Abuse of the votes from @esteemapp | Myanmar
@esteemapp မှ votes များကို အလွဲသုံးစားပြုလုပ်ခြင်း
@esteemapp က ဘယ်လိုအလုပ်လုပ်သလဲ ?
ဆောင်းပါးများကို အားပေးသည့်အနေဖြင့် @esteemapp က esteem အပလီကေးရှင်းမှတစ်ဆင့် တင်သော ဆောင်းပါးများကို ဗုတ်ပေးခြင်းများ ပြုလုပ်ခဲ့ပါသည်။ busy ကလည်း အလားတူပင် #busy tag ဖြင့် တင်သော ဆောင်းပါးများကို အထောက်အပံ့ပေးခဲ့ပါသည်။
နောက်ဆုံးမှာတော့ ၄င်းရှေ့ပြေးလုပ်ဆောင်သူများသည် အသုံးပြုသူများ ပိုလာစေခြင်းသာ ဖြစ်သင့်သော်လည်း esteem မှ တင်သော ဆောင်းပါးတိုင်းမှာ ဗုတ်တစ်ခု သေချာပေါက်ရသောကြောင့် ထိုစနစ်ကို အလွဲသုံးစားပြုလုပ်မှုက မကြာခင်မှာပင် ဖြစ်လာပါသည်။
အကောင့်များစွာအသုံးပြုခြင်းနှင့် ခိုးယူကူးချခြင်းများ
system ၏ အကောင့်တည်ဆောက်ပုံနှင့် လုပ်ဆောင်ချက်
မိမိအနေဖြင့် အကောင့်များကို @sawlwin မှတစ်ဆင့် စတင်သတိထားမိခဲ့ပါသည်။ သူနဲ့အတူ ရှာဖွေကြည့်သောအခါ @mrnaingsoe အကောင့်မှ ရှေ့ဆောင်ပြီး အကောင့်များစွာပါဝင်သည့်ကွန်ယက်ငယ်တစ်ခုသည် esteem မှတစ်ဆင့် ခိုးယူထားသော ဆောင်းပါးများကို တင်ကာ ဗုတ်များ စုဆောင်းသည်ကို တွေ့ရှိခဲ့ပါသည်။ ပုံတွင်မြင်သည့်အတိုင်းပင် စာသားများသည် နေရာအနှံ့တူနေပါသည်။ စာသားများကို တိုက်ဆိုင်စစ်ဆေးရာတွင် ဘာသာစကားတတ်ကျွမ်းရန် မလိုအပ်တော့ပါ။ သို့သော်လည်း မြန်မာနိုင်ငံမှ @sawlwin က မိမိကို အတော်လေး အကူအညီပေးနိုင်ခဲ့ပြီး မူလအရင်းအမြစ်ကို အလျှင်အမြန် ရှာဖွေပေးခဲ့ပါသည်။
ဆောင်းပါးကို မြန်မာနိုင်ငံသုံး ဘာသာဖြစ်သော ဗမာဘာသာဖြင့် ရေးသားထားခြင်းက မူလအရင်းအမြစ်ကို ရှာဖွေရန် ခက်ခဲစေပါသည်။ စာသားများမှာ ဘောလုံးအားကစားအကြောင်း ဖြစ်ပြီး ဤလင့်ခ် မှ ကူးယူခြင်း ဖြစ်ပါသည်။ @shwelayaung ၏ post ကာဗာကဲ့သို့ပင် တခြားအရင်းအမြစ်များမှ ဖန်တီးထားသော ဓာတ်ပုံအမျိုးမျိုးကို သူ၏ဆောင်းပါးတွင်အသုံးပြုထားပါသည်။ ၄င်းပုံကို အစားအစာအကြောင်း ဆောင်းပါးတစ်ခု မှ ခိုးယူထားခြင်း ဖြစ်ပါသည်။
@esteemapp မှ ၀င်ငွေ
သတိထားမိကြသည့်အတိုင်းပင် post အားလုံးတွင် ၀င်ငွေထပ်တူနီးပါး ရရှိထားကြပါသည်။ post တိုင်းတွင် အကြောင်းရေရေရာရာမရှိဘဲ 0.5$ ၀န်းကျင် ၀င်ထားပါသည်။
အထူးသဖြင့် @esteemapp ၏ အရေးပါသောဗုတ်များကို အကောင့်များသို့ အတော်လေး ပေးထားပါသည်။ ထို့ပြင် esteem ကို ရေးသားထားသူ @good-karma က esteem မှတင်သော post များကို ထပ်မံဗုတ်ပေးထားသဖြင့် သူတို့မှာ ပုံမှန်ဝင်ငွေရရှိနေကြပါသည်။ ၄င်းစနစ်မှ တခြားသော ဗုတ်များကိုလည်း ရရှိသွားကြပါသည်။
esteem, busy, ... မှ vote-bot များ၏ ပြဿနာ
ပြဿနာကြီးတစ်ခုက post တိုင်းမှာ ဗုတ်တစ်ခု ရရှိနေခြင်း ဖြစ်ပါသည်။ စာသားတစ်ထေရာတည်းကို တစ်ကြိမ်မက တင်ထား မထားကိုတောင် စစ်ဆေးပေးဟန် မရှိပေ။ ဒါကို ဘယ်လိုအလွယ်တကူ ကုစားနိုင်မလဲဟု မေးစရာရှိလာပါသည်။ ထို့ကြောင့် @cheetah ကဲ့သို့ပင် တူညီသော post များကို ရှာဖွေသော အလိုအလျောက်လုပ်ဆောင်မှုကို ဗုတ်ပေးရာတွင် ပါဝင်စေရပါမည်။ မိမိသိသလောက်တော့ esteem မှ ဗုတ်များအတွက် နာမည်ပျက်စာရင်းတစ်ခု ရှိသော်လည်း ထိုအကောင့်များကို esteem သို့ အကြောင်းကြားပေးခြင်းများ ရှိလာသင့်ပါသည်။ @keepcalmandread ဆီမှ တခြားအဆိုပြုချက် တွင် esteem ကို rp 25 အောက် ကျနေသော အကောင့်များ၊ cheetah က comment ပေးထားသော အကောင့်များ၊ နာမည်ပျက်စာရင်းထည့်ပြီး flag ပြခံထားရသော အကောင့်များကို ဗုတ်မပေးဖို့ အကြံပြုထားပါသည်။
