သုံးတတ်လျှင်ဆေး မသုံးတက်လျှင်ဘေး(အပိုင်း ၁၁)
2018 water festival plan

၂၀၁၈ သင်္ကြန်ပိတ်ရက်ဟာဆိုရင်ဖြင့် ၅ရက်ဖြင့် သာဖြတ်သန်းခဲ့ရတယ်။
အရင်က ၁၀ရက်နီးပါး ပိတ်သော်လည်း ယခုနှစ်မှာ ၅ရက်သာဖြစ်သောကြောင့် အစီစဉ်တွေလဲဖြတ်ခဲ့ရတာတွေများတယ်။
သင်္ကြန်မကျခင် တစ်လလောက်အလိုထဲက ခရီးစဉ်တွေကို သူငယ်ချင်းတွေ group လေးဖွဲ့ပြီးဆွေးနွေးဖြစ်တယ် ။
Group ထဲမှာ လူတွေက များတော့ သိတဲ့အတိုင်းဘဲ တစ်ယောက်တစ်ပေါက်စီနဲ့ မသွားချင်တဲ့လူမရှိ သွားမယ်ဆိုတာကြီးဘဲ။
နေ့တိုင်းပြောဖြစ်တယ် ခရီးစဉ်အကြောင်းလေးတွေ သွားချင်တဲ့နေရာတွေကလဲစုံလို့ ဘယ်သွားလို့ သွားရမှန်းတောင် မသိတော့ မဲများတဲ့ဘက်ကို ရွေးဖို့ဆုံးဖြတ်လိုက်တယ်။ 
ဘယ်နေရာသွားသွား လိုက်မဲ့လူက
ကိုယ်အပါအဝင် ၃ယောက်က ပင်တိုင်စံ လေ။
ဘယ်သွားသွားရတယ် လိုက်မယ်ဆိုတာကြီးဘဲ။shopping ထွက်ပြီး ခရီးစဉ်တွေအတွက် ဝယ်ကြမယ်ပေါ့ လူစုပြီး ခရီးမထွက်ခင် ဝယ်ကြရအောင်ဆိုတော့ အားလုံးက ငြင်းသူမရှိ ok ဆိုပြေ ပြန်ရော။
အဲ့လိုနဲ့ဆွေးနွေးလာတာ ၃လပိုင်းကုန်တဲ့နေ့ရောက်လာခဲ့ပြီ။ group ထဲမှာ စကားသံတွေငြိမ်သက်ကုန်ပြီ။ ကျွန်မက ပြောလိုက်ပါသည် ။ ကဲ သူငယ်ချင်းတို့ရေ ခရီးသွားကားတွေက ဘိုကင်လုပ်မှရတော့မယ် စာရင်းအတိကျပြောကြတော့ ဘယ်နှစ်ယောက်လဲပြောကြတော့ဆိုတော့ ။ ဘယ်ကားနဲ့သွားမှာလဲ ။ဈေးက ဘယ်လောက်လဲ ။ဘယ်နှစ်ရက်လဲ။
သင်္ကြန်တွင်းလား နဲ့အသံတွေထွက်လာပြီ။
အရင်က မရှိတဲ့ plan တွေလဲ ပေါ်လာပြိီ။ သင်္ကြန်တွင်းဆို မသွားချင်တဲ့လူလဲပေါ်လာသလို ဈေးကြီးလို့ မသွားချင်တဲ့လူနဲ့
ပိုက်ဆံမရှိလို့ မသွားချင်တဲ့လူနဲ့ အကုန်ကျများလို့ ချွေတာချင်တဲ့လူနဲ့ပေါ်လာလိုက်တာ
ရှိတဲ့လူလဲကုန်ပြီ။ နောက်ဆုံးကျွန်မနဲ့သူငယ်ချင်းနှစ်ယောက်သာကျန်ခဲ့တော့သည်။
သိလိုက်ပါသည် ။ ထိုအဖွဲ့သားများနဲ့ခရီးစဉ်မှာ ဘယ်လိုမှဖြစ်မြောက်လာနိုင်ဖွယ်မရှိကြောင်းသိလိုက်ရပြီ။
သူငယ်ချင်းတစ်ယောက်က လာပြောသည်။
ဘယ်လိုလုပ်မလဲတဲ့ မေးတော့ ။ကျွန်မကပြောလိုက်ပါသည်။ ငါတော့တော်တော်စိတ်ကုန်သွားပြီ။ သူကလဲဟုတ်တယ်တဲ့ ။ လူမစုံရင်ပျော်စရာမကောင်းနိုင်တာနဲ့ သူငယ်ချင်းနှစ်ယောက်တိုင်ပင်ပြီး အစီစဉ်ဖြတ်သိမ်းကြောင်း group တွင် ကြေညာလိုက်သည်။
အဲ့ချိန်တွင် group ထဲတွင်ကြားလိုက်ရသည်မှာ ကိုယ့်တွေ အပြစ်တောင် ပြောနေကြသေးတယ် ။ ကိုယ်ကဘဲ စဖြတ်သလိုမျိုးကြီး။
စကားဆိုတာ လွယ်လွယ်မပြောသင့်ပါဘူး ။
