Clear your mind with meditation..

in #myanmar8 years ago (edited)

ကျနော်တို့လူသားတိုင်း မွေးဖွားလာတည်းက နေ့စွဲတပ်မထားတဲ့သေတမ်းစာဆိုတာ တခါတည်းပါလာခဲ့ပြီးသားပါ။ ဘယ်လောက်ကောင်းတဲ့ကံတရားနဲ့ပဲမွေးဖွားလာပါစေ အိုမင်းခြင်း နာမကျန်းဖြစ်ခြင်း နဲ့ သေခြင်းတရားဆိုတာတွေကိုတော့ ရှောင်လွှဲလို့မရကြပါဖူး။

ကျနော်တို့ တနေ့သေဆုံးသွားကြမယ့်အခါ အနားမှာရှိကြတဲ့မိသားစုဝင်တွေ ချစ်သူခင်သူတွေကလည်းအိမ်မှာတော့ထားမှာမဟုတ်ပါဖူး။ ထမ်းထုတ်သွားကြမှာပါပဲ။
သေဆုံးသွားကြတဲ့သူတွေတိုင်းဟာ သူတို့သေမယ်လို့မထင်မှတ်ထားကြပဲသေဆုံးသွားကြရတဲ့ သူတွေချည်းပါပဲ။ဒါကြောင့်ကျနော်တို့လည်း ကြိုတင်ပြင်ဆင်နိုင်ကြတာလေးတွေကိုအသင့်ပြင်ထားကြဖို့လိုပါမယ်။

ကျနော်တို့နေ့စဉ်ဖြတ်သန်းနေကြတဲ့ဘ၀ထဲမှာ လူအမျိုးမျိုးစိတ်အထွေထွေရှိကြပေမယ့် ကုသိုလ်နဲ့ဖြတ်သန်းတဲ့လူ ၊ အကုသိုလ်နဲ့ဖြတ်သန်းတဲ့သူ နဲ့ ကုသိုလ် အကုသိုလ် တလှည့်စီနဲ့ဖြတ်သန်းတဲ့သူတွေဆိုတာကို မျက်နှာကိုကြည့်ပြီးအကြမ်းအားဖြင့်ခွဲခြားသိနိုင်ကြပါတယ်။

ကုသိုလ်နဲ့ဖြတ်သန်းနေသူ စိတ်နှလုံးအေးချမ်းနေတဲ့သူရဲ့ မျက်နှာမှာ အအေးဓါတ်က ကိန်းအောင်းနေတာမို့ အေးတဲ့မျက်နှာကိုရရှိပိုင်ဆိုင်ထားမှာပါ။ မျက်နှာမြင်လိုက်တာနဲ့ကို စိတ်ထဲမှာအေးသွားတယ်။ သူ့အနားနေနေရင်ပဲ အပူကင်းနေတယ် ဆိုတာ သူ့ရဲ့အအေးဓါတ်ကိုကူးစက်နေစေတာပါ။

တစ်ချို့ကျတော့မျက်နှာမြင်လိုက်တာနဲ့အပူဓါတ်ကထင်ရှားပေါ်လွင်နေပါတယ်။ မြင်ရတဲ့သူရင်ထဲမှာပါချက်ချင်းပူလောင်သွားအောင်ကိုကူးစက်နိုင်ပါတယ်။ ဒါကတော့ အကုသိုလ်တွေများပြီး သူ့စိတ်နှလုံးသားမှာ ပူလောင်မှုတွေနဲ့ပြည့်နေတဲ့သူပါပဲ။ အပေါ်ယံအမူအယာကောင်းကောင်းတွေ စကားလုံးလှလှလေးတွေနဲ့ဘယ်လိုပဲတန်ဆာဆင်ထားပေမယ့် ရင်ထဲကအကုသိုလ် အပူဓါတ်ကြောင့်ပဲသူ့မျက်နှာမှာကြည်လင်မှုကိုရှာတွေ့နိုင်မှာမဟုတ်ပါဖူး။

တစ်ချို့ကျတော့လည်း ကုသိုလ်တလှည့် အကုသိုလ်တလှည့်နဲ့ အပူစိတ်ဖြစ်လိုက် အအေးစိတ်ဖြစ်လိုက်မို့ အခန့်သင့်ရင်လူချစ်လူခင်များပြီး အခန့်မသင့်တာနဲ့ကြုံတဲ့အခါလည်းလူမုန်းများတတ်ကြတဲ့ သူမျိုးတွေပါ။
ကျနော်လည်းဒီအုပ်စုထဲပါဝင်နေတဲ့သူပါ။ ကိုယ့်နှလုံးသားထဲ အအေးဓါတ်ကိန်းအောင်းနေသလား အပူဓါတ်ကိန်းအောင်နေသလားဆိုတာ ကိုယ်တိုင်သာခံစားသိရှိနိုင်ဆုံးပါ။ လူအတော်များများကတော့ အပူတလှည့် အအေးတလှည့်နဲ့ဖြတ်သန်းနေကြမှာပါပဲ။ အေးတဲ့အချိန်လေးပိုများနေဖို့တော့လိုပါတယ်။

