NETCOINS မှာ စာရင်းဝင်အောင် Steem ကို ဗုတ်ပေးပြီး Oracle-D ဆီကနေ upvote ယူနိုင်တဲ့ Contest !
အားလုံးပဲ မင်္ဂလာပါ ...
steem ဈေးတွေက ကျနေတာကြောင့် developer တွေက နည်းမျိုးစုံသုံးပြီး ဈေးဆွဲတင်ဖို့ ကြိုးစားနေကြပါတယ်။ အဲဒီလို ကြိုးစားတဲ့အခါမှာ ကျွန်တော်တို့ Myanmar steemian ( စတီးမ်လောကသား) တွေကလည်း တစ်ပြိုင်နက်တည်း လက်တွဲပါဝင်နိုင်အောင် contest တစ်ခုကို လက်တို့ပြောပြပါရစေ ...
ဒါက ယခု contest အကြောင်း မိတ်ဆက်ပေးတဲ့ မူလလင့်ခ်ဖြစ်ပါတယ်။
အဆိုပါ post မှာ ပြောထားတဲ့အထဲက လိုရင်းကို ပြောရမယ်ဆိုရင် -
1 ) ကနေဒါအခြေစိုက် Blockchain Company တစ်ခုဖြစ်တဲ့ NETCOINS မှာ Steem ကို စာရင်းဝင်နိုင်အောင် ဖြစ်ပါတယ်။
NETCOINS မှာ steem စာရင်းဝင်ရင် ဘာဖြစ်လာမလဲ
---> တိုက်ကြီး ၆ တိုက်မှာရှိတဲ့နိုင်ငံပေါင်း ၅၃ နိုင်ငံကျော်က နေရာပေါင်း ၁၇၁၀၀၀ (တစ်သိန်းခုနှစ်သောင်းတစ်ထောင်) မှာ Steem ကို ရောင်းဝယ်နိုင်မယ်။
---> သတင်းစာ/ စာနယ်ဇင်းတွေ၊ Nasdaq, Globenewswire, Coinmarketcap, Coincodex တို့လို financial ပိုင်းဆိုင်ရာ crypto ပိုင်းဆိုင်ရာ sites တွေမှာ ဖော်ပြခံရမယ်။
---> ကမ္ဘာအနှံ့မှာ လွတ်လပ်စွာ ရောင်းဝယ်ဖောက်ကားမှု ပြုလုပ်လာနိုင်မယ်။
2 ) စာရင်းဝင်အောင် http://contest.gonetcoins.com/ မှာ Steem ကို ဝင်ရောက်ဗုတ်ပေးရပါမယ်။
- အောက်တိုဘာလ ၁၃ရက်နေ့ကနေ ၂၀ ရက်နေ့အတွင်း တစ်နေ့ကို တစ်ကြိမ်ဗုတ်ပေးနိုင်ပါတယ်။
ဗုတ်ပေးပုံပေးနည်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
ပထမဆုံး Link ကို နှိပ်ပြီး ဝင်ပေးပါ။ အောက်ပါအတိုင်း ပေါ်လာပါလိမ့်မယ်။

ဘေးမြှားကို ဆွဲချပြီး Steem ကို ရှာပေးပါ။ တွေ့တဲ့အခါ မိမိမေးလ်လိပ်စာကို ထည့်ပြီး Vote ဆိုတာအပေါ် နှိပ်ပေးပါ။

ညွှန်ကြားချက်တစ်ခုပေါ်လာရင် " send Confirmation Email " ဆိုတာကို နှိပ်ပေးပါ။
မိမိထည့်လိုက်တဲ့ အီးမေးလ်းလိပ်စာထဲကို မေးလ်တစ်စောင်ဝယ်လာပါမယ်။ မေးလ်မှာပါလာတဲ့ လင့်ခ်ကို နှိပ်ပြီး အတည်ပြုပေးလိုက်ပါ။