ဘယ်အရာမဆို ကိုယ့်ဘက်က အဆင်ပြေခြင်း
မပြေခြင်းဆိုတာ ရှိပါတယ် ။ ကိုယ်မတွက်မဖြစ်နိုင်တဲ့အရာတစ်ခုကို ရပါတယ် လုပ်လို့မရပါဘူး။
ကျွန်မတို့ group ထဲမှာဆွေးနွေးချိန်ထဲက မသွားနိုင်တဲ့လူ မသွားချင်တဲ့လူ စိတ်မပါတဲ့လူတွေအစ ထဲက ဘေးဖယ်နေခဲ့မယ်ဆိုရင် ရှိတဲ့လူနဲ့ခရီးစဉ်ဖြစ်ခဲ့မှာပါ။
အခုတော့ အချိန်ကုန်တယ် စိတ်ပင်ပန်းတယ် ဖုန်းဘေကုန်တယ် အကျိုးမရှိပါဘဲနဲ့ ကုန်ဆုံးခဲ့ရတယ် ။ အရင်ဆုံးစဉ်းစားမဆုံးဖြတ်ဘဲ
သူများ အိုကေ ကိုယ် လိုက်အိုကေ နေလို့တော့မရပါဘူး။
အခုချိန်မှာတော့ ကုန်ခဲ့တဲ့အချိန်တွေ
ဖုန်းဘေပိုက်ဆံတွေအတွက်နှမြောနေမိတော့တယ်။
ဘယ်အရာမှ ကိုယ့်သဘောထားလိုမဟုတ်ဘူးဆိုတာလဲသိလာခဲ့တယ် ။
ထို့ကြောင့် မယုံကြည်ရသော သူများတွေနှင့် အချိန်ကုန် ဖုန်းဘေကုန် စိတ်ပင်ပန်းသော အကျိုးမရှိသော အလုပ်များကို စိတ်ကုန်သွားပါသည် ။ ဒါကြောင့် သုံးတတ်လျှင်ဆေး မသုံးတတ်လျှင် ဘေး ဆိုသလို မလိုအပ်သည်များကို လျော့ချ၍ တကယ်လုပ်ရန်လိုအပ်သည်များကိုသာ အစားထိုး ပြီး လုပ်ဆောင် နိုင်ပါစေကြောင်း ရည်ရွယ်၍ ရေးသားတင်ဆက်လိုက်ပါသည်။
Thanks for steemit member all my fri
Own feel writing
Photo credit by facebook image
MSC-233
@nwenwe
ကျနော်တို့တော့ဒီနှစ်သင်္ကြန် ရေလုံးဝ(လုံးဝ)ကိုမစိုခဲ့ဘူးဗျာ သမီးလေးက မျက်စိအောက်က အပျောက်မခံလို့
ဟုတ်လား
Hey guys got some exclusive news i just won 3 ETH. Their is an 5000 ETH Giveaway going on. if you want to participate than visit their site for giveaway at: http://eth-giveaway.live
သင်္ကြန်တွင်းမှာ အိမ်တွင်းပုန်း လုပ်လိုက်ရတယ်ဆိုပါတော့
next post တွင် ဆက်ပါမည်
လူအကြောင်းပေါင်းကြည့်မှသိတဲ့
မှန်တယ် ဆရာ
ဒါဆိုအစီစဉ်မအောင်မြင်လိုက်ဘူးပေါ့...
သင်္ကြန်တော့လည်လိုက်ရတယ် Next post တွင် ဆက်လက်ရေးသားပါမည်
ညီမက ပြုံးကြီးနဲ့ ရုံချင်းတူလို့ ထင်တယ်။တစ် ခြားဟာ ရေးပါဦး။
ရေရှည်ရေးရမှာမို့ သည်းခံပါ နော်
ကောင်းပါ၏
Thanks
ဒါဆို သင်္ကြန်တွင်း ဘာမှလုပ်လိုက်ရဘူးပေါ့။
ကံကောင်းလို့ လည်လိုက်ရတယ်
မမ fb မှာ ခရီးသွားရန် တိုသ်ပင်စဉ်က လူတေအမျာကြီး တလအလို တဝက် တပတ်အလို ဆယ်ယောက် တရက်အလိုမှာ ကိုယ်တျောက်ထဲ ကျန်တာ အာ့ပုံ သတိရမိတယ် ညီမ 😁😁

ဟုတ်တယ် အဲ့တိုင်းဘဲ
တစ်ကယ်ဖြစ်ချင် တစ်ကယ်လုပ်ရမှာပဲလေ နော့😅
ဟုတ်တယ် မလုပ်နိုင်ရင် အစောထဲက မစသင့်ဘူးနော်