ပန်ကာတလုံး ပြုပြင်ထိမ်းသိမ်းနည်းများ
ပန်ကာတလုံးပြုပြင်ထိမ်းသိန်နည်းများ
ဒီတခါတော်ယုံတန်ယုံပျက်ထာလောက်ကိုပြင်ဆိုင်မသွားဘဲမိမိဘာသာမိမိ တပ်နိုင်သလောက်ပြုပြင်တပ်စေရန်ပန်ကာတလုံးပျက်တတ်တဲ့သဘောတရားနဲ့ ပန်ကာတလုံးတည်ဆောက်ထားပုံကို ဗဟုသုတတင်ပြပေးမှာဖြစ်ပါတယ်၊ပန်ကာမှာတပ်ဆင်ထားသောမော်တာသည်ဝင်ရောက်လာသောAC 220v ရဲ့ကြိမ်နူန်းကိုအခြေခံ၍လည်ရပါသည်၊ထိုကြောင့်လည်နှူန်း Speed သည် ပတ်ထားသောကွိုင်အပတ်အရည်အတွက်ပေါ်မူတည်သလို တပ်ဆင်ထားသောကွက်ဒစ်ဆာခေါ်တဲ့ ကက်ပစီတာရဲ့ ကြိမ်နူန်းပေါ်လဲများစွာမူတည်ပါသည်၊ထိုကက်ပစီတာရဲ့တန်ဘိုးအတိုးအလျှော့ပြုလုပ်ခြင်းဖြင့် လည်ပတ်နူန်းကိုလည်းအတိုးအလျှော့ပြုလုပ်နိုင်ပါသည်၊
ရိုးရိုးပန်ကာများသည် အေစီဗို့ကို မော်တာအတွင်းတိုက်ရိုက်ဝင်ရောက်သည်ဖြစ်သဖြင့်ပျက်လျှင် ၇၀% ခန့်သည် မော်တာကွိုင်လောင်တပ်တာများပါသည် ၊တခါတရံ မော်တာမလောင်ဘဲ ကျန်သည့်အစိတ်အပိုင်းလေးများပျက်တပ်တာကိုလဲတွေ့ရှိရပါသည်၊
ပထမဆုံးမီးပလပ်ကြိုးမှစ၍ ကြည့်လျှင်မီး ကြိုးအစတစသည် ပန်ကာကွိုင်ထုပ်ထဲသို့တိုက်ရိုက်သွားပါသည် ကျန်သည့်အစတစမှာ လက်လှည့်တိုင်မာခလုပ်ဆီသို့သွားပါသည်၊လက်လှည့်တိုင်မာခလုပ်မှကက်ဆက်ခလုပ်ကဲ့သို့ ဝမ်းတူးသရီးခလုပ်ခုံဆီသွားပါသည်၊ဝမ်းတူးသရီးခလုပ်ခုံမှ မိမိနိပ်သည့် ခလုပ်၏နံပတ်စဉ်အတိုင်းဝမ်းဆိုဝမ်း တူးဆိုတူး သက်ဆိုင်ရာနံပါတ်ကြိုးကိုနိပ်လိုက်လျှင်ချိပ်ပေးသွားပါသည်၊ဤအထိအဆက်အသွယ်များကောင်းမကောင်းကိုကြည့်ပါ တခါတလေ ခလုပ်များသည် နိပ်ပါများ၍ ဂျီးတက်နေ၍လုစ်ဖြစ်နေတပ်ပါသည် မထိတထိဖြစ်တပ်ပါသည်၊ တခုချင်းကို မီတာထောက်၍ကောင်းမကောင်းနိပ်ကြည့်ပါ
ကောင်းပြီဆိုလျှင် မီးပလပ်ထိုးပြီးမော်တာထဲကအော်သံကို နားထောင်ကြည့်ပါမလည်နိုင်ဘဲအော်နေလျှင်ပန်ကာအရွက်ကိုလက်နဲ့လှည့်ကြည့်ပါ ပေါ့ပါးသလား ကြပ်သလား အသုံးကြာလာလျှင် အထဲမှကြေးဘွပ်များဂျီးကပ်ပြီးမလည်နိုင်အောင်ဖြစ်တပ်ပါသည်၊ကြေးဘွပ်ဝင်ရိုးထဲသို့ အင်ဂျင်ဝိုင်ဘရိပ်ဆီထည့်၍ပေါ့ပါးအောင်လုပ်ပါ စားသုံးဆီများအုန်းဆီများမထည့်ရပါ၊ဆီထည့်ပေါ့ပါးပြီးမလည်နိုင်ဘဲအော်နေ၊နှေးနေလျှင်