အောက်ပါအတိုင်းဖြစ်သွားရင်တော့ မိမိဗုတ်ပေးတာက အောင်မြင်သွားပါပြီ။

3 ) ဗုတ်ပေးတာ အောင်မြင်သွားရင် ဘာဖြစ်လာမလဲ ?
Contest မှာ ဗုတ်ရရှိမှုအများဆုံး ပထမနေရာကို ဆွတ်ခူးရင် steem ဟာ ဘာအခကြေးငွေမှ ပေးစရာ မလိုတော့ဘဲ NETCOINs မှာ စာရင်းဝင်သွားပါမယ်။ ( ပုံမှန်ဆို စာရင်းဝင်အောင် ဒေါ်လာ သုံးသောင်းကျသင့်ပါတယ်။)
အဆင့်၂ ကနေ ၁၀ အတွင်း ဝင်သူကတော့ ကျသင့်ငွေ ၂၅ ရာခိုင်နှုန်းသက်သာခွင့်ရရှိပါမယ်။
ယခုစာကို ရေးနေတဲ့အချိန်မှာ Steem က အဆင့် ၆ မှာ စွဲနေပါတယ်။
4 ) ဗုတ်ပေးသူကရော လက်ငင်းအကျိုးကျေးဇူး ဘာတွေ ရရှိမလဲ ?
@oracle-D ရေးသားထားတဲ့ ယခု post ကို Resteem လုပ်ပေးပြီး မိမိ vote ထားတာ confirm ဖြစ်ကြောင်း screenshot ကို အဲဒီ post အောက်မှာ မန့်ပေးရပါမယ်။
ဒါဆိုရင် သူ့ဆီက $1 နီးပါး တန်တဲ့ upvote ကို ရရှိပါမယ်။
ပထမဆုံးမန့်သူ အယောက် ၅၀ အတွက် upvote ကတော့ $1 ကျော်ပါမယ်။
ဒီ contest အကြောင်းကို ကောင်းကောင်းလေးရေးပြီး တင်သူကတော့ $10 နီးပါးတန်တဲ့ upvote ကို ရရှိပါမယ်။ #steem, #steemit, #exchange-blast, #promo-steem ဆိုတဲ့ tags တွေကိုတော့ မဖြစ်မနေ ထည့်ပေးရပါမယ်။
နိဂုံးချုပ်အနေနဲ့ ပြောချင်တာက steem ကို ချစ်မြတ်နိုးသူ၊ steemit ကနေ rewards များများလိုချင်သူ၊ လတ်တလောအခွင့်အရေးကို ဖမ်းဆုပ်ချင်သူ steemians များအနေနဲ့ ဒီ contest ကို လက်မလွှတ်သင့်ပါဘူး။ contest link မှာ တစ်နေ့မှ တစ်ခါတည်း ဝင်ရောက်ဗုတ်ပေးရတာဖြစ်ပြီး ၆ ရက်ပဲ ကြိုးစားပေးရမှာ ဖြစ်ပါတယ်။ steem က ဗိုလ်စွဲခဲ့မယ်ဆိုရင်တော့ မိမိတို့ညီညွတ်မှုကို ပြသရာရောက်သလို ရှေ့ခရီးလည်း တစ်ဆင့်ပေါက်သွားပြီး Steem ဈေးတက်နိုင်ချေလည်း မျှော်လင့်နိုင်ကြောင်းပါ။
MSC - 176
This info is shared from the original Link .



Updated on 16th Oct,
Resteem နဲ့  comment ပေးရမယ့် လင့်ခ်က ပြောင်းသွားပါပြီ
အောက်ကလင့်ခ်အသစ်ပါ
https://steemit.com/steem/@oracle-d/thank-you-steemians-for-going-crazy-netcoins-contest-update-f55bc731a704best
ရက်စွဲတွေနဲ့ update အမြဲတင်ပေးပါမယ်
မနက်ကမေးဝင်တယ်ဗျို့ မန့်ရမှန်းမသိတာ
ဒီအတိုင်းဘဲ ပြစ်ထားလိုက်တာ ရပါအုံးမလားမသိတော့ဘူး
ရဦးမှာပါ ဝင်သာမန့် ထားလိုက်ပေါ့
ကြိုးစားကြည့်ပါအုံးမယ်
ဟုတ် လုပ်ကြည့်ပါဗျာ
နားလည် ပြီ ကိုစောရေ အဲ့လိုလား
အဓိကအချက်တွေကို ဆီလျော်အောင် စုစည်းပြထားတယ် မစု သူ့ အတိုင်းတိုက်ရိုက် ဘာသာမပြန်ထားဘူး
မနေ့ကvoteခဲ့ပြီးမမန့်ရသေးပါဘူး...ဒီနေ့လည်းvoteပါ့မယ်....
Posted using Partiko Android
မန့် လည်း သွားမန်ကြည့်ပေါ့ upvote ရလည်း မနည်းဘူးလား
မန့်ထားပြီးပြီ...
Posted using Partiko Android
ဟုတ်
ခုလို နားလည်အောင်ရှင်းပြပေးတာ ကျေးဇူးပါကိုစောရေ
Posted using Partiko Android
ဟုတ် ကိုအေးချမ်း
အို ကိုစော ရေ ကြွေဆင်းသွားပြီဗျို့
ဒီဘာသာပြန်လေးမျော်နေတာ ကျေးဇူးပါ👍👍👍
ဟုတ် ဦးထွေး
ကိုစော တစ်ရက်တင်တဲ့ပို့စ်က ကိုယ်တွေ တစ်ပတ်စာလောက် ရတယ်ဗျာ
အားကျပါဘိ😁😁😁
Posted using Partiko Android
ရတုန်းလေး ယူထားရတာပါဗျာ
အခုမှအပြည့်စုံနားလည်သွားတယ်။
ကျေးဇူးအထူး ကိုစော၊
ဖိုက်တင်း စတီးမစ်... 💪💪💪
ဖိုက်တင်းပါဗျာ
လုပ်ထားပြီးပြီ နားလည်အောင် ဘာသာပြန်ဆိုပေးလို့ ကျေးဇူးပါ 😄😄
Posted using Partiko Android
အားပေးတာ ကျေးဇူးပါ
ဟုတ် 😊😊
Posted using Partiko Android