စည်းလုံးခြင်း
စည်းလုံးခြင်း ဟူသည် အင်အားဆိုသော စကားကို လူတိုင်းကြားဖူးပြီးသားဖြစ်မှာပါ။ စည်းလုံးခြင်း ဟာ နေရာတိုင်း နေရာတိုင်းမှာ အရေးပါပြီး အိမ်ထောင်စုတစ်စုဟာလည်း စည်းလုံးမှုမရှိရင် ရေရှည်မှာမတည်မြဲပါဘူး။အားလုံးဖရိုဖရဲ တကွဲတပြားစီ အိမ်ထောင်မတည်မြဲတတ်ပါဘူး။ နောက်ပြီးဒီထက်ကြီးတဲ့ ဥပမာအနေနဲ့ တိုင်းပြည်တစ်ပြည်မှာ အားလုံး တိုင်းရင်းသားတို့ စည်းလုံးမှုမရှိရင်
ပြင်ပရန်သူတွေက အလွယ်တကူ ဝင်လာနိုင်ပါတယ်။ဒါကြောင့် ကျနော်တို့တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်မှုရှိဖို့ လိုအပ်ပါတယ်။
ကျနော်တို့ msc အဖွဲ့အစည်းကြီးဟာလည်း အားလုံးရဲ့ တက်ညီလက်ညီ ညီအစ်ကို မောင်နှမ လို စည်းလုံးမှုမျိုးနဲ့ အခက်အခဲတွေကို အခါခါအလီလီ ကျော်ဖြတ်လာရင်းနဲ့ လမ်းခရီးအဆုံးပန်းတိုင်ဆို တဲ့ အောင်မြင်ခြင်းကို ရောက်ရှိစေဖို့ ရရှိဖို့ လက်တကမ်းမှာဘဲ့ လိုပါပြီ။ ဒါကြောင့် ကျနော်တို့တစ်တွေဟာ အချင်းချင်းလက်ချင်းယှဉ်ပြီး အောင်မြင်မှုဆိုတဲ့ ပန်းတိုင်ဆီကို အားလုံးတက်ညီလက်ညီ ချီတက်ကြပါစို့။
ကျနော်တို့ ဒီလမ်းခရီးတစ်လျှောက်မှာ နောက်ကလိုက်နိုင်သူတွေလည်းရှိသလို လမ်းတစ်ပိုင်း တစ်ဝက်တစ်ပြက်နဲ့ ပြတ်ကျန်ခဲ့သူတွေရှိသလို ဒီလမ်းကနေ ခွဲထွက်သွားသူတွေလည်း အများကြီးရှိပါတယ်။ ပိုစ့်တွေကို အပတ်စဉ် ကိုယ်ပိုင်ရေးပြီး တင်ကြရသလို စည်းကမ်းမလိုက်နာနိုင်သူတွေ အချိန်မအားလပ်သူတွေရှိကြပြီး အားထုတ်မှုချင်း ကွပြားကြပါတယ်။ ဒီအားထုတ်မှုရဲ့ ဤအသီးအပွင့်ကိုတော့ နောင်တချိန်မှာ ခံစား စံစားကြရမှာဖြစ်ပါတယ်။ ဒါကြောင့်ကျနော်အပါအဝင် ညီအစ်ကိုအားလုံး ဝိုင်းဝန်းကြိုးစားကြပါစို့။
ကျနော်မှာလည်း အရင်မပတ်ကပိုစ့်မ တင်ဖြစ်လိုက်ဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော်မှာ ကျောင်းစာမေးပွဲကလည်း နီးနေလို့ စာလုပ်နေရတာနဲ့ဘဲ့ ဒီဘက်ကိုလှည့်မကြည့်ဖြစ်ဘူး။ ဒီဖက်မှာလည်း စာလည်းရေးချင်နဲ့ စာကလည်း နောက်ဆုံးနှစ်ဆိုတော့ မလုပ်လို့မဖြစ်ဘူးလေ။ အပတ်စဉ် အလှည့်ကျလာလို့ ဘာရေးရင်ကောင်းမလဲ စဉ်းစားလိုက်တော့ ခေါင်းကိုမူးသွားတာဘဲ့။
