တန်ဖိုး
လုပ်ငန်းတစ်ခု လုပ်ဆောင်ရာတွင် လူတိုင်း တန်ဖိုးရှိကြသည်ချည်းပင် ဖြစ်လေသည်..။ စီမံခန့်ခွဲတတ်သူ လိုအပ်သလို အောက်ခြေသိမ်း အလုပ်များလုပ်ဆောင်ရန် သန့်ရှင်းရေးဝန်ထမ်းလဲ လိုအပ်ပါပေသည်..။ လုပ်ငန်း အောင်မြင်မူ့ကြောင့် အထက်လူကြီးအား ချီးကျူးချိန်တွင် ၄င်းနှင်အတူ ပါဝင် လုပ်ကိုင်ကြသော အောက်ခြေဝန်ထမ်းများ၏ စွမ်းအား များလည်း ပါရှိပေ၏..။
ဟန်ချက်ညီညီ ဖြစ်နေရန် အရေးကြီးပေသည်..။ ခေါင်းဆောင်ကောင်းသော်လည်း နောက်လိုက်ကောင်းမှ အဆင်ပြေချောမွေ့မည် ဖြစ်သည်..။ နောက်လိုက်ကောင်းသော်လည်း ခေါင်းဆောင်နိုင်မူ့ အရည်မချင်းမရှိလျှင်လည်း အလကားပင်ဖြစ်သည်..။
စီမံခန့်ခွဲတတ်သူ တော်သကဲ့သို့ပင် ဌာနတွင်း ပြောင်လက်နေအောင် သန့်ရှင်းထားသော ဝန်ထမ်းလဲ တော်ပါပေသည်..။ မိမိအလုပ်ကို ပြီးမြောက်အောင်မြင် တာဝန်ကျေစွာ ဆောင်ရွက်ကြသူတိုင်း တန်ဖိုးရှိကြသည်ပင် ဖြစ်လေသည်..။
ဥပမာအနေနှင့် ကြည်တို့ အထည်ချုပ်တွင် လုပ်ငန်းတစ်ခု လုပ်ဆောင်ရာတွင် cutting မှ လိုအပ်သော အထည်ရရှိစေရန်၊ ချုပ်လုပ်နိုင်ရန် အထည်များကို လျင်မြန်စွာ ဖြတ်တောက်ပေးရန် လိုအပ်သကဲ့သို့ ၄င်းတို့မှ ရရှိသော အစ အလေအလွင့်များကို သန့်ရှင်းရေး လုပ်ပေးရသော ဝန်ထမ်းသည်လည်း အမှိုက်ထွက်သမျှ သန့်ရှင်းနေစေသည်..။
ရရှိလာသော အထည်များကို စက်တန်းတွင် ချုပ်စေခြင်းဖြင့် လိုအပ်သောအထည်ဖြစ်လာစေသည်..။ ၄င်းစက်တန်းတွင်လည်း သန့်ရှင်းရေး ဝင်ပေးသော ဝန်ထမ်းများလည်း ကြောင့် သန့်ရှင်းစွာချုပ်လုပ်နိုင်၏...။
ဆိုလိုရင်းမှာ လူတိုင်းတွင် သူ့တန်ဖိုးနှင့်သူ ရှိနေပါသည်..။ တချို့ သောသူများက သန့်ရှင်းရေးဝန်ထမ်း ဆိုလျှင်အထင်သေးချင်ကြသည်..။ သူတို့သာ သန့်ရှင်းရေးမလုပ်ပေးလျှင် သင်ကိုယ်တိုင်ဝင်လုပ်ကြမည်လား....။ အလားတူပင် နေပူကြီးတွင် ကတ္တရာများ အရည်ဖျော်၍ အလုပ်လုပ်နေ လမ်းပြင်ပေးနေသော လမ်းလုပ်သားများ ရှိနေသောကြောင့် ကျနုပ်တို့ လမ်းများ ကောင်းနေခြင်းဖြစ်သည်..။ လယ်သမားများ စိုက်ပျိုးပေးခြင်းကြောင့် သီးနှံများ စားသုံးကြရခြင်းပင်..။ စည်ပင်မှ အမှိုက်သိမ်းကားများဖြင့် အမှိုက်သိမ်းပေးသောကြောင့် ကျနုပ်တို့ အမှိုက်နံ့များ နံစော်မနေခြင်းဖြစ်သည်...။
မည်သည့်အလုပ်ကိုမဆို လုပ်ကိုင်ကြသူတိုင်း တာဝန်ကျေပွန်ကြပါက တန်ဖိုးရှိကြသည်ချည်း ဖြစ်ပေသည်..။ ကုမ္ပဏီ ဒါရိုက်တာသည် သူ့တာဝန် မကျေပွန်ပါက အထင်ကြီးစရာမရှိပါချေ..။ သန့်ရှင်းရေးဝန်ထမ်းသည် တာဝန်ကျေပွန်စွာ လုပ်ဆောင်ပြီးပါက တန်ဖိုးရှိနေမည်မှာ သေချာပေသည်..။ လုပ်ဆောင်ရသည့် အလုပ်များ တူချင်မှ တူပေလိမ့်မည်..။ မိမိ တာဝန်ကို ကျေပွန်စွာဆောင်ရွက်ကြခြင်းကပင် တန်ဖိုးဖြစ်ပေသည်..။
G3သည်လည်း ချမှတ်ထားသော စည်းကမ်းများ လိုက်နာသူသည် တန်ဖိုးရှိကြပြီး လိုက်နာမူ့ မရှိသူ လေးစားမူ့ မရှိသူများသည် တန်ဖိုး မရှိသူများပင် ဖြစ်သည်..။ မည်သူ့ကို ပြောနေသည် ဟု ထင်ပါသနည်း...။
သင် စည်းကမ်းရှိလျှင် ကျနုပ်အမြင်တွင် တန်ဖိုး ရှိနေမည်သာဖြစ်၍ စည်းကမ်းမရှိလျှင် တန်ဖိုးမဲ့နေမည်သာ ဖြစ်သည်..။ G3 member များနှင့်အတူ steemit မှ သူငယ်ချင်းများ အားလုံး တာဝန်ကျေသော၊ တာဝန်သိသော၊ တန်ဖိုးရှိသော သူများ ဖြစ်ကြစေကြောင်း ဆုမွန်ချွေလျှက် နိဂုံးချုပ်ပါ၏။