စိတ်လေးအေးနေချင်ရင်တော့ ကိုယ်နှစ်သက်ရာဂုဏ်တော်တစ်ခုခုဖြစ်စေ ကမ္မဋ္ဌာန်းတစ်ခုခုဖြစ်စေပွါးများနေလို့ရပါတယ်။ ခက်ခက်ခဲခဲမဟုတ်ပဲ နမောတသဖြစ်စေ သရဏဂုံဖြစ်စေ လည်း အမြဲပွါးများနေလို့ရပါတယ်။ ပူတဲ့စိတ်တွေဖြစ်လာလိုက် ဂုဏ်တော်ပွါးလိုက်နဲ့နေသားကျလာတဲ့အခါ ကိုယ့်မျက်နှာကအပူဓါတ်တွေလည်း တဖြည်းဖြည်းလျော့ကျလာပါလိမ့်မယ်။

Flower-wallpaper-11072590.jpg

ကျနော်ကတော့ စိတ်ထဲပူလောင်မှုတွေဝင်လာရင် အချိန်လေးယူပြီးတရားထိုင်ဖြစ်ပါတယ်။ တကယ်သာစိတ်နှလုံးအေးချမ်းလာပြီဆိုရင် နေရထိုင်ရတာ အရမ်းကိုသက်တောင့်သက်သာရှိပြီး ပေါ့ပါးလာပါတယ်။ အရာတော်တော်များများကိုလည်း အေးအေးချမ်းချမ်းရင်ဆိုင်ဖြတ်သန်းလာနိုင်ပါတယ်။
နောက်ဆုံးကျနော်တို့နဲ့အတူတွဲလျက်ပါလာတဲ့ သေတမ်းစာလေးမှာ ကွက်လပ်ဖြစ်နေတဲ့ရက်စွဲနေရာလေးရောက်မလာခင်မှာ သေခြင်းတရားကိုလည်း အေးချမ်းတဲ့စိတ်နှလုံးနဲ့ရင်ဆိုင်နိုင်အောင် ခုတည်းကကြိုတင်လေ့ကျင့်သွားကြရင်းတန်ဖိုးရှိတဲ့ဘ၀တွေကိုဖြတ်သန်းနိုင်ကြပါစေခဗျာ...

@paingphyothu
MSC-201

BeautyPlus_20180111214038_save.jpg

Sort:  

thank you ပါဗျာ

စိတ်တည်ငြိမ်မှ အရာရာလုပ်ဆောင်အောင်မြင်နိုင်မှာပါ . . meditation ဟာအလွန်အရေးကြီးပါတယ် . . အရမ်းကောင်းတဲ့ ပို့စ်လေးပါဗျ

ဟုတ်ပါတယ်။ ဖတ်ပြီးအားပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဗျာ

စာတွေက fontမမှန်တော့ ဖတ်မရ့ cm့ voteတော့ ပေးခဲ့ပါတယ်

အဲ.... ဖတ်လို့ရရင်တော့ပိုကောင်းမှာပဲဗျာ 😊

အရေးအသားကောင်းတယ်ဗျာ။အားကျတယ်

ကျနော်လည်းစာရေးကျွမ်းကျင်တဲ့သူမဟုတ်ပါဖူး bro ရေ။ ဒီလိုပဲကြိုးစားရေးကြည့်နေတုန်းပါခဗျာ။

တရားထိုင်တဲ့ အကျင့်ကကောင်းပါတယ်။

ဟုတ်ပါတယ်။ အချိန်လေးယူပြီးတရားထိုင်တဲ့အကျင့်လေးလုပ်ပေးနိုင်ရင်အကောင်းဆုံးပါဗျာ။

တရားထိုင်တာကောင်းသောအလေ့အကျင့်တစ်ခုပါ။

ဟုတ်ပါတယ်ဗျ။ ပုံမှန်လေးလုပ်ပေးနိုင်ရင်အကောင်းဆုံးပါ။

တန်ဖိုးရှိတဲ့ post လေးပါ

အားပေးလို့ ကျေးဇူးတင်ပါတယ်ခဗျာ

ဟုတ်ကဲ့ပါ broရေ တရားတော့ မထိုင်ဖြစ်သေးဘူး တချို့သံဃာတွေဆို ကြည်ညိုလို့ကို မဝဘူး ကြည်လင်ရွှင်ပြနေတာပဲ

သီလ သမာဓိနဲ့ ပြည့်စုံတဲ့ သံဃာတော်တွေပေါ့ဗျာ

ခဏတာ သမာဓိရတာ​တောင်​ဘယ်​​လောက်​ငြမ်း​အေးလည်းဆိုတာ ထိုင်​ဖူးတဲ့သူ​တွေသိကြပါတယ်​။တတ်​နိုင်​သ​လောက်​လုပ်​ကြ​စေချင်​ပါတယ်​။

ကိုယ်တွေ့ပါဗျာ