ကျွန်တော်နှင့် ကိုးလသားအရွယ် စတီးမစ်

ကိုးလကျော် ဆယ်လနီးပါးခန့် သက်တန်းရှိနေပြီဖြစ်သော မိမိ စတီးမစ်အကောင့်ကိုကြည့်ရင်း အတွေးတွေ နယ်ချဲ့နေမိသည်။ နွေမှသည်မိုး မိုးမှသည်ဆောင်း ဤသို့ ရာသီဥတုတွေ တစ်ခုပြီးတစ်ခု ကျော်လွန်လာသည်နှင့်အမျှ မိမိ စတီးမစ်အကောင့်၏ တန်ဖိုးသည်လည်း တဖြည်းဖြည်း တိုးတက်လာလေသည်။
ဤစတီမစ်အကောင့်နှင့်အတူ ဖြတ်ကျော်လာခဲ့သည့် ကိုးလတာ ကာလအတွင်း တွေ့ကြုံခဲ့ရသည်တွေက မနည်းမနောပင်။ စာဖြင့်ရေး၍ပင် ကုန်မည်မထင်။
စတီးမစ်ကို စလုပ်ခါစ စပထမပိုင်းမှာတော့ အခက်အခဲတွေ ရှိခဲ့တာပေါ့။ အဲ့ဒီတုန်းကအခုလို Steemit User Guide .pdfတွေဘာတွေလည်း မရှိသေးတော့ စမ်းတ၀ါးဝါးနဲ့လုပ်ရင်းကနေ စခဲ့ရတာပါ။ အဲ့ဒီတုန်းက steemit မှာစာရေးသားနေတဲ့ မြန်မာတွေဆိုတာလည်း လက်ချိုးရေလို့ရသည့် ပမာဏခန့်သာ ရှိပါသေးသည်။ အခုတော့ စတီးမစ် ဖလက်ဖောင်းပေါ်မှာ မြန်မာဘာသာနှင့် စာရေးသားနေသူတွေ လေးငါးရာခန့် ရှိပြီဟု ထင်ပါသည်။ ထိုစဉ်က postတစ်ခုမှာ voatလေးငါးခုလောက်ရရင်အတော်ကို ပျော်နေကြတာပေါ့။ အဲ့တုန်းက voatပေးသူလည်းနည်းတော့ postတစ်မှာမှ 0.01/0.02 လောက်သာရခဲ့တာပေါ့။ အဲ့ဒီလို $ပြားဂဏန်းမျှသာ ရတော့ STEEMITရဲ့ အသက်သွေးကြောဖြစ်တဲ့ Steem Power ရဖို့ဆိုတာ ပိုပြီးခက်ခဲတာပေါ့ဗျာ။ တစ်လလောက်နေလို့မှ 1spလောက်သာရခဲ့တာပါ။
ဒီအဖြစ်အပျက်တွေကတော့ Myanmar Steemit Community (MSC) နှင့် မဆုံစည်းခင် ကာလတွေကပေါ့ဗျာ......။
ဆက်ရန်.......

Author By Jhon
MSC-046
Photo By Google Image
Wonderful job by steemit platform
Yeah.
Good
Thank
အ၇ိပ်ကိုလိုနေပူကစောင့်ပေါ့ဗျာ:-)
ဒါပေါ့ဗျာ...။
အခုတော့ MSCကြောင့် ရေကန်အသင့်ကြာအသင့်ပေါ့ဗျာ
ဟုတ်
ရှေ့ရှောက် ရွှေရောင်ခင်းတဲ့လမ်းဘဲဖြစ်မှာပါဗျာ
အဲ့လိုပဲ မျှော်မှန်းထားပါတယ်။
အခုတော့ပန်းခင်းလမ်းကိုလျှောက်နေရပါပြီရှင်။
ပန်းခင်းလမ်းမလျှောက်ခင် ဆူးခင်းလမ်းတွေ အရင်လျှောက်ခဲ့ရသေးတယ် အမရေ....။
Now ,we're pleasured by MSC
Yeah
MSCကြောင့်ပန်းခင်းလမ်း လျှောက်လှမ်းနေရပါပြီ။
ဟုတ်ပါတယ် အမရေ...။
MSC ရဲ့ကျေးဇူးနဲ့ စမ်းတဝါးဝါးမဖြစ်ရတော့ဘူးပေါ့
ဟုတ်
အဲလိုအခြေနေကလာခဲ့ရတာပါ
ဟုတ်ပါတယ်အကို
အဲ့ဒီအချိန်တွေကအရမ်းကို ခက်ခဲခဲ့ပါတယ်။