Whales တို့ ၏ Notification
Steemit ဆိုတဲ့ ပင်လယ်ကြီးက ကျယ်ပြောလှပါတယ်။ ဒီပင်လယ်ကြီးမှာ တကယ်ပဲ ကျင်လည်ကျက်စားဖို့ဆိုတာ ၊ သို့မဟုတ် ဒီ Steemit ကြီးနဲ့ ကြွယ်ဝချမ်းသာဖို့ ဒါမှမဟုတ် ဘဝရပ်တည်စားသောက်နိုင်ဖို့မလွယ်ကူလှပါဘူး။ ဒါကြောင့်ပဲ MSC Gathering ရက်က ကျွန်တော်က Steemit ဆိုတာဘဝမဟုတ်သေးဘူး။Steemit က ဘဝရပ်တည်နိုင်တဲ့ကိစ္စမျိုးမဟုတ်သေးဘူး။ အကယ်၍ Steemit ကိုမှီခိုပြီးထမင်းစားသောက်နေနိုင်ပြီဆိုရင်တော့ ဒီလိုပွဲမှာလူစုံတက်ရောက်လာကြမှာမလွဲဘူးပေါ့။ခုနေခါမှာ Steemit ကြီးကို အင်တိုက်အားတိုက်ပို့စ်တွေတင်ခဲ့ပြီး ခပ်လှမ်းလှမ်းထိပြန်ဆုတ်နေသူများဟာ Steem ဈေးအတက်အကျကြောင့်ဆိုတာထက် တကယ်တမ်းတော့ Steemit ပင်လယ်ကြီးရဲ့ကျယ်ပြောမှုထဲမှာ မကူးခပ်နိုင်တာပါဆိုရင်ပိုမှန်မှာပါ။
ဒီပင်လယ်ကြီးကို တကယ်တမ်းကျွမ်းကျွမ်းကျင်ကျင်ကူးခပ်ဖို့ရာမှာ အရေးအကြီးဆုံးက English စာဆိုတဲ့ စွမ်းအင် လိုအပ်ပါတယ်။ မြန်မာစာဆိုတဲ့ စွမ်းအင်လေးကတော့ မှိတ်တုတ်မှိတ်တုတ်လင်းရရှာတဲ့ ဖယောင်းတိုင်မီးလောက် ပဲရှိတာပါ။ English စာဆိုတာကလည်း ကျွန်တော်တို့လို ထော့ကျိုးထော့ကျိုး English စာဆိုတာမျိုးနဲ့ မရပါဘူး။ English စာ ကျွမ်းကျင်ပြီဆိုရင်တော့ အနည်းဆုံး အရည်အသွေးရှိတဲ့ ပို့စ်တွေမတင်နိုင်ဘူးဆိုရင်တောင်မှ ကွန့်မန့်ကောင်းလေးတွေ လိုက်ရေးပေးနေရင် သူတို့နှစ်သက်သဘောကျလို့ Vote ကြီးကြီးတစ်ချက်ပေး လိုက်တာနဲ့ 10$ လောက်ကအနည်းဆုံးရနိုင်တာပါ။ Steemhunt လိုနေရာမျိုးမှာတောင် မန့်တစ်ချက်ကို 0.6$ လောက်ကတန်းနေတာဆိုတော့ မန့်ဆယ်ခုလောက်ဆို 5 Steem လောက်ကအေးအေးဆေးဆေးပဲလေ။ ဒုတိယ အချက်ကတော့ ပေါင်းသင်းဆက်ဆံရေးပါ။ နိုင်ငံတကာက Steemit Userတွေနဲ့ ခင်မင်ရင်းနှီးနေဖို့၊ မိတ်ဆွေ သစ်တွေဖွဲ့နိုင်ဖို့၊ စုစည်းလှုပ်ရှားနိုင်ဖို့ ပေါင်းသင်းဆက်ဆံရေးဟာ အရေးပါတဲ့နေရာမှာရှိပါတယ်။ ဒီနေရာမှာလည်း နှစ်ယောက်တစ်ပိုင်းလောက်ပဲရှိတဲ့ မြန်မာတွေကိုတောင် ကျွန်တော်တို့က ခင်မင်ရင်းနှီးနေဖို့ ၊ မိတ်ဆွေ သစ်တွေ ဖွဲ့နိုင်ဖို့၊ စုစည်းလှုပ်ရှားနိုင်ဖို့ မစွမ်းဆောင်နိုင်သူတွေပါ။
