တောင်းပန်ခြင်း

in #myanmar8 years ago

မင်္ဂလာရှိသောနေ့ရက်ကလေးဖြစ်ပါစေလို့ ဦးစွာ နှုတ်ခွန်းဆက်သချင်ပါတယ်။ ပထမဆုံး MSC နဲ့ MSC Group-4 က ညီအစ်ကို မောင်နှမတွေအားလုံးကို တောင်းပန်စကားလေး ဆိုချင်ပါတယ်ဗျ။

ဒီရက်ပိုင်းတွေမှာ ကျွန်တော် steemit နဲ့ ဝေးကွာနေခဲ့တာ တော်တော်ကြာသွားခဲ့ပါတယ်။ ကျောင်းရဲ့ Long Trip သွားနေရတာတွေ၊ ပြန်ရောက်လာတော့ ကျောင်းဘောလုံးပြိုင်ပွဲအတွက် Training ဆင်းရတာကတကြောင်း၊ အမျိုးသမီးအသင်းအတွက် လေ့ကျင့်ပေးရတာကတကြောင်း၊ တိုင်းရင်းသားရိုးရာဈေးရောင်းပွဲအတွက် ပြင်ဆင်ရတာကတကြောင်း အကြောင်းအမျိုးမျိုးကြောင့် အဆက်အသွယ်ပြတ်နေခဲ့ရတယ်။
image
Long Trip အနေနဲ့ Vietnam နိုင်ငံရှိ စက်ရုံများကို လေ့လာရေးသွားရတာဖြစ်တဲ့အတွက် သူများနိုင်ငံမှာဆိုတော့ အချိန်လုသွားခဲ့ရတာဖြစ်တဲ့အတွက် steemit နဲ့ MSC အပေါ် တာဝန်မကျေခဲ့ရတဲ့အတွက် အားလုံးကို ဒီကနေ တောင်းပန်ပါရစေဗျ။
image
Trip ကနေ ပြန်ရောက်ရောက်ခြင်းရက်မှာပဲ တက္ကသိုလ်တည်ထောင်သောနေ့ ၁၉ ကြိမ်မြောက် အထိမ်းအမှတ် စာတမ်းဖတ်ပွဲကို တန်းတက်ရတာဖြစ်တဲ့အတွက် စာရေးသားဖို့ အချိန်မရခဲ့ဘူး ထပ်ဖြစ်သွားတယ်။ အဲ့ဒီနေ့ညနေမှာပဲ တက္ကသိုလ်မေဂျာပေါင်းစုံ ဘောလုံးပွဲအတွက် စတင်ပြီး Training ဆင်းခဲ့ရတယ်။ မေဂျာအနေနဲ့ ကျောင်းကလုပ်သမျှ Activities တိုင်းကို တက်ကြွစွာ ပါဝင်လှုပ်ရှားမယ်ဆိုတဲ့ ခံယူချက်ကြောင့် မေဂျာတစ်ခုလုံး ယောကျာ်းလေးအရေအတွက် ၁၇ ယောက်သာရှိတဲ့အနေအထားမှာ ဘောလုံးအသင်းအတွက် လူအင်အားမှာ ၁၂ ယောက်သာရှိခဲ့တဲ့အတွက် အဲ့ဒီဖက်ကို အားစိုက်လုပ်ကိုင်ခဲ့တာကြောင့် steemit နဲ့ MSC ကို လစ်လျူရှု့ခဲ့မိပြန်တယ်။
image
အဲ့ဒီနေ့ရက်တွေမှာ မနက် ၇:၀၀ ကနေ ၉:၀၀ ထိ Training ဆင်း၊ ၁၀:၀၀ ကနေ ညနေ ၃:၀၀ ထိ ကျောင်းတတ်၊ ၃:၃၀ ကနေ ၆:၄၅ အထိ Training ပြန်ဆင်းနဲ့ အိမ်ပြန်ရောက်တော့ မလှုပ်နိုင်ဖြစ်ပြီး စာရေးလည်း ရပ်နားခဲ့ရတယ်။ အဲ့ဒီအတွက်လည်း အဓိကအနေနဲ့ MSC Group-4 မှ လူအားလုံးကို အနူးအညွတ်တောင်းပန်ပါရစေဗျ။
အခုအချိန်မှာတော့ တာဝန်အားလုံး ပြီးမြောက်ပြီဖြစ်တဲ့အတွက် steemit နဲ့ MSC အတွက် ပြန်လည်တက်ကြွစွာ ပါဝင်လုပ်ဆောင်သွားပါမယ်လို့........
@wailinn
MSC-144

Sort:  

ကျွန်​​တော်​လည်း တာဝန်​မ​ကျေ​သေးဘူးဗျာ

ကြိုးစားကြတာပေါ့ဗျာ

Thanks for chance

welcome ပါ bro

Thanks Bro

ဒါကြောင့် ရဲဝင့် ပျောက်နေပါတယ်လို့

ရှုံးပွဲတွေဆက် အဲလေ အလုပ်တွေ ဆက်နေလို့ပါ

ပျောက်နေတာတော့ သတိထားမိပါတယ်

တင့်ပါ သတိထားမိလို ပျော်မိပါတယ် ဘုရား

အလုပ်တွေများနေတယ်ပေါ့အစ်ကို Vကတော့60ပဲရှိတော့လို့ Mခဲ့ပါတယ်ဗျာ

ကျေးဇူးပါ ရှိတာလေးနဲ့ အားဖြည့်တာကိုပဲ ကျေးဇူးတင်လျက်ပါ

ကျွန်တော်လဲဝေးကွာကြီးခုမှုပန်ဝင်ရတာပါ။တွေ့ဆုံမှုကိုဝမ်းသာပါတယ်။

ခုလို ဆုံတွေ့ရတာ မင်္ဂလာပါခင်ဗျ

အတူတူလက်တွဲပြီးလုပ်ကြတာပေါ့ဗျာ

ဟုတ်ကဲ့ပါဗျ

ပြန်လာတာ ကြိုဆိုပါတယ်လို့ ကျွန်တော်လည်း ဒီနေ့လုံးဝမအားတာနဲ့ pro တောင် မတင်ဖြစ်လိုက်ဘူးဗျာ

ကျေးဇူးပါဗျာ
ကြိုးစားကြတာပေါ့ဗျာ

welcomeပါ အစ်ကို
ကျွန်တော်တို့လဲ အချိန်ကိုလုနေရတာ

ဟုတ် အဲ့ဒီရက်ပိုင်းက အားကိုမအားဘူးဖြစ်သွားတာမို့ပါ ခုတော့ ပုံမှန်ဖြစ်ပါပြီဗျ