Believe & Success

in #myanmar9 years ago

အာင်​မြင်​​​​ကျာ်ကြားမှုသည်​ယုံကြည်​ချက်​၏ ​နောက်​လိုက်​ဖြစ်​သည်​။ယုံကြည်​ချက်​ (believe)သည် ကမ္ဘာ​ပေါ်တွင်​ အင်းအားအြ ကီးမားဆုံး​သော စွမ်းအင်​တစ်​ခု ဖြစ်​၏။ယုံကြည်​ချက်​သည်​ သင်​၏ ဘဝ သင့်​၏ တိုးမှုအတွတ်​ လမ်းစ ဖြစ်​၏။ မိမိအလုပ်​ကို မိမိသာ ယုံကြည်​ချက်​ အပြည့်​ဝရှိလျှင်​ သင်​သည်​တစ်​​နေ့ ​အောင်​မှု ကို ရရှိပါလိမ့်​မည်​။မိမိသာလျှင်​ မိမိ အလုပ်​​ပေါ် အ​ပေါ် ယုံ ကြည့်​ချက်​ မရှိ ခဲ့ ပါ လျှင်​ အသင့်​ကို မည်​သူကမျှ ယုံကြည့်​ လိမ့်​မည်​ နည်း။ မိမိ အလုပ်​ကို မိမိ အမြတ်​တနိုးတန်​ဖိုးထားပါ ​။ ​အောင်​မြင်​မှုဆိုတာ အခတ်​အခဲ အတားအဆီး ​တွေကို ​ကျော်​ဖြတ်​ပီးမှ သာ ရရှိပါမည်​။လူသား အများစုက သင့်​ ​အောင်​မြင်​မှုကိုသာ မြင်​သာမြင်​​တတ်​ကြသည်​။သင်​ဘယ်​လို ကြိုးစားခဲ့ရလဲ၊သင်ဘယ်​လာက်ေ​​​လ့ လာခဲ့ရလဲ၊သင် ဘယ်လို​​အခတ်​အခဲမျိုးတွေကို ကျော်​လွှာ ခဲ့​ရတယ်ဆို​​တာကို မြင်​​​တွေ့နိုင်​မှာ မဟုတ်​ပါဘူး ။ သင့်​​အောင်​မြင်​မှု အတွတ်​ ဘယ်​​လောက်​ ယုံကြည်​မှုရှိတယ်​ဆိုတာ မ​မေးကြပါဘူး။ယုံကြည့်​မှုက သင်​​အောင်​မြင်​ရန်​အတွတ်​ ​ပျောက်​ဆုံး​နေ​သော လက်​နက်​တစ်​ပါးပင်​ ဖြစ်​သည်​။image
အောင်​မြင်​မှုများ ရယူ​ရေးသည်​ လွယ်​ကူ​သော ကိစ္စ တစ်​ရပ်​ မဟုတ်​ပါ။ကြီးမား​သော ​အောင်​မြင်​မှုများသည်​ ကြီးမား​သော အခတ်​အခဲများ ကို ​ကျော်​ဖြတ်​ရသည်​၊လွယ်​ကူ​ချော​​မွေ့ စွာ ရရှိရန်​ ခတ်​ခဲ လှသည်​။ဥပမာပြ​သော်​ ဝီလ်​​ရောဂျားစ်​Will Rogers သည်​ အ​မေရိကန်​ နွား​ကျောင်းသားတစ်​​ယောက်​ဖြစ်​၍ ​နေ့စဉ်​နှင့်​အမျှ နွားများကို ကြိုးဖြင့်​ ပစ်​၍ ဖမ်းရာ သူသည်​ ကြိုးဖြင့်​ ပြ​သော မျက်​လှည့်​၌ ​အောင်​မြင်​​ကျော်​ကြား​သော ပညာရှင်တစ်​​ယောက်​ဖြစ်​လာ၏။ သူသည်​ဆန်းပြား​သော လှည့်​ကွက်​များကို ပြသ ခဲ့သည်​။သူသည်​ သူ၏ ကျွမ်းကျင်​မှုကို ပြသ​ဖျော်​​ဖြေ ပြီးတိုင်း စင်​​ပေါ်မှ ​နေ၍ သူ့ဘဝ၏ အကြီးကျယ်​ဆုံး​သော စကားတစ်​ခွန်းကို ​ပြောကြား​လေ့ ရှိသည်​။သူ၏လက်​သုံးစကားမှာ ''ဘဝမှာ ​အောင်​မြင်​ချင်​ရင်​ ကိုယ်​ဘာလုပ်​​နေတယ်​ဆိုတာ သိဖို့လိုတယ်​၊မိမိကိုယ်​ကို ယုံကြည်​မှု ရှိဖို့ လိုတယ်​၊ယုံကြည်​မှု အပြည့်​ရှိသင့်​တယ်​''လို့ ​ပြောခဲ့ သည်​။ကိုယ်​အလုပ်​ကို မြတ်​နိုးပါ၊တန်​ဖိုးထားပါ ဟူ၍ ဖြစ်​သည်​။သူသည်​ လူအများ၏ ​ပျောက်​ဆုံး​နေ​သော ​အောင်​မြင်​မှု ​သော့ချက်​ကို ​ဆောင်​ကြဉ်း​ပေးနိုင်​​သော ပုံ​သေနည်းတစ်​ရပ်​ကို ​ပေါ်​ပေါက်​​စေခဲ့သည်​။
ယုံကြည်​မှု၏ စိတ်​ခွန်​အားသည်​ ပြင်​ထန်​ဆန်းပြားလှသည်​။ဂျုံ​အော့ဖ်​​အော့်​ ဆို​သော ပြင်သစ်​​နိုင်​ငံသား ရှိခဲ့ဖူးသည်​။သူသည်​ အင်္ဂလန်​ ကို တိုက်​ခိုက်​ရန်​ ပြင်​သစ်​စစ်​တပ်​မ​တော်​ကြီးအား ဦး​ဆောင်​နိုင်​မည်​ဟု ယုံကြည်​ခဲ့သည်​။ထိုအချိန်တွင်​ သူသည်​ ၁၂ နှစ်​မျှသာ ရှိ​သေးသည်​။သူသည်​ အသက်​နှင့်​မလိုက်​​အောင်​ မိမိကိုယ်​ကို ယုံကြည်​မှု ပြင်းထန်​ခဲ့ သည်​။၁၇နှစ်​သို​ရောက်​​သော်​ သူ၏ ယုံကြည်​မှုကို ချာလ်းလ်​မင်းသား၏ ​ရှေ့​မောက်​သို့ မိမိ၏ ယုံကြည်​ချက်​ကို ရှင်းပြခဲ့သည်​။မင်းသားသည်​ သူ၏ ယုံကြည်​ချက်​ကို သ​ဘောကျ၍ သံချုပ်​ ဝတ်​စုံ နှင့်​စစ်​တပ်​ကို ဦး​ဆောင်​ အုပ်​ချုပ်​မှု ​ပေးခဲ့သည်​။ဂျုံးသည်​ မ​အောင်​မြင်​နိုင်​ဟု လူအများက ယူဆထား​သော ​အော်​လင်းနန်းမြို့ရိုးအား ​အောင်​မြင်​စွာ ဝန်းရံပိတ်​ဆို့တားနိုင်​ခဲ့သည်​။ဤသည်​မှာ သူ၏ ယုံကြည်​ချက်​​ကြောင့်​ ဖြစ်​သည်​။သာမန်​လူများက သာမန်​မဟုတ်​​သော စိတ်​ဓာတ်​ယုံကြည်​မှုဖြင့်​ ရယူအပ်​​သောအရာသည်​ ​အောင်​မြင်​မှုဖြစ်​သည်​။
အခုဆိုရင်​ ကျုပ်​တို့မြန်​မာနိုင်​ငံသည်​ ယုံကြည်​မှုအား ​ပျော့ညံ့ ​နေသည်​ဟု ​တွေးထင်​မိသည်​။ မိမိကိုးကွယ်​​သော မိမိတို့ဘာသာကို ယုံကြည်​မှု အပြည့်​အဝ ရှိခဲ့လျှင်​ အခြား​သော ဘာသာကွဲများ၏ ​နှောက်​ယှက်​မှု ပျက်​ရယ်​ပြုမှု များကို ခံစားရမည်​မဟုတ်​ပါ။ခြံမလုံ၍ နွားဝင်​လာခြင်းဟာ အပြစ်​မဟုတ်​ပါ ။ကိုယ်​မလုံခြုံလို့ ကိုယ်​ကို ကို ယုံကြည်​မှု မရှိ လို့ သူတစ်​ပါး၏ ​နှောက်​ယှက်​မှု ပျက်​ရယ်​ပြုမှုတို့ ဟာ ကိုယ့်​အပြစ်​သာ ဖြစ်​ပါလိမ့်​မည်​။ဒါ​ကြောင့်​ လူငယ်​တို့ မိမိလူမျိုး၊မိမိ​ဘာသာ၊မိမိစာ​ပေ၊မိမိယဉ်​​ကျေးမှု၊မိမိ​သွေးသား၊မိမိနိုင်​ငံ​တော်​​ကို ယုံကြည်​မှု အပြည့်​ဖြင့်​ ကာကွယ်​​စောင့်​​လျှောက်​နိုင်​​သော နိုင်​ငံ့သား​ကောင်းများ ဖြစ်​​စေလိုပါတယ်​။ကျုပ်​တို့သည်​ ယုံကြည်​မှု အပြည့်​ရှိရမည်​။ငါတို့ လူမျိုး ငါတို့ထိန်းသိမ်းရမည်​။ငါတို့စာ​ပေ ငါတို့မြှင့်​တင်​ရမည်​။ငါတို့သာသနာ တည်​မြဲ​စေရမည်​။ငါတို့အမျိုး ငါတိုချစ်​မြတ်​နိုးရမည်​။ငါတို့ကို ငါတို့ ယုံကြည်​မှုအပြည့် ​ရှိရမည်​။
သင်​​ရော ဘာလုပ်​​နေပီလဲ...?။သင်​အလုပ်​ကို​ရော ယုံကြည်​မှု ရှိရဲ့ လား...?။သင့်​အလုပ်​ကို​ရော မြတ်​နိုးရဲ့လား...?။ သင်​သည်​ အဆိုးအ​ကောင်း ခွဲခြားနိုင်​လျှင်​ ​အောင်​မြင်​မှု ထိပ်​တန်းကို ​ရောက်​ရှိမည်​။သင်​သည်​ ​အောင်​မြင်​မှု လမ်း​ကြောင်း​ပေါ်တွင်​ ရှိ​နေပီးသာ ဖြစ်​​ပေသည်​ ​။လောကတွင်​အဆင်​မ​ပြေ မညီညွှတ်​မှုများ မည်​မျှပင်​ များပြားပါ​စေ ​ကျော်​လွှားနိုင်​ရမည်​။အတားအဆီးများသည်​ မည်​မျှပင်​ ကြီး​ခေါင်​မြင့်​မားပါ​စေ ယုံကြည်​မှု စိတ်​ဓာတ်​သည်​ အားလုံးကို ​ကျော်​ဖြတ်​ရမည့်​ လမ်းစကို ညွှန်​ပြ​နေမည်​ ဖြစ်​ပါသည်​။
image
‌ ကမ္ဘာ​ပေါ်တွင်​ အကြီးမားဆုံးစွမ်းအင်​​ဖြစ်​​သော ယုံကြည်​မှုသည်​ အကြီးမားဆုံး​သော ​အောင်​မြင်​မှုဖြစ်ေ​စသည်​ဟု ကျွန်​​တော်​ ယုံကြည်​မိပါသည်​......#။
‌​ရေးသူ....@shinegray
Credit;Google image

Sort:  

မိမိကိုယ်ကိုယုံကြည့်မှု့အပြည့်ရှိသောသူသည်အချိန်မရွေးအောင်မြင်နိုင်ပါသည်

ဟုတ်​တယ်​အစ်​ကို ​ကျေးဇူး​နော်​ ဖတ်​​ပေးတဲ့အတွတ်

ယုံကြည်မှုအပြည့်နှင့် ဘယ်အရာကိုမဆိုကျော်လွှားနိုင်သည်။

This is the truth.
Trust is real, Certainly succeed.

ကျေးဇူးဗျ

Congratulations @shinegray! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of comments

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

ယုံကြည်ရာ တစ်ခုအတွက် ဘာ့ဖစ်တယ်ဆိုလား လေးဖြူတောင် ဆိုထားသေးတယ်လေ ခ်ခ်

မလာပါနဲ့ အချစ်​​ရေ မလာခဲ့နဲ့ ဟုတ်​ လားမသိဘူး ဟီး

Yeah ကိုယ့်လုပ်ဆောင်ချက်ကို သံသယမဖြစ်ပါနဲ့

ကျေးဇူးဗျ

ကျေးဇူး