အလောင်းတော်ကဿ ဖဘုရားဖူးခရီးစဉ်လေး
ကျွန်မတို့ ဘုရားဖူးအဖွဲ့ဟာမုံရွာမြို့က တည်းခိုခန်းမှာ အိပ်စက်အနားယူပြီး မနက် ၁နာရီခွဲအချိန်မှာ တော့ အလောင်းတော်က ဿ ဖ သို့ သွားရောက်ရန် လူတွေစုဝေးနေပါတယ် လူစုံတာနဲ့ ဘုရားဖူး ဧည့်လမ်းညွှန်လေးက ပြောပါတယ် "ဟုတ်ကဲ့ အားလုံး လူစုံကြပြီလားဗျ လူစုံရင် ကျွန်တော်တို့တွေ အလောင်းတော်က ဿ ဖကို သွားဖို့ အသင့်ဖြစ်ပြီပေါ့နော်"အဲလိုပြောပါတယ် ပြီးတော့ သူက"ကျွန်တော်တို့ ဘုရားဖူးအဖွဲ့သားများကို အလောင်းတော် က ဿ ဖသွားရန် ဘုရားဖူးကား သီးသန့်နဲ့သွားရမှာဖြစ်ပါတယ် ကျွန်တော်တို့ကားကြီးဖြင့် သွားရမှာ မဟုတ် ဘဲ ဒီက နေ အလောင်းတော် က ဿ ဖသွားသည့် ဘုရားဖူး ကား နှစ်စီးက လာခေါ်မှာ ဖြစ်ပါတယ် ခရီးလမ်းကလည်း တောတောင်လမ်းတွေဖြစ်လို့ ခရီးလမ်းကြမ်းမယ် နည်းနည်းတော့ သည်းခံပြီး စီးပေးကြပါနော်"ပြောတယ် အဲလိုနဲ့ မကြာခင်မှာ ကားတွေရောက်လာပါတော့တယ်
ကျွန်မတို့အဖွဲ့သားများဟာလည်းကားပေါ်တတ်ကြပြီး လူပြည့်တာနဲ့ကားကြီးကစတင်ထွက်ခွာလာခဲ့တယ် သိပ်မကြာခင်မှာတော့ကားဂိတ်ကိုရောက်ပြီး အဲဒီမှာ ကားတွေ ကန်တော့ပွဲပေးတာကို တွေ့လိုက်ရတယ် တောတောင်ထဲကို မောင်းရမှာ ဆိုတော့ အမှားအယွင်း အတိမ်းအစောင်းမရှိ စေရန် တောစောင့်နတ် တောင်စောင့်နတ်တွေ ကို ကန်တော့ပွဲ ပေးတယ်လို့ ထင်မိတယ် အဲဒီ အလောင်းတော်က ဿ ဖဘုရားကိုမနက်သွားမည်ဆိုရင်
ညကတည်းက ဘုရား ဖူး ဧည့်လမ်းညွှန်လေးက အားလုံးကို အနက်ဝမ်းဆက် အစိမ်းဝမ်းဆက် အနီ ဝမ်းဆက်တွေမဝတ်သွားပါနဲ့တဲ့ တခုခုအမှားအယွင်းဖြစ်မှာဆိုးလို့သူကတော့ သတိပေးပါတယ်
ကျွန်မတို့ ဘုရားဖူးယာဉ်များဟာ တန်းစီ မောင်းနှင်လျက်အလောင်းတော်က ဿ ဖသို့ ထွက်ခွာလာခဲ့ာပါတယ် မုံရွာကနေ အလောင်းတော်ကသဖကို မိုင် ၄၀မိုင်ဝေးတယ်လို့သိရပါတယ် ပထမပိုင်းတော့ လမ်းကဖြူးနေပေမဲ့ နောက်ပိုင်းမှာ လမ်းကကြမ်းတော့ ကားကခုန် ဖုန်လုံးကြီးကဝင်လာ လူကလည်းအိပ်ငိုက် နဲ့ အဆင်ကိုပြေနေတော့တာပဲ အဲလိုနဲ့မောင်းလာလိုက်တာ တောင်ခြေကိုရောက်ရှိလာပါတယ် အဲမှာပဲ မနက်စာ စားဖို့ ခရီးတထောက်နားခဲ့ကြတယ် မနက်စာစားအပေါ့အပါး သွားအပြီးမှာတော့ ခရီးဆက်ခဲ့ကြတယ်။တောင်ခြေကနေ အလောင်းတော်ကသဖထိကို တောင်၃၃တောင်ကိုဖြတ် မိုင် ၂၁မိုင် ဆက်ပြီးခရီးနှင်ခဲ့ကြတယ် လမ်းအနိမ့်အမြင့်တွေ အကွေ့အဝိုက်တွေ ကြား ချောင်းတွေပါ ဖြတ်သန်းပြီး မြိုင်ကြီး စိမ့်ကြီး တောကြီးထဲသို့ ဖြတ်သန်း ခရီးနှင်ခဲ့ကြတယ်
