TV စက်ပြင်မှတ်တမ်း အပိုင်း(၁၂)
TV စက်ပြင်မှတ်တမ်း အပိုင်း(၁၂)
ဗာတီကယ်ပိုင်းအပေါ်အောက်ကျဉ်းတဲ့ပြဿနာကြုံရသလို တခါတလေဘေးနှစ်ဖက်ကျဉ်းတဲ့ပြဿနာလဲကြုံရတပ်ပါတယ်၊ဘေးနှစ်ဖက်ကျဉ်းတဲ့ပြဿနာကိုတချို့ပြစ်ချက်တွေမှာလွယ်ပြီးတချို့ပြစ်ချက်တွေမှာအတော်ခက်ခဲပါတယ်၊ဟော်လဇင်နယ်ပိုင်း ဟိုက်ဗို့ဒိပ်ပိုင်းဖြစ်နေလို့ပါဘဲ ၊ဒီလိုကျဉ်းတဲ့ပြစ်ချက်ဖြစ်ပေါ်စေတတ်တာကတခါတလေတရုပ်တီဗွီတွေမှာဖလိုင်းဖက်နားက ငုပ်ကလေး လေးခုကိုချိန်းပြီး တငုပ်ပြီးတငုပ်စမ်းပြီးချိန်းတပ်ကြည့်ရင်လဲကျယ်သွာတပ်ပါတယ်၊
ဒီငုပ်ကလေးတွေက ဘေးနှစ်ဖက်အကျဉ်းအကျယ် ချိန်းတဲ့ငုပ်ကလေးတွေပါ၊ဒါမျိုးပြစ်ချက်ကဖလိုင်းဖက်လဲတဲ့အခါဖလိုင်းဖက်မကိုက်ရင်လဲဖြစ်တတ်ပါတယ်၊ဒါကြောင့်ဖလိုင်းဖက်ကလည်းOutနေရင်မကောင်းရင်လဲ ဖြစ်တတ်ပါတယ်၊နောက်ပြီးဆားဗစ်မုကုဒ်လွဲနေရင်လည်းဖြစ်တတ်ပါတယ်၊တခါတလေ ဟော်လဇင်နယ်ပိုင်း ဖလိုင်းဖက်နားကဒစ်ကွန်ဒစ်ဆာတွေကွဲထွက်တာတွေလဲဖြစ်တတ်ပါတယ်၊အဲ့ဒီအနားက ဒိုင်အုပ်တွေယိုစီးနေရင်လည်းဖြစ်တတ်ပါတယ်၊အဲ့ဒီဟိုက်ဗို့ဒိတ်အပိုင်းကိုစက်ပြင်သမားတော်တော်များများကိုင်ရမှာကြောက်ပါတယ်၊အန္တရယ်တအားများလို့ပါ၊ သူ့အနားကလောင်တဲ့ပစ္စည်းသူ့တန်ဘိုးနဲ့သူ ညီတဲတန်ဘိုးကိုအတိအကျရှာထည့်သင့်ပါတယ်၊တန်ဘိုးမညီခဲ့ရင်တခါတလေ ပါဝါဖွင့်လိုက်တာနဲ့Hout tr လောင်သွားခြင်း ဖလိုင်းဖက်လောင်သွားခြင်းအပြင်နောက်ဆုံးမီးလုံးလည်တိုင်ပါကျိုးသွားတပ်ပါတယ်၊
အဲ့ဒီအနားကပစ္စည်းများတန်ဖိုးများရော့သွားခဲ့ရင် hout trခနလေးနဲ့ပူပြီးလောင်သွားခြင်း ဖလိုင်းဖက်ထဲမှစီစီအော်ပြီး ဖလိုင်းဖက်လောင်သွားခြင်း ရုပ်ပုံမှာ တခါတလေစွေစောင်းစောင်းတွေဖြစ်ပြီးတွန့်လိမ်သွားခြင်းဖြစ်တပ်ပါသည်၊ထိုပြဿနာမျိုးကအဖြေရှာဘို့တအားခက်ပါတယ်၊အဓိကကတော့ဒစ်ကွန်ဒစ်ဆာတွေကိုတန်းဘိုးတူညီတာရှာပြီလဲထည့်သင့်ပါတယ်၊တန်ဘိုးနီးစပ်လို့ဆိုပြီးမထည့်သင့်ပေ တော်ကြာမလိုလားအပ်တဲ့ပြဿနာတွေဖြစ်ပြီးစိပ်ညစ်သွားပါလိမ့်မည့်
ရုပ်ပုံမှာ အပေါ်နားမှာဖြစ်စေ အောက်နားမှာဖြစ်စေ လေးကိုင်းသဖွယ်ကွေးနေလျှင်တော့ မီးလုံးလည်တိုင်မှာစွပ်ထားသောရုပ်ကွိုင်ကိုဖြုတ်ကြည့်သင့်ပါသည်၊ဟော်လဇင်နယ်ကွိုင်လောင်နေတတ်တာတွေ့ရပါသည်၊ထိုရုပ်ကွိုင်သည်အသစ်မလာပါ၊အဟောင်းတွေထဲမှကိုက်ညိသည့်ရုပ်ကွိုင်ကိုရှာထည့်ရပါသည်၊ထိုရုပ်ကွိုင်ပြစ်ချက်သည်ဆမ်ဆောင်းတီဗွီများတွင်အဖြစ်များပါသည်၊ရုပ်ကွိုင်ကလည်းရှားပါးဖြစ်သဖြင့်ခက်ခက်ခဲခဲပြန်ပတ်ရပါသည်၊ပြန်ပတ်သည့်နေရာတွင် မိုလ် လုပ်ပြီးပတ်ရသဖြင့် လက်ခများပါသည်၊
