TV စက်ပြင်မှတ်တမ်း အပိုင်း(၇)
TV စက်ပြင်မှတ်တမ်း အပိုင်း(၇)
အစစအရာရာစစ်ဆေးပြီး H out trရဲ ဘေ့စ်နဲ့အီမေတာကိုမီတာကိုACမှာထားပြီးခွတိုင်းထားပါ ထိုနောက်ပါဝါonကြည့်ပါAC 1.5 ထွက်ရပါမည်၊AC1.5ထက်ပို၍ဗို့ထွက်လျှင်မီးလုံးကွဲမည့်အန္တရယ်ရှိ၍H out tr မတပ်သင့်ပါ။တချို့စက်ပြင်ဆရာများသည်ဤနေရာမှာ1.5 v led မီသီးသေးလေးခွပြီးခဲနဲ့တွဲ၍ပြင်ကြသည်ကိုလဲတွေရ၏၊သဘောကတော့ led မီးသီးလင်းလျှင်ရပြီးအကယ်၍မီသီလေးကျွမ်းသွားလျှင် အန္တရယ်ရှိသည်ဆိုပြီးသင်တန်းကသင်သည့်အတိုင်းစက်ပြင်ကြခြင်းဖြစ်သည် သဘောတရားကတော့အတူတူပင်ဖြစ်လေသည်။အော်လဇေးရှင်းဗို့မှန်ကန်စွာထွက်လာပြီဆိုပါက မီးလုံးပင်းဘေ့ ကိုစွပ်ပြီး H out tr ကိုတပ်ဆင်ပါ၊
မီးလုံးကိုယ်ထည်ကိုတပ်ဆင်ထားသောလေစုပ်ခွက်ကို လောလောဆယ်မတပ်ဘဲ လွပ်ရာကျွပ်ရာမှာတန်းလန်းလေးချထားပါ၊ထိုနောက် ကျောကိလှည့်တချောင်းကို လေစုက်ခွက်အတွင်းမှသံပြားနှင့် မထိတထိ အနေအထားလေးထားပြီး ပါဝါ on ကြည့်ပါ ၊စက်ပြားအားလုံးကောင်းလျှင်ရွှီးဆိုပြီး လေစုပ်ခွက်မှ ကျောက်လှည့်သိုလျှပ်စစ်များခုန်ကူးနေသည်ကိုတွေ့ရှိရပါလိမ့်မည်၊ထိုလျှပ်စစ်ဗို့အားမှာသောင်းဂဏန်းရှိသဖြင့်အန္တယ်ရှိပါသည်၊အင်ပီယာကတော့အတော်ပင်သေးငယ်ပါသည်၊ ထို့ကြောင့် မီးထွက်လားမထွက်လားလက်နဲ့ကိုင်ကြည့်ခြင်းများလျှာနဲ့တို့ကြည့်ခြင်းများမပြုလုပ်ရပါ၊ ပါဝါပိတ်ထားသော်လည်း ဗို့အားများအောင်းပြီးကျန်ရှိနေသဖြင့် လေစုပ်ခွက်အတွင်းမှာသံပြားနှင့်မီးလုံးဘော်ဒီနဲ့ရှော့ရိုက်ပြီးမှ မီးလုံးကိုလေစုပ်ခွက်တပ်သင့်ပါသည်၊လေစုပ်ခွက်နှင့်မီးလုံးတပ်လျှင်လဲ မီးလုံးရဲအပေါက်ထဲသို့လက်တို့၍လည်ကောင်း လက်နိုက်၍သော်လည်ကောင်းမတပ်ရပါ မီးလုံးရဲ့အထဲတွင်မီးပလပ်ကြိုးမတပ်ထားသော်လည်းဗို့အားများအောင်းနေသဖြင့် လူကိုဓာတ်လိုက်တပ်ပါသည်၊ လေစုပ်ခွက်ကိုအကျအနတပ်ပြီးရင် ဖလိုင်းဖက်ရဲ့စကရင်းဗိုတွေ ဖိုကပ်ဗို့တွေကို တဝက်နီးပါးလောက်လျှော့ချပြီး ပါဝါနိုးကြည့်ပါ မီးလုံးအတွင်းမှ ဖျန်းကနဲမြည်သွားလျှင်ပါဝါပွင့်ပါပြီ တီဗွီမှန်ပြင်တွင်အလင်းရောင်ပေါ်လာရန် တမိနှစ်ခန့်မျှစောင့်ပေးပါ အကယ်၍မပေါ်ကလျှင် ဖလိုင်းဖက်မှ စကရင်းဗို့ကိုနည်းနည်းချင်းတင်ကြည့်ပါ အလင်းရောင်ပေါ်လာပါလိမ့်မည်၊ မီးလုံးရဲ လိုဂိုတံဆိပ်တွေကြည့်ပြီး ရုပ်ပုံပြတ်သားမှူကို
