လိုလျင်ကြံဆ နည်းလမ်းရ
လိုလျှင်ကြံဆနည်းလမ်းရ
ကျွန်တော်တိုစက်ပြင်သမားတွေမှာတခါတလေပြုပြင်ဖို့မခက်ခဲပေမဲ့အလုပ်လုပ်လျှင်စဉ်းစားပြီးမှလုပ်ရတယ်ခင်ဗျာ့ ဒါနဲ့စီးပွားရှာတာဆိုတော့အလုပ်ကတော့ရခြင်တာပေါ့ ၊ဒါမှပိုက်ဆံရမှာလေ၊ဒါပေမဲ့အရာရာတိုင်းကိုယ့်အတွက်ခြည်းဘဲ ကြည့်လိုမရပါဘူး၊ ပိုင်ရှင်ဘက်လဲ ကြည့်ရပါသေးတယ် ၊ပိုင်ရှင်ပိုက်ဆံအကုန်သက်သာအောင်ဘယ်လိုလုပ်ရမလဲဆိုတာစဉ်းစားရပါတယ်၊စက်ရဲ့ခနခနပြက်စီးနိုင်တဲ့အပိုင်းကိုခနခနမပြက်အောင်ဘယ်လိုလုပ်ရမလဲဆိုတာစဉ်းစားရပါတယ်၊အကောင်းဆုံးအနေအထားဖြစ်အောင်လုပ်ပေးရပါတယ်၊
အခုကအရင်ခေတ်လိုမဟုပ်တော့ဘဲ အီလက်ထရောနစ်ပစ္စည်းတွေကတခါသုံးပုံစံမျိုးထုပ်လာတယ်၊ပြုပြင်ဖို့ခက်ခဲအောင်လုပ်လာတယ် ၊ခနလေးနဲ့ပြက်စီပြီး ပြန်ပြင်ဘို့ခက်အောင်လုပ်လာတယ်၊ဈေးနူန်းကလည်းချိုလာပြီလေ၊အခုဆိုရင် အရင်တုန်းကကက်စက်တွေအစား MP3 ဆိုပြီး ဟန်းဆက်နဲ့တွဲဖွင့်ရတဲ့ဘလူးတုဘောက်ကလေးတွေခေတ်စားလာနေတယ်ခင်ဗျာ့ ၊တကယ်တော့ဒီဘောက်ကလေးတွေက နည်းပညာကိုရောင်းစာတာပါ၊ သူမှာပါတဲ့ပစ္စည်းရဲ့တန်ကျေးကဘာမှမရှိပါဘူး၊ စက်ပြားလေးကလက်သန်းတဆစ်လောက်ပါတာ ၊ဒီဘောက်ကလေးတွေရဲ့အားနည်းချက်က ဘာလဲဆိုတော့ အားသွင်းခေါင်းပြဿနာပါ၊ စက်ကိုဝယ်ဖွင့်အရင်ဆုံးပြက်တပ်တာအားသွင်းခေါင်းပါ သူ့အားသွင်းခေါင်းတည်ဆောက်ထားပုံက ဖုန်းအားသွင်းခေါင်းနဲအတူတူပါဘဲ အလွန်တရာနုနယ်ပါတယ်၊ဖုန်းအားသွင်းခေါင်းကျွံလို့လဲမယ်ဆိုရင်ဖုန်းဆိုင်တွေမှာ ငါးထောင်လောက်ယူပါတယ် မယူလိုလဲမရဘူးခင်ဗျာ့ လုပ်ရတာလက်ဝင်ပါတယ် ၊ဘာဖြစ်လို့လဲဆိုတော့ ဒီအားသွင်းခေါင်းတပ်မယ်ဆိုရင်ရိုးရိုးခဲခေါက်နဲ့မရပါဘူးသူခဲဆော်ထားတဲ့ငုတ်ကလေးတွေကဆံပင်ချည်တလုံးလောက်ခြားပါတယ် ၊ငုတ်ကလေးငုတ်ဗျာ့ ရိုးရိုးခဲခေါက်နဲ့ဆော်ရင်ခဲကပူးပူးသွားတာ သူ့ကိုလေပူနဲ့မှူတ်ပြီးဆော်တဲ့ခေါက်နဲ့မှဆော်လို့ရတာပါ
ဒီကရိယာကိုဝယ်ထားပေမဲ့ကျွန်တော်မသုံးဖြစ်ဘူး ဘာဖြစ်လို့လဲဆိုရင် ဘောက်တန်ကြေးကခုနှစ်ထောင်လောက်ရှီတာ ဒီခေါင်းတပ်ခက ငါးထောင်ဆိုတော့စဉ်းစားကြည့်ပေါ့ဗျာ ကိုယ်ချင်းစာပါတယ် ဒီဟာလုပ်တာဒီဈေးမယူရင်လဲမဖြစ်ဘူး လေပူနဲ့မူတ်ရတာဆိုတော့ မတော်ဘေးနားကပစ္စည်းတွေပါအပူဟပ်ပြုတ်ထွက်ကုန်ရင်ရော်ရမယ်ကိန်း ၊ဒါကြောင့် အဲ့ဒီဘောက်ကလေးတွေလာရင် ဈေးနူန်းမပြောရက်လို့မလုပ်ဖူးလို့ပြောပြီးပြန်ပြန်ပေးလိုက်ပါတယ် ၊ဒါပေမဲ့ခနခနဒါမျိုးကလာနေတော့စဉ်းစားရပါတယ်၊ဒီနေ့အဲ့လိုပြစ်ချက်လာတော့ အဲ့လိုရှင်းပြလိုက်ပါတယ်၊သူကလက်ခံပါတယ် ပစ္စည်းကလဲနုတော့ ခနခနပြက်မှာလဲသေခြာပါတယ်၊ အဲ့ဒါနဲ့သူ့ကိုအကြံဥာဏ်ပေးလိုက်ပါတယ်၊
