TV စက်ပြင်မှတ်တမ်း အပိုင်း(၉)
TV စက်ပြင်မှတ်တမ်း အပိုင်း(၉)
ကက်သုတ်မှထွက်လာသည့်စူးရှသေးငယ်သောအလင်းတန်းလေးသည်တီဗွီဖန်သားပြင်ပေါ်မှာရုပ်ပုံကိုပေါ်စေပါသည်၊မှန်ပြင်ပေါ်မှာအလင်ပြန့်စေရန် မီးလုံးလည်တိုင်မှာစွတ်ထားသော ကွိုင်ထုပ်(ရုပ်ကွိုင်)သည်အဓိကအရေးပါ ပါသည်၊
မီးလုံးမှန်ပြင်၏ မျက်နာစာတွင် ဗလာစာအုက်ကဲသို့မျဉ်းကြောင်းလေးတွေရှိပါသည် ၊ထိုမျဉ်းကြောင်းကလေးတွေကစပေါ့သေးသေးလေးလေးတွေနှင့်တန်းစီထားခြင်းဖြစ်ပါသည် ၊မှန်ပြင်တခုလုံးကိုခြုံကြည့်လျှင် အလွန်တရာသေးငယ်သောစကာပေါက်ကလေးတွေပါသည့်သံဇကာနှင့်အတွင်းပိုင်းမှာအုပ်ထားခြင်းဖြစ်ပါသည်၊ ထိုသံဇကာပေါက်ကလေးတွေနှင့်မီးလုံးမျက်နာပြင်မှာသုပ်ထားသောရောင်ပြန်စပေါ့လေးတွေနှင့်ကွက်တိကြနေသည်၊မီးလုံးကိုရိုက်ခွဲလိုက်လျှင် ထိုသံဇကာကိုတွေရှိရပါလိမ့်မည်၊ မီးလုံးနောက်ဖက်ကက်သုပ်မှထွက်လာသောလျှပ်စစ်အလင်းတန်းစပေါ့ကို မီးလုံးလည်တိုင်မှာစွပ်ထားသည်ရုပ်ကွိုင်ရဲ့ ဘယ်ဖက်ကွိုင်နှင့် အပေါ်ကွိုင်တို့ရဲ့သံလိုက်ဆွဲငင်မှူကြောင့် ပထမဆုံးမှန်ပြင်ရဲ့ ဘယ်ဖက်အပေါ်ထောင့်မှာလာရောက်ထိမှန်ပါသည်၊ ထိုမှတဆင့်တဖြည်းဖြည်းခြင်း
ရုပ်ကွိုင်၏ညာဖက်ကွိုင်ရဲ့ဆွဲယူမူကြောင့်မှန်ပြင်ရဲ့ညာဖက်အပေါ်ထောင့်မျဉ်းကြောင်းအဆုံးစပေါ့ပေါ့်သို့ရောက်ရလေသည်၊
ထိုမှတဆင့်ကျွန်တော်တို့စာဖတ်သလိုအပေါ်မျဉ်းကြောင်းဆုံးပြီးအောက်မျဉ်းကြောင်းအစသို့ရောက်ရှိစေပါသည်၊ထိုကဲသို့ စပေါ့်လေးများကိုစာဖတ်သကဲ့တချက်ခြင်းထိမှန်လာပြီးနောက်ဆုံး ရုပ်ကွိုင်ရဲ့အောက်ကွိုင်နဲ့ညာဖက်ကွိုင်တို့ရဲဆွဲငင်မူ့ကြောင့်မှန်ပြင်ရဲ့ညာဖက်အောက်ဆုံးထောင့်ကိုရောက်ရှိစေသည်၊ ကက်သုပ်မှထွက်လာသောလျှပ်စစ်အလင်းတန်းလေးက စပေါ့အစမှအဆုံးအထိ တချက်ခြင်းထိမှန်လာသောဖြစ်စဉ်တခုသည်၊
ရုပ်ပုံကားချပ်တခုပင်ဖြစ်လေသည်၊ထိုကားချပ်တခုသည် ရုပ်ရှင်ဖလင်ရဲ့ ဖလင်ကွက်တခုနှင့်တူ၏၊ရုပ်ရှင်ဖလင်ရဲ့အကွက်တကွက်သည် အပေါ်ဖလင်ကွက်နှင့်အောက်မှဖလင်ကွက်တူသယောင်ယောင်ရှိပြီး နဲနဲလေးဘဲကွဲလွဲနေ၏။ဆယ်လေးငါးကွက်လောက်ရောက်မှသာလျှင်ရုပ်ပုံများကွဲလွဲနေသည်ကိုတွေ့ရှိရသည်။ထိုဖလင်ကို ဆက်တိုက်ဆွဲယူလိုက်သောအခါလှူပ်ရှားနေသောရုပ်ရှင်ကိုရရှိလေသည်၊