ဖိုးကပ်ဖြင့် ချိန်ကြည့်ပြီး အပြတ်သားဆုံးအနေအထားမှာထားလိုက်ပါ၊
တကယ်တန်းပြောရလျှင်တီဗွီတလုံးပြင်ဘို့ကလွယ်ကူသောအလုပ်တခုမဟုပ်ပါဘူး အခုလက်ရှိအနေအထားသည် ပါဝါပွင့်ရုံမျှသာရှိပါသေးသည်နောက်ပိုင်းမှန်ပြင်မှာရုပ်ပုံပေါ်ပြီးလျှင်လည်းပြစ်ချက်များကျန်ပါသေးသည်၊ရုပ်ပုံများရှည်နေချင်း ဘေးဘောင်များကျဉ်းနေချင်း အပေါ်အောက်ကျဉ်းနေခြင်း ကာလာအနေအထားများမမှန်ခြင်းစသော မြောက်များစွာသောပြစ်ချက်များကျန်ပါသေးသည်၊ကျွန်တော်တို့စက်ပြင်သမားများပါဝါပွင့် မှန်ပြင်မှာအလင်းပေါ်သော်လည်းတဝက်မျှသာဝမ်းသာနိုင်ပါသေးသည်နောက်ပိုင်းပြစ်ချက်များကိုလည်းဆက်လက်ပြောပြပါအုံးမည်
ဆက်ရန်....
Post writer=@yuzana(shineshine)
MSC=146


Thank you ပါ
Posted using Partiko Android
အောက်စက်က cd ဖွင့်ရ dvd ဖွင့်မရ ပြောပြပါဗျ
မှန်ဘီလူးက လေဆာအားကျ တော့တာ
မှန်ဘီးလူးလို့ခေါ်တဲ့DVD လန့်စ် လဲ ပြစ်လိုက OK
Good technology
Posted using Partiko Android
ကျေးဇူးပါ
TV ပြင်တာကို အသေးစိတ်ပြောပြတာ ဗဟုသုတရပါတယ် အကိုယုရေ
ကျေးဇူးပါဗျာ
လေးစားပါတယ်ဦးယုရေ။
ကျေးဇူးပါကိုမဟော်
အစ်ကိုယုရဲ့ T.Vစက်ပြင်ပညာတွေကို စနစ်တကျ ရှင်းပြပေးထားတာ လေးစားမိပါတယ်ခင်ဗျာ။ကောင်းမွန်သော post လေးပါ။
ဖတ်ပေးတဲ့ အတွက် ကျေးဇူးပါ
စက်ပြင်တာကတော့ ဆရာပါပဲ။ Diagram တွေရောကြည့်တတ်လား။ ကြည်တတ်ရင်တော့ လက်တွေ့စာတွေ့ပေါင်းလိုက်ရင် လိုက်မမီတော့ဘူး
မည်သည့်စက်ဖြစ်နေဖြစ်နေ အဲ့ဒီ DIAGRAM
အရေးပါဆုံးဘဲ အဲ့ဒါသာအစုံရှိလို့ကတော့ ပြင်ရတာ တဝက်လောက်သက်သာတယ် ဒါပေမဲ့စက်တိုင်းထည့်မပေးကြဘူး လိုင်းပေါ်ရှာရတာ တချို့ကြ အဲ့ဒီ PDF ကို လိုင်းပေါ်အလကားမရဘူး ဝယ်ရတယ်
အဲဒီ လေစုပ်ခွက်ကို လက်နဲ့ကိုင်ပြီး ပါဝါကျွေးကြည့်ရင် နတ်ပြည်ရောက်တယ်ဆိုလားပဲ ☺
အဟပ် အဟပ် သေကုန်တော့မှာပါ့
ဗဟုသုတရလို့ ကျေးဇူးပါ ဦးယု
ယုပြင်တဲံTV တွေကလည်း အိမ်မှာ အဝတ်လျှော်ကျောက်ပြားလုပ်တဲ့ဟာတွေ။