မနက် ၅နာရီခွဲ ကျော်လောက်မှာတော့ ရောက်ရှိခဲ့တယ်
အဲ ကနေတဆင့် ဆင်စီးသွားရင် ဖြစ်ဖြစ် လမ်းလျှောက်သွားဖြင့် ဖြစ်ဖြစ် ဆက်လက်၍ သွားရအုံးမည်ဖြစ်သညိ။မနက် ဝေလီဝေလင်းဆိုတော့ ဆင်တွေကလည်းမရှိသေး အဲဒါနဲ့ပဲ ကုန်းကြောင်းခရီးဆက်ခဲ့တယ် အထဲကို၁မိုင် လမ်းလျှောက်ရမယ်တဲ့ လမ်းတလျှောက် လမ်းမြေညှိပေးတဲ့ အဘတွေ တံမြတ်စည်းလှည်းပေးတဲ့ ဦးလေးတွေ လမ်းပြုပြင်ပေးတဲ့ ဦးလေးတွေ ဟာ စေတနာပါပါ လုပ်ကိုင်နေပါတယ် သူတို့လည်းတတ်နိုင်သလောက်လေး ကိုယ်တွေဘုရားဖူး တွေအတွက် အကျိုးပြုသလို ဘုရားဖူး ခရီးသွားများကလည်းပြန်လည်လှူဒါန်း ပေးကမ်းကြပါတယ် မြန်မာတို့ရဲ့ ချစ်စရာ့ ဓလေ့တခုပေါ့ အလှူအတမ်းပေးကမ်းရက်ရောတာလေးက မိနစ်၃၀လောက်လမ်းလျှောက်အပြီးမှာတော့ အလောင်းတော်ကဿ ဖ စံကျောင်းတော်ရာသို့ ရောက်ရှိခဲ့တယ်။
ဘုရားဝတ်ပြု ရွှေသင်္ကန်းကပ်နဲ့ ဘုရားဖူး လူများနဲ့ ပြည့်လျံနေပါတယ်။!


ဘုရားကားရဲ့ နေ့လည်စာအကျွေးအမွေးကို စားသုံးပြီး ကျန်သေးသော မဖူးရသေးသော နေရာများသို့ ခရီးဆက်ခဲ့ပါတယ်။ ဆက်ရန်
Photo credit by facebook image
MSC 232
@yway
အရမ်းသွားခြင်းတယ်
ရောက် မှာ ပါ
Good travel & knowledge
Yes
ဖတ်ရှုခံစားဖြစ်ပေါ်စိတ်ဟာ ရောက်ချင်မိသည်
စိတ်ဆန္ဒသည် မုံရွာမြို့နှင့် ကသာပဘုရားထံသို့သာ
တောင်ပေါ်သားကျွန်နော် မြင်တွေ့မိတဲ့ ဓါတ်ပုံလေးအတွက်
ကျေးဇူးများစွာတင်မိပါသည်………သူရ
ဟုတ်ကဲ့ပါ
ကျေးဇူးတင်ပါတယ်
ဗဟုသုတ ရတယ်
Thanks
Thz sharing
Ok
ကျေးဇူးပါ မမ။
အင်း
အရမ်းစိတ်ဝင်စားစရာကောင်းပါတယ်ဗျ
အင်မတန် အေးလျမ်းသာယာတဲ့နေရာလေးတစ်ခုပါဘဲ ဘယ်နှခေါက်လဲမမှတ်မိဘူး ရောက်ဘူးတယ် ဒါပေမယ့်အမြဲသွားချင်နေတုန်းဘဲ
အလောင်းတော်ကဿ ပကိုမရောက်ဖူးဘူး ။
နောက် ပိတ်ရက်တွေကျ ရင်သွားပျော် ဖို့ ကောင်းတယ်
ငယ်ငယ်တုန်းကတော့ ရောက်ဘူးတယ်ဗျ
ပျော် ဖို့ ကောင်းတယ်မလား