ခင်ဗျားပစ္စည်းကိုနောင်လဲမပြက်အောင် ပိုက်ဆံကုန်လဲသက်သာအောင်လုပ်ရမယ့်နည်းလမ်းရှိတယ် အော်လဂျင်နယ် နဲ့တော့မတူဘူးလို့ရှင်းပြလိုက်ပါတယ် သူကရတယ်ခိုင်ခန့်ပြီး ဈေးသက်သာရင်ပြီးရော့အော်လဂျင်မဟုပ်လဲရတယ်တဲ့ ဒါနဲ့ခင်ဗျားဒက်ပတာဘူးသွားယူခြေဆိုပြီးခိုင်းလိုက်ပါတယ်
ဒက်ပတာခေါင်းကိုဖြတ် အရင်တုန်းက ကက်စက်ဂျက်ခေါင်းအစားထိုး နောက်ပြီးစက်ရဲ့ဘော်ဒီအိမ်ကိုဖောက် ဂျက်အထိုင်ကို ကိုယ်ထည်မှာတပ်အထဲကအနီအနက် အပေါင်းအနုပ်ဂျွိုင်းရမယ့်နေရာရှာပြီးဂျီုင်းပေးလိုက်တယ် okလို့ပါ့ နောက်လဲဘယ်လောက်အားစိုက်ထိုးထိုးမပြက်တော့ဘူး စက်ရုံကနောက်လဲမပြက်အောင်ဘာဖြစ်လို့ဒီလိုမလုပ်သလဲဆိုတာစဉ်းစားမရဘူးဗျာ ၊အဲတခုတော့ရှိတာပေါ့ဗျာတချို့ပိုင်ရှင်တွေက အော်လဂျင်မှ အော်လဂျင်မှဆိုရင်တော့မတပ်နိုင်ဘူးဗျာ ဒါကတော့ဒီနေ့တွေ့ရတဲ့ ပြစ်ချက်ကလေးပြင်လိုက်တာကိုတင်ပြလိုက်ရတာပါခင်ဗျာ.....
Post writer=@yuzana(shineshine)
MSC=146
.jpeg)
.jpeg)
.jpeg)
usb က အသုံးများလာတဲ့ အရာတစ်ခု ကြောင့်လို့ထင်တယ် တွေ့ရာနေရာမှာ အားသွင်းကြိုးတွေ ရတယ် အလွယ်တစ်ကူသုံးနိုင်တာကြောင့်ထင်ပါတယ် နေညက်ပြီး data တွေလာ်း ကူးလို့ရတယ် ပြီးတော့ ဖုန်းကဟာတွေဆို တော်တော်နဲ့ မပြုတ်ကြဘူးလေ ။
သူကဖုန်းအားသွင်းခေါင်းလိုအထိမ်းလေးမပါဘူး
ဆာကစ်ပြားအထိုင်ကလဲ ကပ်ကပ်ရပ်ရပ်မရှိတော့ လူအားနဲ့ အရမ်းကာရောထိုးလိုက်ရင် အထဲက ခဲကပြုတ်ထွက်ကုန်တာ
ဟုတ်အကို
ရသည့်နည်းလမ်း လက်တည့်စမ်း
Posted using Partiko Android
စမ်းသည့်လက်တက်
ပြင်မရအောင်ပြက်
မည်သည့်အလုပ်ဖြစ်စေ စေတနာလေးပါရင်
တိုးတက်ဖို့လွယ်ပြီ
တဖက်လူလဲ ပြန်ကြည့်ပေးရတာပေါ့ဆရာရယ်
ဦးယုက ကိုယ်တိုင်လုပ်ပြီး ရောင်းရမှာ။
ဟုပ်ပါ့ဗျာ တရုပ်ပြုသမျှနုနေရတာ
ရင်နာလှပြီဗျာ
တချို့ဆိုပစ္စည်းပိုင်ရှင်ဘက်မစဉ်းစားပေးဘူး....ကောင်းပါတယ်...ခုလိုနှစ်ဦးနှစ်ဘက်အတွက်စဉ်းစားပေးတာ...ဗဟုသုတလည်းရပါတယ်....
Posted using Partiko Android
အားပေးတဲ့အတွက် ကျေးဇူးပါ
သေချာလုပ်ထားတာနေမှာပါ အဲဒါ တရုပ်စက် တွေ နေမပေါ့ ပျက်မှ ရောင်းရပေမပေါ့ မပျက်ရင် မရောင်းရတော့ဘူးဆိုတဲံ လက်ကိုင်ထားတာ ကျွန်တော်တို့လို့ပဲ မြန်မြန်ပျက်ပါစေ ဆုတောင်းနေစရာမလိုဘူးလေ
စီးပွားရေးဗြူဟာပေါ့ ဆရာရယ်
အေးလေ အာ့လို ပျက်မ သူတို့ဟာ အသစ်တေ ထက်ရောင်းရမာလေ နိပိန်းတာဟာ😁
Posted using Partiko Android
ဟုပ်ပါ့အေ မြန်မြန်ပြက်အောင်လုပ်ထားတယ်
ခဲဂေါက်ကလေးတောင်မဆော်တတ်သေးပါဘူး။စမ်းကြည်ချင်နေတာ
ကျွမ်းကျင်ရာ လိမ္မာတာပါ့ဆရာရယ်
ပညာတွေကလိုက်မမှီဘူး
တော်တာကွာ ဦးယု
Posted using Partiko Android
တို့ဦးယုက စေတနာကလည်းကောင်း ပညာကလည်းတော် customer အားလုံးအတွက် ပိုပြီးအဆင်ပြေတာပေါ့။