လူတိုင်းအတွက်ငွေစကား(၂၈) Tin Hlaing Oo(Thayet)

in #myanmar8 years ago (edited)

မြန်မာစတီးမစ်မိသားစုအားလုံးကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေ-
ကြီးကြီးကျယ်ကျယ်ပြောရရင်တော့ စတော့ဈေးကွက်ရဲ့ လုပ်ငန်းသဘာဝ ပေါ့ဗျာ။ အမှန်ကတော့ ရိုးရိုးရှင်းရှင်းလေးပါ။ အဓိကသိစရာ (၃)ချက်ပဲ ရှိပါတယ်။ ဝယ်မယ်။ ရောင်းမယ်။ ကုန်ကူးမယ်။ အဲတာကို “စတော့” လို့ခေါ်တာပါပဲဗျာ။ လုပ်ငန်း သဘောကတော့ ဈေးကျချိန်မှာ ဝယ်မယ်။ ဈေးတက်ချိန်မှာ ရောင်းမယ်ပေါ့။ ဒီထက် ပိုပြီး သိစရာတွေလည်းရှိပါသေးတယ်ဗျာ။
ဘာတွေကို ဝယ်ရမယ်၊ ဘယ်ဈေးပေးဝယ်ရမယ်။ ဘယ်လောက်ရရင် ရောင်းရမယ်ဆိုတာတွေကို လေ့လာချင်ရင်တော့ ရေးထားတဲ့စာအုပ်တွေက စာကြည့်တိုက်တစ်ခုစာ မကပါဘူးဗျာ။ စတော့ တွေရဲ့ ဈေးတက်မှု၊ ဈေးကျမှု၊ ခိုင်မာမှု တွေကတော့ စတော့ကိုင်ထားတဲ့ ကုမ္ပဏီတွေအပေါ်မှာပဲ မူတည်တယ်ဗျ။ ရှုံးခြင်း၊ မြတ်ခြင်းကတော့ စတော့ ဝယ်ရောင်းတဲ့သူရဲ့ အပေါ်မှာပဲ မူတည်ပါတယ်ဗျာ။
ဒီနေရာမှာ အဓိကအချက်ကို ချုပ်ပြီးပြောချင်တာကတော့ တန်ဖိုး နဲ့ ဈေးကစားတာပါပဲ။ သေချာပါသလားဆိုတော့ လောကကြီးကိုက မရေရာတဲ့ လောက ဖြစ်နေတော့ သေချာတယ်ဆိုတာ ယုံတမ်းစကားတစ်ခုပါ။ ကျွမ်းကျင်မှုနဲ့ကံတရား ကလည်း အခရာဖြစ်နေပါတယ်။
ရင်းနှီးမြှုပ်နှံသူတွေဟာ အနာဂတ်မှာ ဝယ်နိုင်လေလာက်တဲ့ စတော့တွေကို စိတ်မှတ်းနဲ့ဝယ်ကြပါတယ်။ ပြီးတော့ ကုမ္ပဏီက မူလတန်ဖိုးထက် လျှော့ဝယ်ပြီး အမြတ်ကိုပိုရဖို့မျှော်လင့်ကြပါတယ်။ ဒါကတော့ စတော့ဈေးကွက်မှာ ဈေးကစားခြင်းရဲ့ အနှစ်သာရပါ။ မူလတန်ဖိုးနဲ့ ပေါက်ဈေးရဲ့ ကွားခြားသွားရတဲ့အကြောင်းရင်းလည်း ဖြစ်ပါတယ်။
ဒီနေ့ စတော့ထဲကို ပုံစံတစ်မျိုးနဲ့ ထပ်ဝင်လာတာကတော့ ခရစ်တိုကာရင်စီ တွေပါပဲ။ ဒီ ကွိုင်ဆိုတဲ့ ဒစ်ဂျစ်တယ်ငွေကြေးတွေဟာလည်း စတော့ပုံစံအတိုင်းပါပဲ။ ဒီဈေးကွက်တွေဟာ စိတ္တဗေဒကို စမ်းသပ်တဲ့အနေနဲ့ဆိုရင် တကယ့်ကို ပျော်စရာ ကောင်းတာဖြစ်ပေမယ့်၊ မရေရာ မသေချာတဲ့လောကကြီးမှာ ချမ်းသာစေမယ့် အကြောင်းတော့ မဟုတ်ပါဘူးဗျာ။ ကျွန်တော်တို့ စတီးမစ် ပလက်ဖေါင်းမှာ ဝင်ရောက်လုပ်ကိုင်နေသူတွေကိုလေ့လာကြည့်ပါ။ ခေတ်သစ် စတော့ဈေးကွက်မှာ ကြွယ်ဝချမ်းသာမှုတကယ်လိုချင်တယ်ဆိုရင် ကျွန်တော် ကျွန်တော့အနေနဲ့ အခုလို စည်းကမ်းတွေနဲ့ အကြံပေးချင်ပါတယ်။
ချမ်းသာမှုကို ဖြည်းဖြည်းနှင့် မှန်မှန်ရယူပါ။ စတော့ တန်ဖိုး(တန်ဖိုး)တွေကို ပဓာနထားပါ။ (တန်ဖိုး)ကို နားလည်ရင်သေချာပေါက်ချမ်းသာစေနိုင်ပါတယ်။ အသံ ဗလံတွေကို ဂရုမစိုက်ပါနဲ့။ သတင်းကြားနဲ့ ပွက်လောရိုက် ဂယက်ထသွားတာတွေ ဈေးနှုန်းအတက်၊ အကျကို လက်သိပ်ထိုးပြောတဲ့ ကောလဟလတွေကို နားမထောင် ပါနဲ့။ အဲတာတွေဟာ အခြေအမြစ်မရှိဘဲ ထင်ရာမြင်ရာ ဟောကိန်းတွေပါ။ ကိုယ်က လိုက်ယုံနေရင်၊ ကိုယ်ရူးသွားမှာပေါ့။
ပွဲလှန့်တာကို ထခုန်ပြီး၊ “ပွပြီဟဲ့” လို့ ဈေးကွက်ထဲ ကျွမ်းထိုးဝင်တာ၊ ကျွမ်းပစ်ထွက်တာမျိုးကိုရှောင်ကြဉ်ပါ။ ဒီအရာတွေဟာ ဒစ်ဂျစ်တယ်ဈေးကွက်မှာ ပိုတွေ့ရတတ်တယ်။