နောက်ပြစ်ချက်တမျိုးက အပေါ်အောက်ထောင်လိုက် စဉ်းကြောင်တခုထဲပေါ်နေ ပြီးရုပ်ပုံမပေါ်တဲ့ပြစ်ချက်မျိုးလည်းဖြစ်တပ်ပါသည်ထိုပြစ်ချက်သည် ဟော်လဇင်နယ်ရုပ်ကွီုင်ကြိုးသည်ဟိုက်ဗို့ဒိပ်ဖြစ်သဖြင့် ပြတ်နေခြင်းများပြုတ်နေခြင်းများဖြစ်တပ်ပါသည်၊ရုပ်ကွိုင်လောင်နေလျှင်လည်း ဖြစ်တပ်ပါသည်၊
ဆက်ရန်....
Post writer=@yuzana(shineshine)
MSC=146



ဦးယုတို့ ပညာက မလွယ်ပါဘူးဗျာ။လေးစားပါတယ်ဦးရေ။
ဟာ တကယ်မလွယ်ဘူး လိုက်မကုန်ဘူး
တတ်နေရင် ပြင်ဆရာတွေ မပြင်ရမှာစိုးးသမို့
ပျက်ရင် ပြင်ဆိုင်ပဲပို့လိုက်တော့မယ်နော့😁
သိပ်မှန်တာပေါ့ လုပ်တပ်ရင် လုပ်နေရအုန်းမယ်
ကြိုးသေးသေးလေးတွေနဲ့ ရှုပ်ပွနေတာဘဲနော် အထဲမှာ
ပင်ကူ အိမ်ထက်တောင် ဆိုးတယ်နော်
ဒါမျိုးလေးတွေ ဗဟုသုတရတယ် ကိုယုရေ 😊😊
Posted using Partiko Android
ဗဟုသုတလောက်ပါဘဲ ခင်ဗျာ
ဟုတ် ကိုယု 😊😊
Posted using Partiko Android
အရင်ခေတ်က TV ဗုံးတွေက ရှားကုန်ပြီနော် LCD ပဲအတွေ့များ အသုံးများတာတွေ့တယ်
ဗဟုသုတပေါ့ဦးဇင်းရယ်
LCD တွေကလည်းဒီ CRT TV တွေကိုအခြေ ခံ ဆောက်ထားတာမို့
အခြေခံဗဟုတ ပေါ့
အေးပါ ခုလို ပြောပြပေးတာ ကောင်းတာပေါ့😁
Posted using Partiko Android
ဖတ်ပေးတာ ကျေးဇူးတင်ပါတယ် မတ်မတ်
စက်ပြင်ဆရာတွေအလုပ်လည်း တဖြည်းဖြည်းရှားပါးလာပြီထင်တယ် ဦးယုရေ အချပ်လိုက်လဲ အလုံးလိုက်ဝယ်တွေခေတ်ကို ရောက်နေတော့ ကြာရင် တကယ် ပြင်တတ်သူတွေတောင်ရှားသွားမလားပဲဗျို့
ဘယ်လိုပင်အသစ်တွေပေါ် ပေါ် ဒီအဟောင်းတွေကိုဘဲ အခြေခံပြီးထွက်လာတာမို့သိထားသင့်ပါတယ်
TV ပြင်တဲ့ ပိုစ့်ကို ဖတ်ရတော့ TV ပြင်ချင်စိတ်တော့ဖြစ်မိသားပဲ။
Your post has been chosen by C2 myanmar curation team.Members: @mmunited, @aggamun @nayhlaingsoe and @lwanwai.
ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
ကျေးဇူးတင်ပါတယ်ဗျာ
TV မှာဈေးအကြီးဆုံးက မီးလုံးလား card လား သိချင်လို့
ဆရာသမား မီးလုံးကအသစ်မလာဘူးဗျာ့ အဟောင်းထဲက ရှားပါတဲ့ကောင်ကဈေးတန်ပါတယ်ကြိုက်ရောင်းကြိုက်ဝယ်ပါ ဆရာ
ကဒ်ကတော့အသစ် တရုပ်ကဒ်ဘဲလာပါတယ် လက်မပေါ်မူတည် ဈေးကွာပါတယ်