ယခုအခြေအနေကို ပြောင်းလဲရန် ၄င်း spam များကို အထောက်အပံ့ပေးပြီးကတည်းက esteem အနေဖြင့်လည်း အရေးယူမှုအချို့ကိုပြုလုပ်ရန်လည်း အရေးကြီးပါသည်။
စနစ်တွင်ပါဝင်သော အကောင့်အမည်များ
@aprilmaylay
@eipwintphyu
@goldmonhla
@goldmyanmar
@healersteemit
@kaunglaynaing
@mayjuly
@maylaynwe
@mrnaingsoe
@narkarseimai
@oakarlwin
@shinethulwin
@shwelayaung
@shwemonhla
@steemitloves
@steemitlovess
@unainglay
မှတ်ချက်
ဤဆောင်းပါးသည် @naturicia ၏ ခွင့်ပြုချက်ဖြင့် ဘာသာပြန်ဆိုရေးသားခြင်း ဖြစ်ပါသည်။




မြန်မာ tag ကိုယ်စား ကျေးဇူးအများကြီးတင်ပါတယ် ကို စော... ကျွန်တော်လည်း အခုတလော အဲတာတွေ တွေ့နေရလို့ စိတ်ဆင်းရဲနေတာ။ ကျွန်တော် ဝင်ပြောရင်လည်း နေရာတကာ ပါ တယ် ဖြစ်တော့မှာမို့ ဒီအတိုင်းကြည့်နေရတာ။ Domelay ကလည်း တခါရေးဘူးတယ်။ ကိုစော အခုလို ဘာသာပြန်ပေးလိုက်တော့ လူအများသိသွားတာပေါ့။
အဲဒီအုပ်စုမှာ လူမကုန်သေးဘူး ကိုဟင် ... နောက်ထပ်တွေ့ထားတာ ရှိသေးတယ် ... အရေးယူနိုင်အောင် ဆောင်ရွက်ပေးပါ့မယ်
myanmar ဆိုတဲ့ tag ကို ကမ္ဘာ့အလည်မှာ ဂုဏ်မယူရချင်နေပါစေ အထင်သေးရှုံ့ချ ခံရမှာမျိုး ကျွန်တော်တို့လည်း မလိုလားပါဘူး။ အားပေးပါတယ် ကိုစော။
ဟုတ်ပါတယ် #myanmar tag ကို သုံးပြီး ပေါက်ကရရေးတာကြောင့် ထိပ်ဆုံးရောက်နေတာထက်စာရင် သိက္ခာရှိရှိနဲ့ အောက်မှာပဲ နေချင်ပါတယ်
You got a 9.06% upvote from @bodzila courtesy of @aungzawhtwe! Join our Discord Channel https://discord.me/SteemBulls for support & feedback
မှန်တယ်အစ်ကို။
ဟုတ်ကဲ့ ခင်ဗျ
ဂုဏ်ယူပါတယ်ဗျာ။ myanmar tag ကို ကာကွယ်ဖို့နှင့်
ဂုဏ်တတ်စေဖို့ပါပဲ။
#myanmar tag ကို သုံးပြီး ပေါက်ကရတွေ လုပ်နေတာ တွေ့လို့ အခုလိုလုပ်တာပါ အောင်မြင်သွားတဲ့အတွက် အပင်ပန်းခံရကျိုးနပ်သွားပါပြီ
Congratulations! This post has been upvoted from the communal account, @minnowsupport, by sawlwin from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
Thanks a lot for your support @minnowsupport
မြန်မာ tag ကို အလွဲသုံးစားလုပ်သူများအတွက် ..... အပျင်းကြီးသူများအတွက် တော့ နေရာမရှိပါ။
ဟုတ်တယ် ကိုအယ်ဒို နေရာမရှိအောင်လည်း လုပ်ပေးမှ နောက်ပိုင်း အချောင်သမားတွေ လျော့သွားမှာ
အားပေးတယ် ချချ 😊
ချနေပါပြီ သူငယ်ချင်းရေ
ဂုဏ်ယူပါတယ် ကိုစော
ဆော်သာစော် မအော်စေနဲ့ မြန်မာတွေ သိက္ခာကျတယ် အဲ့ဒီလို လုပ်ရပ်တွေကို အားမပေးဘူး
ဟုတ်ကဲ့ အားလုံး ၀ိုင်းဝန်းပြီး လုပ်ဆောင်ရမှာ ဖြစ်ပါတယ်
အကို အရေးသားကတကယ်အားတက်စေပါတယ်
အားပေးတာ ကျေးဇူးတင်ပါတယ်
တချို့ $တစ်ခုတည်းကိုပဲလိမ်ယူနေတဲ့ လူတွေအစား အရမ်းမျက်နှာငယ်ရတယ်
ဟုတ်ပါတယ် ဒါကြောင့် တာဝန်သိသိနဲ့ အဲဒီလိုလူတွေကိုတွေ့ရင် အသိပေးပေးပါ