ဗီဇ

လူတိုင်းဟာမွေးဖွားလာစကတည်းက အကျင့်စရိုက်မွေးရာပါဗီဇပါလာကြပြီးသားပါပဲ။အဲ့ဒီပင်ကိုယ်စရိုက်တွေမတူညီကြလို့လူတစ်ကိုယ်စိတ်တစ်မျိုးတွေဝါသနာတွေနောက်ဆုံးရည်မှန်းချက်တွေအထိပါကွဲပြားသွားကြတယ်။အခုဆွေးနွေးချင်တာက ဗီဇအကြောင်းပါပဲ။ဆိုးသွမ်းတဲ့ဗီဇ ပါလာတယ်ပဲဆိုစေဦးတော့ မိမိကိုယ်တိုင်မကောင်းဘူးပဲလက်ခံသည့်တိုင်အောင်တော့ သူ့ ဗီဇအရလုပ်နေဦးမှာပဲ။မွေးကင်းစကတည်းကပါလာတက်တဲ့သန္ဓေတည်ကတည်းကဖြစ်ပေါ်လာတဲ့ဗီဇဟာသေတဲ့အထိ ရှင်သန်နေတက်လို့ ဖျောက်ရခက်ပါတယ်။ဖျောက်လို့မလွယ်ဘူးပေါ့။ မခိုးရမနေနိုင်တဲ့ အကျင့်တစ်ခုဗီဇ ရှိတယ်ဆိုရင် ထိုသူဟာဘယ်လောက်ပဲချမ်းသာလာလာသူ့အကျင့်အရခိုးနေရမှကိုဖြစ်မှာပါ။ကြားဖူးတာက သူဌေးတစ်ယောက်ကသူချမ်းသာနေပေမဲ့ super marketလို storeလိုနေရာမျိုးကနေတစ်နေ့ကိုချောကလက်တစ်ခုသွားခိုးနေပါတယ်တဲ့။ဒါဘာလို့လဲ သူ့ဗီဇအရပေါ့။အာ့လိုမျိုးဗီဇကိုဖျောက်ချင်မှာပါပဲ ဘယ်သူဖြစ်ဖြစ်ပေါ့။ဟုတ်ပြီ အာ့လိုဖျောက်ချင်တယ်ဆိုတဲ့နေရာမှာပြောစရာကသူဖျောက်ဖို့သူ့အတွက်ဘယ်လိုအရာနဲ့အစားထိုးမလဲ။အစားထိုးဖို့အရာကိုလည်းအလွယ်တကူမတွေ့ နိုင်ပါဘူး။ဒါပေမဲ့ ဖျောက်ချင်တဲ့စိတ်ပဲခိုင်မာနေပြီဆိုရင် မကောင်းတဲ့ဗီဇမှန်းသိနေပြီဆိုရင် တစ်ဝက်လောက်သေချာနေပါပြီ။ ကျွန်မတို့တွေဘယ်လိုဖျောက်ကြမလဲ၊ ဘာသာရေးအရလုပ်ကြမလား။ စိတ်ပိုင်းဆိုင်၇ာနည်းအရလုပ်ကြမလား။ ကျွန်မယူဆထားတာကတာ့.ဒီလိုလုပ်ရင်ကောင်းမယ်လို့ ထင်မိပါတယ်။
ပထမဆုံးစာအုပ်မှာချရေးပြီးမှတ်ထားပါ။ ဒိုင်ယာယီလိုစာအုပ်မျိုးပေါ့။ ဘယ်နေ့ ဘယ်ရက်ဘယ်အချိန်မှာ လုပ်တယ်။နောက်ထပ်ဘယ်နှရက်လောက်အထိမလုပ်ပဲနေနိုင်လဲစမ်းကျိပါ။ ဗီဇအရတော့ထပ်ပြီးပြု လုပ်ချင်လာရင် စိတ်ကိုပြန်မာန်တင်းပါ။မရရင် တော့ထပ်ပြု မိလိမ့်မယ်။အဲ့အချိန် လုပ်လိုက်ပါ။ဒါပေမဲ့ ထပ်လုပ်ရင်စာအုပ်မှာထပ်ရေးပါအချိန်အတိအကျ ရက်အတိအကျနဲ့ ရေးမှတ်လိုက်ပါ။ပြီးရင်ထပ်ခါထပ်ခါဖတ်ပါ။ထပ်ခါထပ်ခါရှက်လာပါလိမ့်မယ်။နောက်တစ်ခါထပ်ပြု လုပ်ချင်မိသည်ရှိခဲ့သော် မှတ်ထားတာကိုဖတ်ကျိပါ။အနည်းဆုံးတော့ လက်တွန့် နေပါလိမ့်မယ်။ဘယ်သူ့ ကိုမှပြောပြနေစရာမလိုပါဘူး။သူများကိုတော့လိမ်လို့ရပေမဲ့မရတာကိုယ့်ကိုယ်ကိုမို့လို့ပါ။