Steemit မှာအောင်မြင်ဖို့ဆိုတာ Whales တွေကို စွဲဆောင်နိုင်ရမယ်တဲ့။ ဟုတ်ကဲ့ Whales မပြောနဲ့ ကိုယ့် Leader @kachinhenry ကိုတောင် ကိုယ့်ဆီလာလာပြီး Vote ပေးအောင်မစွမ်းဆောင်နိုင်ပါဘူး။ သူ့ကိုစွဲဆောင်နိုင် လောက်တဲ့ အရေးအသားမျိုးဘယ်လိုရေးရမယ်ဆိုတာလည်း မသိသေးပါဘူး။ အတတ်နိုင်ဆုံးတော့ကြိုးစား နေတာပေါ့လေ။ တစ်ခါတစ်ခါကျတော့လည်း အားငယ်မိပါရဲ့။ English စာမတတ်တာကိုသာပြောနေရတာ Steemit ကြီးတစ်ခုလုံးမြန်မာစာဗားရှင်းပြောင်းလိုက်ပြီဆိုရင်တောင် Myanmar Whales တွေကို ကိုယ့်အရည် အချင်းနဲ့ စွဲဆောင်နိုင်ပါ့မလားဆိုတာမသေချာလှပါဘူး။ ဟိုးအစပထမ တုန်းက Leader @kachinhenry ရဲ့ မန့် Notification လေးဖြစ်ဖြစ် ၊Vote Notification လေးဖြစ်ဖြစ်တက်လာခဲ့ရင် အားတက်ခဲ့ရတာပါ။ နောက်ပိုင်းကျ တော့ လူတွေရာနဲ့ချီပြီးဝင်လာတော့ မမျှော်လင့်တော့ပါဘူး။ ရွေးချယ်စရာအများကြီးဆိုတော့ ကိုယ်ထက် စွဲဆောင်နိုင်တဲ့သူတွေဆီသွားရမှာပေါ့။ဒါကဓမ္မတာပဲလေ။ဖြစ်သင့်ပါတယ်။
ဘာပဲဖြစ်ဖြစ် မြန်မာစာဗားရှင်းဆိုတာလည်း ဖြစ်လာနိုင်စရာအကြောင်းမရှိလေတော့ English Version မှာပဲ နိုင်ငံခြားသား Whales တွေကို ခင်မင်ရင်းနှီးဖို့က English စာကမဖြစ်မနေလုပ်ရပါတော့မယ်။ English စာ မလုပ်လိုပဲ ပေါင်းသင်းဆက်ဆံရေးဒုတိယအဆင့်ကိုမရောက်နိုင်ပါဘူး။ ဒီနှစ်ခု မလုပ်ပဲလည်း Steemit မှာကြာ ရှည်ရပ်တည်ဖို့မလွယ်ကူပါဘူး။ ဒီခရီးကိုဒီလိုလေးပဲ မလုပ်၊မရှုပ်၊မပြုတ်စတိုင်လေးနဲ့သွားနေရင်တော့ တစ်နေ့မှာ အောင်မြင်တဲ့အဆင့်မရောက်ပေမယ့်။နည်းနည်းပါးပါး ထုတ်စားလို့ရမှာပါ။ ရည်မှန်းချက်အကြီးကြီးထားရင် အကြီးကြီးရနိုင်ပြီး သေးသေးလေးထားရင်လည်းသေးသေးလေးရနိုင်သေးတဲ့ Steemit ပါနော်။
မင်းစိုးနိုင်
MSC-010

Upvoted Done!
Thank You @minsoenaing
kryptonia id @michealclauri
please check carefully in kryptonia
Sponsored Advertise!
Upvote Bidbot
How to Subscribe?
its Very Simple goto Wallet

Transfer 0.40 Steem or SBD to @marcocasario
Type in Memo '' Monthly Subscribtion Refer @michealclauri ''
If Subscribe By My refer You Will get return Upto 100%
@banjo @cleverbot @automation
Are you a boy or a girl?
lmao
What's myanmar? Is that some sort of kung-foo class?
You like Green Eggs and Ham.
Do you know Myanmar Nation?
Posted using Partiko Android
You are a dog.
I had hoped you'd see my face, and that you'd be reminded that for me it isn't over.
Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq
ဦးမင်းကို အားပေးပါတယ် ရေးအားကို ချီးကျူးပါတယ်
Posted using Partiko Android
ကျေးဇူးပါကိုစောရေ ၊ကိုစောတို့အင်္ဂလိပ်စာကောင်းတဲ့သူတွေကိုကျွန်တေါ်တို့ကအားကိုးရမှာပါ
Posted using Partiko Android
ဦးမင်းရေးသားချက်ဖတ်ရတာနဲ့
ကျဉ်ပွေ့အတတ်ပေါက်ချင်မိပါတယ်
မှန်တယ်ဗျာ အင်္ဂလိပ်စာကျွမ်းကျင်သူကသာသွားမယ်
English စာကို steemit မှာလေ့ကျင်ကွင်းလိုသဘောထားပြီး ရေးသွားဖတ်သွားရင်တိုးတက်လာမယ်ထင်တယ်
Posted using Partiko Android
ကျမ steemမှာ စာစရေးတုန်းရဲ့ ကိုဟင်ရဲ့ voteရဖူးတယ် တော်တော့်ပျော်ခဲ့ဖူးတယ်
Posted using Partiko Android
Fighting ကိုဟင် vote ရဖို့အရေး ကြိုးစားကြတာပေါ့
Posted using Partiko Android
English လိုရေးနိုင်ဘို့ကြိုးစားလေ့ကျင့်နေပါတယ် ။သင်တန်းကလည်း speakingကိုဦးစားပေးသင်နေတော့ အချိန်စောင့်ရဦးမယ်။ဦးမင်းတို့ ကိုစောတို့လို e post များကို ကျွမ်းကျွမ်းကျင်ကျင်ဖတ်တတ်ချင်လို့ လေ့လာနေပါတယ်ဦးရေ။နည်းနည်းပါးပါးတော့ လိုက်မန့်ဖြစ်တယ်။
ကောင်းတယ်၊steemit ကိုလေ့ကျင့်ကွင်းလိုသဘောထားလိုက်၊မှားမှာ မကြောက်နဲ့ရေးသားရေး ဘယ်သူမှဘာမှလာမပြောဘူး။ကိုယ့်ဘာ သာပြန်ပြန်ဖတ်ပြီးမှားရင်ပြင်သွား တိုးတက်လာလိမ့်မယ်
Posted using Partiko Android
နောက်ဆုံးစာကြောင်းသဘောကျပါတယ်...ရည်မှန်းချက်အကြီးကြီးထားရင်အကြီးကြီးရပြီး၊သေးသေးထားရင်သေးသေးရမယ်ဆိုတာလေ....
Posted using Partiko Android
လက်ခံဖို့လိုတာပဲလေ
အင်္ဂလိပ် အုပ်ချုပ်တဲ့ခေတ်က အင်္ဂလိပ်စာကျွမ်းကျင်သူပေါတယ်
မြန်မာမျိုးချစ်တွေအုပ်ချုပ်လာပီး ၅ တန်းရောက်မှ အင်္ဂလိပ်စာABC သင်ရမယ် တိုင်းတပါးစာအရေးမကြီးဘူး ဆိုပြီး စီးပွားရေးတံခါးပိတ်လုပ်လိုက်တာ ခွက်ခွက်လမ် သွားတာပါ့ အင်္ဂလိပ်ခေတ်က အလယ်
တန်းအောင်ရင်တောင် အင်္ဂလိပ်စာကျွမ်းကျင်နေပြီ အခုကတော့ဘာမှသုံးမရ။
ကိုရှိုင်းကအများကြီးငယ်သေးတယ်၊ လေ့လာချိန်အများကြီးပါ၊လုပပြယ်လို့ဆန္ဒရှိရင်ရပါပြီ
Posted using Partiko Android
အဲဒီ အင်းဂိတ်စာ အကြောင်းမပြောရင် ရဖူးလား ဟင် အင်းဂိတ်ကို အတော်စိတ်နာနေဘီ ☺
မပြောလို့မရပု ရေရှည်တိုက်ပွဲမှာ ဉာဏ်မာလက်နက်က မဇွမ်းမာဇိုးလို့
Posted using Partiko Android
ဦးမင်းက ရှေ့ကနေ ညည်းပြနေပြန်ပါပြီ သူ့အားကိုးနေရပါတယ်ဆို😁
Posted using Partiko Android
ညည်းတာမဟုတ်ပါဘူး၊အော်တာပါ။ ဟီးဟီး။
Posted using Partiko Android