ဖြစ်သွားတယ်။ ဂရုစိုက်ပါမယ်။

ခွင့်တော့လွှတ်ပါ ဒါပေမဲ့ မေ့ပစ်တာတော့ မဟုတ်ပါဘူး ဒေါသကိုတော့မေ့ပစ်ပါ မေတ္တာထားပါ ကိုယ့်ကို တစ်အားနစ်နာအောင်လုပ်သွား တာကို မေ့ပစ်ပြီး စပ်ဖြီးဖြီးနဲ့ နောက်တစ်ခါ ပြန်ခံဖို့ တော့ မဟုတ်လောက်ပါဘူး ပြန်စဉ်းစားရင်တောင် ခေဒါသစိတ်လေး နည်းနည်းမှ မဝင်မိအောင် ဒေါသကိုတော့ မေ့သင့်ပါရဲ့ ဒါပေမဲ့ ပုထုစဉ်ဘဲ ဒေါသတော့ ဘယ်ကင်းမတုန်းဗျာ

ခွင့်​လွှတ်​​ပေမယ့်​ အ​ကြောင်းတိုက်​ဆိုင်​ရင်​​တော့ သတိရတာ​ပေါ့ 😊

အားလုံးကိုခွင့်လွှတ်နိုင်ရင်တော့အကောင်းဆုံးပေါ့
ဒါပေမယ့်လည်းပုထုဇင်တွေမဟုတ်လား

ကောင်းပါတယ်ဗျာ မျှဝေပေးလို့ကျေးဇူးပါ