အရှက်တရားနဲ့သာ အကာကွယ်လုပ်ကျိလိုက်ပါ အကျင့်ဆိုးကိုတာ့တာပြနိုင်မှာပါ။အဓိကကျတာက အရှက်တရားရှိဖို့နဲ့ ကိုယ့်စိတ်ကိုယ်နိုင်နင်းဖို့ပါ။စိတ်နဲ့ကိုယ်နှစ်ခုရှိတယ်ပေါ့။ဘယ်ဟာကအဓိကကျတယ်ထင်လဲ။တကယ်အဓိကဖြစ်လာတာက ကိုယ်ပါ။ဘာလို့လဲလို့မေးခွန်းထုတ်လာရင်း လူတိုင်းကစိတ်လို့ပြောကြမှာပါ။ဟုတ်ပြီ။ကိုယ်ခန္ဓာကြီးဖြစ်လာလို့မွေးလာလို့သာစိတ်ဆိုတာဖြစ်တည်လာတာပါ။ဒီကိုယ်ခန္ဓာကြီးမရှိရင်စိတ်လည်းဖြစ်လာစရာအကြောင်းမရှိဘူး။လူတစ်ယောက်ကမိမိရဲ့စိတ်လို့ညွှန်းရင်တောင် ကိုယ့်ရဲ့စိတ်လို့ပြောကြတာပါ။ကိုယ်ကပိုင်တဲ့စိတ်ပါ။ ဒါကြောင့်စိတ်ကိုအလိုမလိုက်ပါနဲ့ အနိုင်မပေးပါနဲ့။ စိတ်ကိုအောင်နိုင်ရင်ရန်သူတစ်ထောင်ကိုအောင်နိုင်ခြင်းထက်ဝမ်းမြောက်ဖို့ကောင်းပါလိမ့်မယ်ဆိုတာ ရဲရဲကြီးအာမခံလိုပါတယ်နော်။ စိတ်ကိုအလိုလိုက်ရင်ပျက်စီးတာကပိုများပါတယ်..အထိန်းရအခက်ဆုံးကလည်းစိတ်တခုပါဘဲ့..ဒါပေမယ့်ကျွန်မတို့တွေ. လုပ်ကိုလုပ်နိုင်ရမယ်.မရရအောင်လုပ်မယ်လို့ဆုံးဖြတ်ရင် ကျွန်မတို့တွေ..ကြိုးစားရင်..ဘာမဆိုဖြစ်နိုင်ပါတယ်လို့.. နိဂုံးချုပ်ရင်း အဖွဲ့သားအားလုံးချမ်းသာကျန်းမာကြပါစေရှင်

@shoonlay
Msc220
Author Shoon Lai Win Shwe
From Myanmar
Photo google
စာပိုဒ်တွေ ခွဲရေးပါ ညီမ proတင်တဲ့ပိုလ့်က စာလုံးရေ ကန့်သတ်ချက်ရှိပါတယ်
ဟုတ်အမ ပြင်လိုက်ပီရှင့်
ဟိုတခါက PROမရတာစာလုံးပိုသွားလို့ထင်မယ်အမ
good writing
ကျေးဇူးတင်ပါတယ်ရှင့်
good post လေးပါမမ အားပေးလျှက်ပါနော်
ဟုတ်ကဲ့ပါရှင့်
Good
ကျေးဇူးတင်ပါတယ်ရှင့်
အရမ်းကောင်းတယ်။ဆက်၍ကြိုးစားပါ။အားမငယ်ပါနဲ့
ကျေးဇူးတင်ပါတယ်ရှင့် ကြိုးစားပါ့မယ်
Authorလို့ပြင်ပေးပါ။
ပြင်ပီးပီရှင့်
Replyပြန်ပေးပါညီမ
ဟုတ်ကဲ့ညဘက်မှအားလို့ပါ @kokonaing သတိပေးလို့ကျေးဇူးတင်ပါတယ်ရှင့်
pro postဖြစ်တဲ့အတွက် comများများရေးပေးပါ
ဟုတ်ကဲ့ပါရှင့်
စာသားအရမ်းနည်းပါတယ်။နောက်တစ်ခါ များများရေးပေးစေချင်ပါတယ်
ဟုတ်ကဲ့ပြင်ထားပါတယ်ရှင်
စာလေးနည်းနည်းထပ်ဖြည့်စေချင်တယ်ဗျာ
ဖြည့်ပီးပီ..ရှင်