ကျနော်ကလည်း အရာရာတိုင်းကို perfectဖြစ်ချင်နေတော့ ကိုယ်ရေးတာ အချက်အလက် တွေမှားသွားမှာ အတွေးအမြင်တွေမှားမှာကို အရမ်းစိုးရိမ်ပါတယ်။ ဘဝအတွေ့အကြုံတွေနည်းနေ သေးတယ်လို့ ကိုယ့်ကိုကိုယ် မြင်ပါတယ်။ ဒီsteemit ထဲမှာ ပိုစ့်ရေးတင်နေကြတဲ့ ဝါရင့်သမ္ဘာရင့် ပုဂ္ဂိုလ် ကြီးတွေ ko linn, ko moe zaw, ko စောအယ်ဒို ကိုစောလွင် အခြားခြား သူတို့ကိုတော့မမှီသေးဘူးပေါ့။ဒါကြောင့် အများကြီးကြိုးစားဖို့လိုပါသေးတယ်လို့ ကိုယ့်ဟာကိုယ်လည်း သတိပေးတာပါ
စည်းလုံးမှုအကြောင်း ဆက်ပြောရမယ်ဆိုရင်ဖြင့် ကျနော်တို့တစ်တွေဟာ ဒီလို msc ဆိုတဲ့ လှေအကြီးကြီးကနေ ကိုယ်စီကိုယ်စီ လှေအသေးလေတွေကို ဖန်တီးပြီး ခွဲထွက်သွားတာထက် လှုင်းတံပိုးဒဏ် လေဒဏ် မိုးဒဏ်တွေဘယ်လောက်ဘဲ့ပြင်းပြင်း ကိုယ့်လွတ်ရုန်းမထွက်ဘဲ ကောင်းကောင်း ဆိုးဆိုး ဒီလှေကြီးနဲ့ အားလုံးရဲ့တစ်ခုတည်းသော ပန်းတိုင်ကို အရောက်သွားသင့်ပါတယ်။
သွားမယ့်ခရီးတစ်လျှောက်မှာ leader တွေ followers တွေနဲ့ အမျိုးမျိုးကွဲပြားလာပါတယ်။ လူတွေက ကြီးပြင်းရာဒေသ ကျွမ်းကျင်ရာအလုပ်အကိုင်တွေ မတူညီကြသည့်အလျောက် သူ့နယ်ပယ်နဲ သူ အမူအကျင့်ကိုယ်စီနဲ့ ပါလာတဲ့ လူတွေနဲ့ စည်းစည်းလုံးလုံး ကိုယ်ကျရာအပိုင်း ကိုယ့်တာဝန်ကို ကျေကျေပွန်ပွန်ထမ်းရွက်သွားရင်တော့ ဖြင့် သာယာလှပပြီး ပြည့်ပြီးစုံတဲ့ နောင်ရွေရောင် အနာဂတ်နဲ့ ဝေးတော့မှာ မဟုတ်ကြောင်း ဆုတောင်းရင်း နိဂုံးချုပ်လိုက် ရပါတယ်။
Author @rocketgyi
MSC 148
CREDIT GOOGLE.COM






ဟုတ်တယ်အစ်ကိုရေ စည်းလုံးဖို့ကအရေးကြီးတယ်။
ကျွန်တော်လဲ နောက်အပါတ် pro တင်ဖြစ်မှာမဟုတ်ပူး စာမေးပွဲရှိလို့။
ဟုတ်တယ်ဘရိုရေ စာမေးပွဲကတဖက် မျောက်သစ်ကိုင်းလွတ်ဖြစ်နေပြီ
အရင်တိုင်းပဲနောင်လည်းမပြောင်းလဲစည်လုံးခြင်းသည်အင်အား
Yeah we are all unity
လက်တွဲညီညီရှေဆက်ချီ
ငါတို့ MSC
ဟုတ်တယ် ဘရို တွဲလက်တွေခိုင်မြဲ အမြဲရှေ့ဆက်နေမယ့် ကျနော်တို့ရဲ့ MSC
အတူတူ ရိုင်းပင်းကူညီရင်း စည်းစည်းလုံးလုံး ရှေ့သို့ချီတက်ကြပါစို့
That right bro
စည်းလုံးမှုကတော့ နေရာတိုင်းမှာ အရေးပါပါတယ်ဗျာ
ဟုတ်ကဲ့ပါbro
လှေကြီးကြီးစီးရင်လည်းခေါ်ပါဦး ဘဒို 😁
ဟုတ်ကဲ့ တစ်စီးလောက် ဆောကိပြီးရင်ပြောမယ်နော်😁
အတူတစ်ကွကြိုးစာကြတာပေါ့ဗျာ
Fighting bro
စည်းလုံးညီညာ အောင်ကြောင်းဖြာ
That is very true .
Unity is Strength.ပါ အစ်ကိုရေ
ဟုတ်ပါတယ် ဘရိုရေ
ပြိုင်တူတွန်းလျှင်ရွေ့နိုင်သည်
ဟုတ်ပါတယ်