တပည့်ကျင့်ဝတ် ( Pupil Ethic)
တပည့်ကျင့်ဝတ်
တပည့်ကျင့်ဝတ်ဆိုတာလေး တင်ပြချင်ပါတယ်။ဆရာနဲ့ တပည့်ဆိုတာ အမြဲတမ်းဒွန်းတွဲနေတာပါ။လောကမှာ တပည့်မရှိတဲ့ဆရာမရှိသလို ဆရာမရှိတဲ့ တပည့်ဆိုတာ မရှိပါ။သင်ဆရာ ကြားဆရာ မြင်ဆရာစသော ဆရာများရှိပြီး ထိုဆရာများက တပည့်ဆိုတာ ရှိကြပါတယ်။တပည့်ဖြစ်တဲ့သူတွေက မိမိတို့ရဲ့ဆရာအပါ် တပည့်ကျင့်ဝတ်နဲ့အညီ အလုပ်အကျွေးပြုကြသည်။ခုခေတ် လူငယ်များက တပည့်ကျင့်ဝတ်တွေ မေ့ပျောက်သွားမှာဆိုးလို့ ခုလိုတပည့်ကျင့်ဝတ်အကြောင်းလေးကို ကျွန်တော်သိမြင်သလောက် ဆောင်းပါးရေးလိုက်ခြင်းဖြစ်ပါသည်။အားလုံးလည်း လိုအပ်ချက်များကို ဖြည့်ဝေပေးပြီး အကြံပေးလမ်းညွန်ပါလို့ ပြောပါရစေ။တတ်သိနာလည်းတဲ့ဆရာများကလည်း အမှားတွေ့ရင် ခွင့်လွတ်ပြီး အမှန်ကိုပြောပေးကြပါ။

ညီညာထကြွ။ ။ကျွန်တော်တို့ငယ်ငယ်တုန်းကအသက်ပြည့်လို့ ကျောင်းစပြီးအပ်တဲ့အချိန် ပထမဦးဆုံး ဆရာတွေက စသင်ပေးတဲ့အရာရှိပါတယ်။ဆရာ ဆရာမ အတန်းထဲဝင်လာတဲ့အချိန်ဆို ပဉ္စဂုဏံ အဟံဝဏာမိ အာစရိယဂုဏံ အဟံဝဏာမိ မင်္ဂလာပါဆရာ ဆရာမတို့ ဟု ညီညီညာညာ ရွတ်ဆိုကြတာ တွေ့ရလိမ့်မယ်။ဒါဟာ ကျောင်းနေအစပထမ ဆရာတို့အပေါ် ဧည့်ဝတ်ပြုခြင်းဖြစ်ပါတယ်။တပည့်တွေက ဆရာ ဆရာမတွေအပေါ် ညီညာထကြွပြီး နှုတ်ခွန်းဆက်သခြင်းဖြစ်ပါသည်။ခုနောက်ပိုင်း ကျောင်းတွေမှာ ထိုသို့ အလေ့အကျင့်တွေ ရှိသေးလားတော့မသိဘူး။ကျွန်တော်တို့ငယ်ငယ်ကတော့ ဆရာ ဆရာမအတန်းထဲဝင်လာရင် နေစဉ်ဓူဝလုပ်ရ ရွတ်ရပါသည်။

ဆုံးမနာယူ။ ။မိမိတို့ရဲ့ဆရာတွေက လိမ္မာစေချင်လို ပြောဆိုဆုံးမကြတာကို မပြစ်မမြင်ကြပါနဲ့။ဒါက ဆရာသမားတွေက အမုန်းခံပြီး မိမိတို့ကို စေတနာအပြည့်နဲ့ ဆုံးမကြလို့ပါ။ဆရာတွေအနေနဲ့ မဆုံးမဘဲ အေးအေးဆေးဆေးနေလို့ရပါသည်။ဒါပင့်မဲ့ မိမိရဲ့တပည့်တွေ ဆိုးမိုက်မှာဆိုးလို့ သွန်သင်ဆုံးမခြင်းဖြစ်ပါတယ်။တပည့်တွေက ဆရာသမားရဲ့စကားကို မြေဝယ်မကျ လိုက်နာပြီး ချစ်ခင်ရိုသေကြပါ။ဆရာများက တပည့်တွေကိုချစ်လို့ပြောဆိုခြင်းဖြစ်ပြီး တပည့်များကလည်း ဆရာအပေါ်အပြစ်မမြင်ဘဲ လေးလေးစားစားခံယူကြပါ။ဆရာများသည် မိမိတို့ရဲ့အကောင်းဆုံး ပဲ့ကိုင်ဆုံးမသူများဖြစ်ကြပါတယ်။ထိုသို့ပဲ့ကိုင်မှုအောက်မှာ အသက်၁၆နှစ်ထိ နေခဲ့ရခြင်းဖြစ်ပါသည်။ထို၁၆နှစ်လုံးဆရာသမားများ၏စကားကိုနားထောင်လျှင် လူတော် လူလိမ္မာလေးတွေဖြစ်ကြပါလိမ့်မယ်။ဆရာသမားများ၏ဆုံးမစကားကို နာယူနိင်ကြပါစေ။