ကွိုင်နာသွားပြီ၊ကွိုင်လောင်သွားပြီလို့မှတ်ပါ၊
အကယ်၍မီးပလပ်ထိုးကြည့်၍ မော်တာထဲမှဘာသံမကြားရလျှင်မျှော်လင့်ချက်ရှိပါသေးသည်၊အထဲမှကွိုင်ထုပ်တွင်ဖြူးမဲမဲလေးပါရှိ၍ ထိုဖြူးပြတ်လျှင် ကွိုင်ထုပ်ထဲမီးမဝင်သော့ကြောင်ဘာသံမကြားရခြင်းဖြစ်ပါသည်၊ထိုအခါမော်တာကိုအောက်ပါအတိုင်းတဆင့်ချင်းဖြုပ်၍ ဖြူးကိုရှာပါ
ထိုဖြူးကိုအလွယ်တကူဝယ်ရလျှင်အသစ်လဲလိုက်ပါ၊ ဝယ်မရလျှင်ဖြူးငုပ်ကလေးနှစ်ခုကိုပူးပေးလိုက်ပါ၊ အားလုံးသေသေသပ်သပ်လုပ် ပြီးလျှင် အထိုင်ကျအောင်မော်တာကိုလုံးပြီး ပြန်စမ်းကြည့်ပါ ဒါမှမလည်ရင်သိုမဟုပ်အော်နေရင်၊ပုံမှန်မလည်ရင်ဆိုင်သာပို့လိုက်ပါလို့ပြောကြာရင်း......
Post writer=@yuzana(shineshine)
MSC=146








တော်ရုံလောက်ဆိုအိမ်မှာဘဲစမ်းပြင်ကြည့်လို့ရတာပေါ့...ကောင်းပါတယ်ဒီလိုပြောပြတာ....
Posted using Partiko Android
လုပ်ကြည့်မှ ပညာလဲရ ပိုက်ဆံကုန်လဲသက်သာလုပ်သာလုပ်
ဝါသနာပါရင် ကလိလို့ ရပြီပေါ့
Posted using Partiko Android
ကလိသာ ကလိ
မရတဲ့အဆုံးဆိုင်ပို့ပေါ့ ဘာဖြစ်သေးလဲ အဟီးး
ဝါသနာပါရင် ကလိလို့ ရပြီပေါ့
Posted using Partiko Android
ကလိစေဗျာ
ပျက်နေတဲ့ အိမ်က ပန်ကာလေးတစ်လုံးတောင်ပြင်ချင်လာပါပေါ့
ချသာချ ဆရာ ကောင်းသွားရင် ဗဟုသုတလဲရ ပိုက်ကုန်လဲသက်သာ
မရတဲ့အဆုံးဆိုင်ပို့ ဒါဘဲပေါ့ဆရာ
relay အကြောင်းလေး တင်းပေးပါဦးယု။
တင်မှာပါ ကိုမဟော် ကျွန်တော်က စိတ်ထဲရှိရာ ပေါ်လာရာတင်တာ
တမျိုးထဲ မြဲတင်နေရင် စာဖတ်သူ ညဉ်းငွေမှာစိုးလို့ပါ
အိမ်မှာတော့ တစ်ဘုံးပျက်နေတာရှိတယ်
စမ်းကြည့်ရမှာပဲ ကျေးဇူးပါဦယု
ဆရာရေ့ ပန်ကာအကြောင်းတော့လေ့လာထား
မပြက်မရှိဘူးအမြဲတန်း လည်နေရတဲ့အရာဆိုတော့
အိမ်ကပန်ကာတော့ အသစ်ရပြီသာမှတ် ☺
အခုလာတဲ့အသစ်တွေက မကောင်းဘူး
ကြေးကြိုးနဲ့မလာဘဲ ဒန်ကြိုတွေနဲ့ လာတော့တာ
သိပ်မခိုင်ချင်ဘူး
အတော်ပဲ ဆရာယုရေ အိမ်ကပန်ကာတွေကိုထိန်းသိမ်းရေးလုပ်တာ့မယ်
ကွိုင်မလောင်ရင် အပေါ်က ပြစ်ချက်လောက်ဘဲ ပျက်တပ်တာပါ
ထေ့ထာမှတ်သားထာပါ့မယ်
Posted using Partiko Android
ကျွန်တော်တော့ မပြင်ရဲဘူး ပြင်သမျှအသစ် အကုန်ပစ်ရလို့ ကြောက်ပြီယေ ။
ပညာဆိုတာပိုက်ဆံကုန်မှတပ်တာမောင်ရဲ့