ရှယ်ယာတွေမှာ ရင်းနှီးမြှုပ်နှံတော့မယ်ဆိုရင် တန်ဖိုးတွေကိုပဲကြည့်ပါ။ တန်ဘိုးကို တစ်နည်းအားဖြင့် ကိုယ်ပိုင်တံဆိပ်လို့လဲ ခေါ်နိုင်ပါတယ်။ ကုမ္ပဏီတွေရဲ့ ရှယ်ယာဈေးတွေဟာ သူတို့ရဲ့ တန်ဖိုးအပေါ် ရောင်ပြန်ဟပ်မဟပ်ကြည့်ပါ။ ရှေ့အနာဂတ်အဖို့ တန်ဖိုးပိုတက်လာအောင် ဘာတွေလုပ်သလဲ၊ ဘာတွေဖန်တီးသလဲ ဆိုတာကိုမြင်အောင်ကြည့်ပါ။ ကုမ္ပဏီရဲ့ တန်ဖိုးကို လတ်တလော ရင်းနှီးမြှုပ်နှဲငွေနဲ့ အကဲဖြတ်ပါ။
ဒါတွေကိုနားလည်မှ ရင်းနှီးမြှုပ်နှံမှုလုပ်ပါ။ သူ့မှာ အခြေခံပြောင်းလဲမှုတွေ မရှိပါမှ ဝင်ရောက်ရင်းနှီးမြှုပ်နှံမှုလုပ်ပါ။ သူတို့ရဲ့ တန်ဖိုးတက်လာတာကိုစောင့်ပါ။ ကိုယ့်ရဲ့ စီးပွားတိုးတက်လာရေးကို မျှော်မှန်းပါ။ စတီးမစ်မှာ ကျွန်တော်ဒီအတိုင်းပဲ လုပ်ဆောင်နေတာပါ။
ဒီတော့ ကိုယ်လုပ်နေဆဲအလုပ်ကို မှန်မှန်ကန်ကန်ဆက်လုပ်နေဖို့အရေးမှာ အများယောင်လို့လိုက်မယောင်လိုက်ပါနဲ့။ တန်ဖိုးအစစ်ကို တွေ့အောင်ရှာပါ။ “အပြောထက် အလုပ်ခက်တယ်” လို့ပဲ ဆိုချင်ဆို။ ကိုယ့်ဖက်က မှန်နေဖို့တော့လိုပါ တယ်။
ကျွန်တော် သုတေသနလုပ်ထားတာတွေအများကြီးရှိပါတယ်။ ဒါပေမယ့် နောက်ထပ်တင်ပြမယ့် ဥပဒေသကို လိုက်နာနိုင်ရင် ခင်ဗျားတို့ ပိုပြီး လွယ်အောင်လုပ် နိုင်လာမှာမလွဲပါဘူး။
(ဆက်ရန်)
Steemit Myanmar အချင်းချင်း မေတ္တာစိတ်ဖြင့်လက်တွဲခေါ်ဆောင် အောင်မြင်ကြ ပါစေ။
Steemit Myanmarအားလုံးကိုချစ်တဲ့
Author Tin Hlaing Oo
09221500

