"ပျော်ရွှင်စွာ နေထိုင်ပါ "

in #myanmar7 years ago (edited)

Crd-org-source
image

ဘဝမှာ တစ်ခါတစ်ရံ ပျော်ရွှင်မှုတွေ ဆိတ်သုန်းလာတတ်ပါတယ် တစ်ချို့ သောသူတွေဆို ဘဝကို ရုန်းကန်ဖြတ်သန်းရတော့ပိုပြီးခက်ခဲကြပါတယ် ဘဝပေးအခြေအနေအရရော ကံ အကြောင်းတရားအရရော ဘဝဟာ အမြဲပျော်ရွှင်ဖို့ သက်သက် ဖြစ်တည်လာတာတော့ မဟုတ်ပါဘူး မပျော်ရွှင်နိုင်တဲ့ ဘဝပေးအခြေအနေတွေအများကြီးရှိပါတယ် အတတ်နိင် ဆုံးတော့ ဘဝပင်လယ်မှာ အဆင်ပြေပြေကူးခတ်ချင်တဲ့သူတွေချည်းပါပဲ တစ်ကယ်တော့ ဘဝဟာ ပျော်ရွှင်မှုတွေကို မသိမသာပျောက်ဆုံးလာအောင် တစ်ခါတစ်ရံတော့ လုပ်ကောင်းလုပ်နေမိလိမ့်မယ် အခုလို နည်းပညာတွေတိုးတက်လာတဲ့ခေတ်သစ်ကြီးမှာတော့ ပိုပြီး ပျောက်ဆုံးလာတာကတော့ အမှန်တရားတွေ ပျော်ရွှင်မှုတွေပါပဲ လိုချင်မှုတွေတပ်မက် မှုတွေကြွယ်ဝလာတဲ့ ဒီလိုခေတ်ကြီးထဲမှာ တစ်ကယ့်ပျော်ရွှင်ခြင်း အစစ်အမှန်ကတော့ တော်တော်ရှားသွားပါပြီ လုပ်ယူဖန်တီးလို့ ရတဲ့ ပျော်ရွှင်မှုအတုအယောင်တွေနဲ့ သာပြည့် နှက်လို့ နေပါတယ် လုလူချင်းလည်း ရိုးသားမှုတွေနည်းပါးလာတော့ သူများတိုးတက်တာ မြင်တာကို မုဒိတာပွားတဲ့သူဟာ အရမ်းနည်းသွားပါပြီ အရာရာတိုင်း ကိုယ်က လိုချင် ဖြစ်ချင်စိတ်တွေပေါ်ပေါက်လာတော့ ပျော်ရွှင်မှုတွေ ကြုံကြိုက်နေတောင် အချိန်ပေးပြီး မေ ပျာ်နိုင်တာတို့ ဖြစ်လာတတ်ပါတယ် လိုချင်တပ်မက်မှုကို "ရလေ လိုလေ အို တစ္ဆေ " ဖြစ် လို့ ဘဝဟာ တပ်မက်မှုမာယာနောက်မှာ လိုက်ပါမျောပါပြီး ပျော်ရွှင်မှုတွေ ပျောက်ဆုံး ခမ်း ခြောက်လာတတ်ပါတယ် ဘဝမှာ အခက်အခဲပေါင်းစုံကတော့ ဆီးကြိုနေမှာပဲ စာမေး ပွဲတစ်ခုဖြေဆိုသလို ဘယ်လို ဖြစ်လာမယ်ဆိုတာ အရမ်းကြိမ်းသတ်မှတ်ထားလို့ မရပါဘူး တစ်ခါကျ ရှုံးမိတာကို စိတ်ညစ်ပြီး အမြဲကျရှုံးနေမယ်လို့ တွေးပြီး ညစ်မနေသင့်ပါဘူး ဒုက္ခတွေပွေ့ ပိုက်လာရရင် လူတွေဟာစိတ်ကို အရှုံးဘက်အမြဲစိတ်က နှလုံးသွင်းမိနေတတ်မှာပါ နည်း နည်းဒုက္ခတွေ့ တာနဲ့  သောက ရောက်ကြရတော့ ပျော်ရွှင်မှုတွေထပ် ပေါက်ဖွားလာတဲ့ အ ချိန် ကိုယ်ကြောင့် ဖျက်ဆီးသလိုမျိုးဖြစ်မိတတ်ပါတယ် ဘဝမှာဘယ်လိုပဲ စိတ်ဆင်းရဲ စရာ ကြုံမိနေတတ်ပါစေ ပျော်စရာနဲ့ ကြုံတုန်း စိတ်ကိုပျော်မွေ့ အောင် ထားခြင်းဟာလည်း "မ င်္ဂလာ" တစ်ပါးပါပဲ ကိုယ့်မှာ အကြောင်းတစ်ခုခုကြောင့်စိတ်မပျော်ရွှင်တောင် ကိုယ့်ရဲ့ သောကဟာ ဘေးပတ်ဝန်းကျင်ကိုဖိတ်စင် ထိခိုက်စေနိုင်ပါတယ် ကိုယ်ရဲမပျော်ရွှင်ခြင်း ကြောင့် ကိုယ့်မိတ်ဆွေ ကိုယ့်ပတ်ဝန်းကျင် နောက်ဆုံး ကိုယ့်နိုင်ငံ ကိုယ့်ကမ္ဘာမြေအထိတိုင်အောင် အကျည်းတန် မဖြစ်စေလိုပါနဲ့  ကိုယ့်ကကြုံလာသမျှအကြောင်းအရာ အဖြစ်အပျက်တိုင်း ကိုစိတ်ညစ်စရာလို့ အမြဲမသတ်မှတ်သင့်ပါဘူး နောက်ဆုံးကိုယ်မှာစိတ်ညစ်စရာ ရှိနေပါစေ ပတ်ဝန်းကျင်အပေါ် အကောင်းစိတ်လေးနဲ့ သာ မြင်ကြည့် တွေးကြည့် လိုက်တာနဲ့ တင် ကိုယ့် ရဲ့ စိတ်က ကြည်လင်လာပြီး ပျော်ရွှင်မှု တွေပြန်ဖုံးလွှမ်းသွား နိုင်တယ်ဆိုတာလေးကို ရေးသားပြောပြလိုက်ရပါတယ် အမှန်တော့ ပျော်ပျော်ရွှင်ရွှင်နေထိုင်ကြပါလို့ ပြောချင်တာ ပါ ဘယ်လိုတွေ ဖြစ်ပြီး အခုလို ပေရှည်ပြီး ရေးထားမိမှန်းမသိတော့ပါဘူး အားလုံး " Happiness " ပါနော်