လာမှုကြိုဆီး။ ။ဆရာသမားတွေဘယ်နေရာဘယ်ဒေသဘဲတွေ့တွေ့ ဆီးကြိုဆိုရမှာကို လူတိုင်းသိကြပါသည်။ဒါက တပည့်များရဲ့အသိစိတ်ဓာတ်ထဲမှာရှိကြပင်မဲ့ တကယ်လက်တွေ့မှာ ဆရာသမားကိုတွေ့ရင် မမြင်သလိုလုပ်တတ်ကြတာ တပည့်များရဲ့အကျင့်လို့ထင်ပါသည်။ခုခေတ် ကျောင်းသားကျောင်းသူနဲ့ကျောင်းသားဟောင်းတွေဆို ဆရာသမားလာရင် မတွေ့မြင်သလို နေကြလိမ့်မယ်။ဒါက မလုပ်သင့်တဲ့အပြုအမှုတွေပါ။တကယ်ဆို ဆရာသမားလာရင် တပည့်များက အမြန်မနှေးဘဲ ခရီးဦကြို ပြုလုပ်ရမယ်။ဒါကရှက်စရာမဟုတ်ပါဘူး။ထိုသို့လုပ်ုခင်းဟာ ဆရာသမားအပေါ် တပည့်များက လေးစားသမှုကိုပြသခြင်းဖြစ်ပါသည်။ဆရာများအတွက်လည်း မိမိတပည့်တွေရဲ့ လိမ်မာမှုကို ပိတီဖြစ်၍ ရင်းတွင်းအားကိုဖြစ်စေပါသည်။

ထံနီးလုပ်ကျွေး။ ။ဆရာကို အလုပ်အကျွေးပြုခြင်းဟာ မင်္ဂလာတစ်ပါးဖြစ်ပါသည်။ဆရာက မိမိတို့ကို သူတို့ဘဝတစ်လျောက်သိသမျှပညာရပ်များကို ဆရာအစားမကျန်ဘဲ သင်ပေးပြသခဲ့တဲ့အတွက် ဆရားများပိုတပည့်များက အလုပ်အကျွေးပြုခြင်းဟာ မင်္ဂလာမည်ပါသည်။ဆရာများဟာ အမုန်းခံ သွန်သင်ဆုံးမခဲ့သဖြင့် ဆရာသမားများကိုချစ်ခင်ပြီး လုပ်ကျွေးခြင်းဖြင့် ကျေးဇူးဆပ်ကြပါ။
သင်တွေးအံရွတ်။ ။ အတန်းစာပေများကို လေ့လာမှတ်ထားပြီး သင်ကြပါ။စာကိုကြိုးစားကြပြီး ဆရာသမားများရဲ့သင်ကြားပြသမှုကို လေ့လာကာ မသိမရှင်းသောအကြောင်းအရာများကို ဆရာသမားများအား မေးကြပါ။ဒါမှ ဆရာများက အားရှိစေပြီး သင်ကြားတဲ့နေရာမှာ တပည့်များကို အားသွန်ခွန်စိုက်ပြီး ပြသပါလိမ့်မယ်။တပည့်များကလည်း ဆရာရှင်းပြသော စာများကို လေးလေးစားစား စိတ်ဝင်စားမှုထားကာ သင်ကြားကြပါ။
ထိုတပည့်ကျင့်ဝတ်ကို စာဖတ်သူကို ဖတ်ကြပြီး အသိပညာများတိုးပွားပါစေ။
အစဉ်ကြိုးစားလျက်
Author tunnaingwin
Msc.100

ကောင်းပါတယ်ဗျာ အသိတွေတိုးရပါတယ်
This post has received gratitude of 0.32 % from @appreciator thanks to: @tunnaingwin.
@resteemator is a new bot casting votes for its followers. Follow @resteemator and vote this comment to increase your chance to be voted in the future!
ok
Beautiful
thank you
Good
ok
တပည့်ကျင့်ဝတ်အကြောင်းဖတ်ရတာ အသိအမြင်တိုးစေပါတယ် ကိုအေး
ဟုတ်တယ်မဆု
သိပ်ကောင်းတဲ့ post လေးပါပဲဗျာ
fri thank you
ကျင့်ဝတ်တွေ အများကြီးကျန်သေးတော့ အေးဆေးရေးရုံပဲပေါ့
ဟုတ်
မုံရွာသားပါဗျို့…
အန်
အရမ်းကောင်းပါတယ် bro
thank you @htin