MSC-069
Translate - Richard Templar ၏ The Rules of Wealth ကို ဆီလျော်အောင် ဘာသာပြန်၍ မိအတွေ့အကြုံနှင့် ပေါင်းစပ် ပုံဖေါ်ထားပါသည်

Sort:  

Plagiarism is the copying & pasting of others work without giving credit to the original author or artist. Plagiarized posts are considered spam.

Spam is discouraged by the community, and may result in action from the cheetah bot.

More information and tips on sharing content.

If you believe this comment is in error, please contact us in #disputes on Discord

ဆရာ့အပိုင်းကလဲမနည်း​တော့ပါ့လား
ကျွန်​​တော်​​တောင်​အရင်​အပိုင်း​တွေမသိလိုက်

Posted using Partiko Android

ကြာပေါ့ကွယ်။

စတော့ ဈေးကစားခြင်းအကြောင်းလေးလဲသိပါရစေ
ဆရာတင်

ဘာသာပြန်နေတာကိုထွေးရေ၊ သူ့အထဲမှာပါသလောက်ပဲ ကျွန်တော်လည်းသိတာ။

ဗဟုသုတ တိုးပွားစေပါတယ် ဆရာ

Posted using Partiko Android

ကျေးဇူးပါဗျာ။

ဈေးကစားတာတွေတော့ ဘယ်လိုပြောပြော နားမလည်ဘူးဆာတင်ရေ ☺

စင်္ကပူမှာ ကမ္ဘာ့အဆင့်မှီ စတော့ဈေးကွက်ရှိလို့ လိုဟင်ရေးပေးပါလို့တောင်းဆိုထားတယ်။

ဟုတ်​ကဲ့...မှတ်​သားလိုက်​နာပါ့မယ်​...

Posted using Partiko Android

မှတ်ပြီး ပုံဒီဇိုင်းတော့မလုပ်လိုက်နဲ့

နောက်အပိုင်းတွေစောင့်မျှော်လျက်ပါဆရာ😃

သူကတော့ တစ်ပတ်မှတစ်ခါပဲတင်နိုင်မှာ။

လူတိုင်းကြိုက်တဲ့ ငွေ

Posted using Partiko Android

မှန်ပါ့ဗျာ......

ဘုမသိဘမသိ နဲ့ စတော့ ဝယ်ထားလိုက်တယ်ဗျာ😁

Posted using Partiko Android

Steem ကလည်း စတော့တစ်မျိုးပါပဲဗျာ။

Stock တွေကို Stop လုပ်ထားရပါတယ်၊မြန်မာနိုင်ငံရဲ့ stock ဈေးကွက်က ထူထူပူပူကြီးနဲ့မို့ပါ

Stock တွေကို နှစ်လုံးလောက်စိတ်မဝင်စားကြဘူးလေ။