Crd-org-source
image

MSCး 234
့်
Author >>> winko (Maun Mou Nja)

Sort:  

Ho! Ho! Ho! Merry Christmas!!! I've given you an upvote and left you this amazing automated comment!!!!


Vote for my witness nextgencrypto!!

Thank a bunch !! Berniessanders.
Merry Christmas to you.

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thank lovely esteem.

စေတနာက အမှန်တကယ်ကို ရောင်ပြန်ပါတယ်

ဟုတ်ပါတယ်ဗျ ဦးထက်Is the best.

အမြဲစိတ်​​ပျော်​ရွင်​​နေ​အောင်​ထားနိုင်​တာ​ကောင်းပါတယ်​...ဒါ​ပေမဲ့​တော်​ရုံမလွယ်​ဘူးထင်​ပါတယ်​....​ကောင်း​သောပိုစ့်​ပါ...

Posted using Partiko Android

ဟုတ်တယ်အမရေ တစ်ကယ်တော့လည်း အမြဲပျော်အောင် နေရတဲ့ ဘဝတွေမှ မဟုတ်ကြတာလေ

I am happy😁😁😁

Posted using Partiko Android

Me too same to you.

ပေးချင်တဲ့ မက်ဆေ့ခ်ျကို စာပုဒ်လေးတွေနဲ့ ခွဲရေးရင် ပိုကောင်းမယ်နော်

Posted using Partiko Android

သတိရတယ် ကိုစောရေ ခွဲမလို့ ဟာ ကို ခွဲချင်တာ အဆင်မပြေဘူး
တမင်မခွဲတော့တာ စာချိတ်ဆက်ထားတဲ့အရသာပျက်မှာစိုးလို့ ကို
တမင်ထားလိုက်တော့တာ တစ်ခါမှတော့ အခုလို မလုပ်ဖူးဘုး
ကြည့်မကောင်းတာတော့
အမှန်ပဲ ဒါမယ့် ကျွန်တော်ကျေနပ်တယ်

ကိုစောလည်း ကျေးဇူးတင်တယ် I love you.

ပျော်​​ပျော်​​နေ​သေခဲ ​မော်​​တော်​​တွေ ​ရေထဲပါ့

ဟီး ဟုတ်ပါ့ အန်ကယ်အကိုယုရေ

ညီ စိတ်ညစ်နေလို့ လား။ပျော်ရွှင်ပါစေကွာ။

ဆိုပါတော့ဗျာ အခုတစ်လော ညစ်ညစ်နဲ့ တွန်းရေးနေတာ
မပျော်တဲ့သူက ပျော်စေချင်တဲ့ အကြောင်းကိုရေးနေမိတာ

ကျေးဇူးအကိုရေ

ကောင်းပါတယ်ညီဝင်းကို။စိတ်ညစ်စရာတွေရှိနေတိုင်း စိတ်ညစ်မနေပဲ ပျော်ရွှင်မှုလေးတွေနဲ့ဖြတ်သန်းပြီး ဘဝ ပျော်ပျော်နေတတ်ဖို့ လည်း လိုအပ်တယ်ဆိုတာကို ရည်ရွယ်ရေးသားထားတာ ကောင်းမွန်ပါတယ်။စာဖတ်သူတွေအတွက် ပေးချင်တဲ့ massage ကို ရောက်အောင် ရေးသားထားတာ သဘောကျနှစ်သက်ပါတယ်ခင်ဗျာ။

ဟုတ်ကဲ့ကျေးဇူးပါအကိုသန့် ရေ ကျွန်တော်လည်း ကိုယ်ကသာ မရွှင်မပြဖြစ်နေပြီး ပျော်တဲ့အကြောင်းရေးရတာ
သိပ်တော့မလွယ်ဘူး အတတ်နိုင်ဆုံး ကြိုးစားရေးသားထားမိပါတယ်

Congratulations @winko! You received a personal award!

1 Year on Steemit

Click here to view your Board

Do not miss the last post from @steemitboard:

SteemWhales has officially moved to SteemitBoard Ranking
SteemitBoard - Witness Update

Support SteemitBoard's project! Vote for its witness and get one more award!

You're welcome @winko
Feel free to vote our witness to support us. You will get one more badge and more powerful votes from us on your posts.
Have a nice day!
Posted with