တီဗွီမှန်ပြင်တွင်လည်ထိုကဲသိုပင်ဖြစ်လေသည်၊စပေါ့လေးတွေကိုအစအဆုံးဖတ်ခြင်းဖြစ်စဉ်ရုပ်ပုံကားချပ်တွေကို တစက္ကန့်အတွင်းပုံသုံးလေးဆယ်အထိပြီးအောင်ဖတ်သွာလေသောအခါလှူပ်ရှားနေသောရုပ်အရှင်ကိုမြင်ရလေသည်။တီဗွီတလုံးနှင့်တလုံးတစက္ကန့်အတွင်းပြောင်းလဲသွားသောရုပ်ပုံအရေအတွက်မတူညီပေ၊ပုံကားချပ်တခုနှင့်တခုပြောင်းလဲသွားသည်ကိုကျွန်တော်တို့ရဲ့သာမှန်မျက်စိဖြင့်မမြင်နိုင်ပေ၊ဖေကွန်စီတိုင်းသောစက်များနှင့်သာသိရှိနိုင်လေသည်၊ရုပ်ပုံကွက်တခုနဲ့တခုအကူးအပြောင်းတောင်သာမန်မျက်စိနှင့်မသိနိုင်ဘူးဆိုလျှင်တော့ စပေါ့လေးတွေကိုတချက်ခြင်းရိုက်ခပ်ပြီးရွေလျှားလာသည်ကို ပို၍ပင်ကျွန်တော်တို့မျက်စိဖြင့်မသိနိုင်ပေ၊ထိုဖြစ်စဉ်အားလုံသည် အဖြူအမဲတိဗွီရဲ့ဖြစ်စဉ်ပင်ဖြစ်လေသည်၊ကာလာတီဗွီဆိုလျှင်ပို၍ပင်ဖြစ်စဉ်တွေကအနုစိတ်ပေလိမ့်မည်၊
ဆက်ရန်......
Post writer=@yuzana(shineshine)
MSC=146
.jpeg)


Good
Posted using Partiko Android
Good
အယ်လဲ့ ငါးချဉ်ကြီး တယ်ကောင်းတာကိုးးး ခ်ခ် စတာနော် တွေ့လိုက်လို့
မန့်စရာရှာနေတဲ့အကောင့်လေ
မန့်နိုင်မှ ပွိုင့်ရ
စဉ်ဆက်မပြတ်လှုပ်ရှားမှုဆိုတာက ရှင်သန်ခြင်းပဲမဟုတ်လား ဒါနဲ့ မီးလုံးလည်ပင်းလေးကျိုးသွားတာရှိတယ် ပြင်လို့ရအုံးမလား
မှောက်ထားပြီး အဝတ်လျှော် ကြောက် ပြားလုပ်လို့ရတယ်ဆရာ
ငယ်ငယ်တုန်းက ဖြူမည်း တီဗီနဲ့ ကြည့်ခဲ့ရတာ သွားသတိရတယ် ဘဒိုရေ
အခု တင်ပြတာက အဖြူအမည်းတလုံးရဲ့အလုပ် လုပ်ပုံပါ
စိတ်ဝင်စားဖို့ကောင်းတယ်...ကြည့်သာကြည့်နေတာအသေးစိတ်ဘာမှမသိဘူးလေ...ဗဟုသုတရလို့ဆက်အားပေးပါ့မယ်....
Posted using Partiko Android
အခြေခံမရှိရင် မျက်စိထဲ ပေါ်ဘို့မလွယ်ဘူး
Congratulations @yuzana! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :
Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word
STOPDo not miss the last post from @steemitboard:
ပညာရပ်ပိုစ်လေးမို့ကြိုက်ပါတယ်အကို
Posted using Partiko Android
နည်းပညာပိုစ်ပါ အီလက်ထရောနစ်အခြေခံရှိသူတွေဘဲ နားလည်လောက်မယ်ထင်တယ်
အသိတွေတိုးစေပါတယ်ဦးယု။ကျေးကျေး
ဗဟုသုတသဘောလောက်ပါ
ဒီအဆင့်တွေ ကျွန်တော်တို့ မြန်မာတွေလိုက်လုပ်နိုင်ဘို့ခက်ပါတယ်
အိမ်က tv တော့ သက်တမ်းကြာလို့ ကာလာမှ ဖြူမဲ ဖြစ်သွားပေါ့
အဲ့တာ ဟိုဒင်းကို ဟဝှာလုပ်လိုက်ရင် ရတယ် သထွေး ဦးယုပြောပြလိမ့်မယ် ။
သက်တမ်ကြာလို့ ဖြူမဲ ကတော့ဖြစ်မသွားဘူးဆရာ
ကလာတွေ ကစောက်ကစက်နဲ့အနားသပ်တွေ ရှန်ထွက်တာဘဲရှိတာ စက်ပြားကတခုခု ချို့ယွင်းလို့ရှိမယ်
tv မှန်ကြီးတွေက အထူကြီးတွေနော် ဦးယု အဲ့တာမျိုးတွေပါမန်း မသိခဲ့ ။
ဟုပ်တယ် မကောင်းတဲ့မီးလုံးကိုရိုက်ခွဲရင် ပီနံ အိပ်ထဲထည့်ပြီခွဲရတယ် လူအန္တရယ် မရှိအောင်
ဦးယုကိုတော့ လေးစားပါတယ်ဗျာ
တီဗီပြင်တာ ဆရာကျတယ်လေ