Author @kyi
Msc050
Photo by goggle


.jpeg)





.jpeg)
ပန်းတိုင်းအလှ ကိုယ်စီရှိကြသလို
လူတိုင်းလဲ အရည်အချင်း ကို ယ်စီရှိကြတာမို့
မတူတဲ့အရည်အချင်းတွေစုလိုက်ရင်
အရာရာတိုင်းအောင်မြင်တာပေါ့ဗျာ
Yes ဟုတေ မှန်တယ် လက်ခံပါတယ်😁
တန်ဖိုးသိပြီး တန်ဖိုးရှိအောင်နေတတ်ဖို့ မီးမောင်းထိုးပြထားတဲ့ အရမ်းကိုတန်ဖိုးရှိတဲ့ ပို့စ်လေးပါမမ
ဆြာ ချီးကျူးတော့ မမပျော်ပီလေ
မှန်ပါတယ်ကြည်ရေ။ အလွန်ကောင်းတဲ့ ပိုစ်လေးပါ။ တန်ဖိုးသည် သူ့နေရာနှင့်သူ ရှိနေကြပါတယ်ဗျာ။
ဟုတယ် ဆြာ တခါတခါကျရင် အထက်ကြီးသာ တော်တယ် ပြောနေကြတာ တကယ် လုပ်ငန်ပြီးမြောက်အောင်ကျ ကိုယ်တေက လုပ်နေရတာရယ်😁
စည်းကမ်းသည် လူ၏ တန်ဖိုး ..
စည်းကမ်းမြင့်မှ လူမျိုးတင့်မည် ..
ဆိုတာ သိပ်မှန်တာဘဲ ..
ဟုပါတယ် တီတီရေ
လူဆိုသည်မှာ သူ့တန်ဖိုးနဲ့သူရှိပြီးသားမို့ ကိုယ့်တန်ဖိုးကို ကိုယ်ကလေးစားမှတော်ရာကြမည်ထင်ပါတယ်မမ
ဟုတ်ပါတယ် မောင်လေးရယ် ကိုယ့်ကိုကိုယ် ဘယ်လိုဖြစ်စေချင်သလဲ ဖြစ်စေချင်သလို ရုပ်လုံးပေါ်လာမယ်😁
လူတိုင်းသူ့နေရာ၊သူ့တန်ဖိုးရှိကြတာပါ။'စည်းကမ်းသည်လူ၏တန်ဖိုး' တဲ့.....အရမ်းကောင်းတဲ့ပိုစ့်ပါ.....😊😊😊
စည်းကမ်း ရှိစေချင်တယ် ယွန်းရေ..G3 လေ့း အချိန်နဲ့သူ လာတင်ကြတော့ စိတ်ချမ်းသာရတာပေါ့😁
ကံဇာတ်ဆရာ အလိုကျ ကျရာနေရာမှာ အကောင်းဆုံး က တတ်ဖို့ လိုပါတယ်။ဟင်းတစ်မျိုးမှာ ဆီ က ဆီလိုကောင်းသလို ရေ က ရေလို ကောင်းမှ ဟင်းကောင်းတစ်ပွဲ ဖြစ်မှာပါ။
ဟုတ်ပါတယ် ဘက်စုံကောင်းမှ အားလုံး အောင်မြင်နိုင်မှာပါ😁
စည်းကမ်းသည်လူ့တန်ဖိုးပင်ဖြစ်သည် တဲ့ မကြည်ရေ
Yes လူတွေ အမျာကြီး အုပ်ချုပ်ရတဲ့အခါ စည်းကမ်းကြမှ အဆင်ပြေကြမှာပါ 😁
မှန်တယ်ကြည်ရေ...။ကိုယ့်တန်ဖိုးဆိုတာ..ရှိအောင်လဲ..ကိုယ်ဘဲ။မရှိအောင်လဲကိုယ်ဘဲနော်။
ဟုတ်ပါတယ် တီတီရေ မိမိဖြစ်စေချင်သလို ရုပ်လုံးပေါ်လာမှာပါ 😁
အော် တန်ဖိုး တန်ဖိုး
ဟု 😁😁ဘယ်လောက်ကျလဲဟမ်😁ဟိဟိ