Gathering အတွေ့အကြုံများ-1

in #myanmar8 years ago (edited)

61D257B9-1480-420B-A21D-B85BCC2D03BA.jpeg

အားလုံးသိကြသည့်အတိုင်းပင် ပြီးခဲ့သည့် August လဆန်းပိုင်း 4,5 ရက်တွင် ပုဂံညောင်ဦး(bagan)တွင်ကျင်းပပြုလုပ်သည့် MSC gathering သို့ ကျွန်တော်မောင်တိုးတက်တစ်ယောက် သွားရောက်တက်ရောက်ခဲ့သည်။ ကျွန်တော်မောင်တိုးတက်မှာ မကွေးမှ ပုဂံညောင်ဦးသို့ နေ့ကားစီးပြီး gathering သို့သွားရောက်တက်ရောက်ခဲ့ခြင်းဖြစ်သည်။

ထို့သို့ သွားရောက်တက်ရောက်ရသည်မှာ steemit ပေါ်တွင်သာ သိကျွမ်းရသည့် MSC မှ members များအား အပြင်တွင်မှာပါ ခင်ခင်မင်မင်ရင်းရင်းနှီးနှီး ရှိလိုခြင်း၊ မြင်တွေ့လိုခြင်း၊မိမိတို့၏ ပညာဗဟုသုတများ ရင်းနှီးမျှဝေလိုခြင်း၊ MSC မှ Leader,Admin team,group Sub-leader တို့၏ ဟောပြောမှုကို သိရှိနားထောင်လိုခြင်းတို့ကြောင့် မောင်တိုးတက် ပုဂံကို အရောက်ခရီးနှင်ခဲ့ခြင်းဖြစ်သည်။

46DCFF9F-1E99-41A9-BFFA-A635E33AD2B4.jpeg

ထို့ကြောင့် August 3 ရက်နေ့ နေ့ခင်းပိုင်းတွင်ပင် ညောင်ဦးကားဂိတ်သို့ရောက် ထိုမှ တဆင့် ဆိုင်ကယ်ကယ်ရီငှားခါ တစ်ခါမှမရောက်ဖူးသည့် ဝါးကျောင်းကို ရှာပုံတော်ဖွင့်ရတော့သည်။ ကံဆိုးချင်တော့ ကယ်ရီလိုက်ပို့သည့် ညီငယ်ကလေးမှာလည်း ဝါးကျောင်းအားမသိ ဗူးဘုရားကိုသာ သိသည်ဆိုခြင်းကြောင့် ဗူးဘုရားရောက်ရင်သာ ရပြီ ဟုဆိုကာ လိုက်ပို့ခိုင်းရသည်။

ဗူးဘုရားသို့ရောက်တော့ ဘုရားနားမှ ဈေးးဆိုင်လေးများ၊ကွမ်းယာဆိုင်လေးများကို တဆင့် တဆင့် မေးမြန်းကာ နောက်ဆုံးတွင် ဂိတ်ဝတွင် ငှက်ရုပ်ကြီးဖြင့်သင်္ကေတရှိသော ဝါးကျောင်းသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ခဲ့ပါတော့သည်။ ဝါးကျောင်းရောက်တော့ ကျောင်းကြီးကအကျယ်ကြီး မိမိတို့ MSC မှ members များ မည်သည့်နားတွင် တည်းခိုနေသည်မှန်းကို မသိသည်နှင့် ကိုသက်ဆီသို့ ဖုန်းခေါ်၍ အကူအညီလှမ်းတောင်းရသည်။

8799CD9E-8404-4740-BDC9-B8A7E9F31786.jpeg

ထိုမှ တည်းခိုရာ အဆောင်သို့ ဆိုက်ဆိုက်မြိုက်မြိုက်ဆိုက်ရောက်ပြီး အထုပ်အပိုးများချ တစ်ဦးတစ်ဦးမိတ်ဆက်စကားများပြောဆို သည်ဖြင့် ပြုလုပ်ပြီးနောက် ကိုသက်ဆီမှ MSC gathering အမှတ်တရအဖြစ် ထုတ်သည့် အင်္ကျီအားထုတ်ယူခဲ့သည်။ထို့နောက် တည်းခိုရာသို့ ထပ်မှန်ဝင်ရောက်လာသည့် members များကို နှုတ်ဆက်၊မိတ်ဆက်၊ ခရီးဦးကြိုဆိုမှုပြုခဲ့သည်။

written by @mgtoetat
photos by @mgtoetat
MSC-073
post on busy

Sort:  

ဓာတ်ဆရာညံ့ဖျင်းမှုကြောင့် အလွန်ခန့်ငြားလှသော ကျွန်ုပ်၏ ပုံရိပ်သည်ကား မှုံဝါးဝါးသာမြင်ရလေတော့သည်တကား။

ဟီး ကျနော့်လက်ရာပါ

ပြောပြတာကျေးဇူးပါကျမသိပ်ကိုသွားချင်တော့ပွဲပါအခြေအနေမပေးလို့မသွားလိုက်ရတာပါ

ဟုတ်ကဲ့

Your article is very good, my game is very fun. https://goo.gl/Dd9394

အဝေးပြေးမှာ မချပေးလို့ တော်သေးတာပေါ့ ကိုယ်တွေက ဆိုင်ကယ်စီးလိုက်ရတယ်

ကျနော်လဲ အပြန်စီးရပါ့ဗျာ

အယ် ဂိတ်ဝက ငှက်ရုပ်ကြီး မမြင်ခဲ့ရဘူးဗျာ

ဟုတ်ပဗျာ ဟီး 😁

နောက်ရက်အကြောင်းလေးတွေရော ထည့်မရေးတော့ဘူးလားဗျ

ထပ်လာမယ်ဗျ

သွားခဲ့တဲ့သူက ပြည့်ပြည့်စုံစုံလေးရေးပေးပါလားဗျာ။ကိုဟင်နရီဘာတွေပြေခဲ့လဲ။

ဟုတ်ကဲ့ ရေးပေးပါ့မယ်

ပျော်စရာ တွေ့ဆုံပွဲမှာ အမှတ်တရတွေအများကြီးရခဲ့ပါတယ်ဗျာ

ဟုတ်ပါတယ်

မသွားရတဲ့လူက​တော့ပုံ​တွေကြည့်​ရုံပဲ။

ဟုတ်ကဲ့ဗျ

အေးဗျာ ငှက်ကြီး ပုံမရိုက်ခဲ့ရဘူး

မရိုက်ခဲ့ရဘူး 😁