ကျွန်တော်ရဲ့ အားလပ်ရက်

in #myanmar8 years ago (edited)

အားလုံးကို မင်္ဂလာပါခဗျာ ကျွန်​​တော်​အခုတစ်​ပါတ်
အားလုံးကိုရေးသားပြချင်​မိတဲ့ အ​ကြောင်းအရာ
က​တော့ ကျွန်​​တော်​ရဲ့ အားလပ်​ရက်

ဒီ​နေ့ အလုပ်​နားရက်​ဆို​တော့ ကျွန်​​တော်​အိပ်​ရာထဲက
တော်တော်နဲ့ မထ​ဘဲ မနက်​၉နာရီ​လောက်​ထိ မထဘဲ
အိပ်​​နေလိုက်​တယ်​ဗျာ ။ ကျွန်​​တော်​ရဲ့ ချစ်​ဇနီးက​တော့
အလုပ်​နားရက်​ဆို ​ဈေးဝယ်​​နေကြဆို​တော့
ဘယ်​ချိန်​ထဲက ထွက်​သွားလဲမသိပါဘူးဗျာ
ကျွန်​​တော်​ အိပ်​ရာထထခြင်းဆိုဘဲ steemit ကို
အရင်​ဖွင့်​ပြီး ကြည့်​မိတာ​တော့ ​နေစဉ်​​နေတိုင်း
အလုပ်​တစ်​ခုလို့ ဖြစ်​​နေလို့ လားမသိဘူး ☺ ☺
ဖွင့်​ကြည့်​ပြီး steemဈေး​တွေ တက်​တက်​လာတာတွေ့ ​လေ ပိုပြီး အားအင်​ဖြစ်​​စေတဲ့အတွက်
စာ​တွေ​ရေးရတာ ပိုပြီးအားဖြစ်​​စေတယ်​​လေ
ဒါ​ကြောင့်​ ဒီ​နေ့ ကျွန်​​တော်​တို့ အဖွဲ့ ရဲ့. Pro အတွက်
ကြိုတင်​ပြီး ပိုစ့်​တင်​ရမယ့်​​နေဆို​တော ကျွန်​​တော်​လည်း
ပိုစ့်​တင်​နိုင်​ဖို့ ကြိုးစားရမည်​ ဖြစ်​သဖြင့်​ စဉ်းစား​နေတာက
ငါရဲ့ အလုပ်​နားရက်​ဖြစ်​တဲ့အတွက်​ ကိုယ့်​အ​ကြောင်းဘဲ
ဒီတစ်​ပါတ်​​ရေးမယ်​လို့ စိတ်​ကူးမိပြီး ကျွန်​​တော်
အိပ်​ရာထ ကိုယ်​လက်​သန့်​စင်​ပြီး မိန်းမကို ဖုန်းဆက်
အ​ကြောင်းကြားပြီး ကျွန်​​တော်​ မိဘအိမ်​ကို အလည်
သွားခဲ့တယ်​ဗျာနောက်​ပြီးမိသားစုနဲ့ ထမင်းလက်​ဆုံစားသောက်​ခဲ့ပြီး ကျွန်​​တော်​လည်းနေခင်း ၁နာရီ​လောက်​မှာ အိမ်​သို့ ပြန်​မယ်​ဆိုပြီး အ​မေနဲ့ အ​ဖေကို နှုတ်​ဆက်​ပြီး
အိမ်​သို့ ပြန်​ခဲ့ပါတယ်​ဗျာ။
အိမ်​သိုအပြန်​ ကားဂိတ်​မှာ ကား​စော​င့်​နေစဉ်
ကျွန်​​တော်​ရဲ့ ဖုန်းမှ
#လမ်းထိက်​က ဆိုင်​ ငါထိုင်​​ငေး​နေ ........#
ဖုန်း​ခေါ်သံ​ကြောင့်​ ကျွန်​​တော်​ဖုန်းကို ကြည့်​လိုက်​​တော့
ကျွန်​​တော်​ရဲ့အသိ .လူပျို ကြီး ဆက်​တာ​တွေ့ ​တော့
ဟယ်​လို လူပျိုကြီး ​ပြောပါ ဘာကိစ္စရှိလို့လဲဗျ
အေ ကိစ္စ​တော့မရှိပါဘူးကွာ အလုပ်​နားရက်​ဆို​တော့
ငါတို့လူစုပြီး ဘိလိယက်​ ထိုးကြရ​အောင်​ကွာ မင်းအား
တယ်​မလား ထိုးကြမယ်​​လေ

ထိုးမယ်​​လေ ကျွန်​​တော်​အခု အ​မေ့အိမ်​က​နေ
ပြန်​ဖို့ ကား​စောင့်​နေတာ ဒါဆို တစ်​ခါတည်း
ကျွန်​​တော်​ ဘိလိယက်​ ခုံကိုလာခဲ့မယ်​ လူပျို ကြီး
လူစုထားလိုက်​​တော့ ဒါဘဲ​နော်​ ကျွန်​​တော်​ဖုန်းချလိုက်
တော့မယ်

အေ​အေ ဒါဆို ငါတို့ ​စောင့်​​နေမယ်
ကျွန်​​တော်​လဲ အခုမှသတိရတယ်​ ဟာ ငါဒီ​နေ့
အားမှမအားတာကို ​မေ့​နေတယ်​ ကျွန်​​တော်
ဒီ​နေ့ proအတွက်​ ကြိုပြီး ပိုစ့်​တင်​ရမယ်​​နေဆိုတာကို
မနက်​က​တော့သတိရပါတယ်​ဗျာ အ​ပေါင်းအသင်း​တွေ
က​ခေါ်​တော့လဲ ကျွန်​​တော်​ ၁နာရီ​လောက်​ သူတို့ နဲ့ 
အချိန်​​ပေးခဲ့ပြီး ပြန်​ရမယ်​ဆိုပြီး အကြံထုတ်နေတာပေါ့ဗျာ
လမ်းထိပ်​ကဆိုင်​ ငါထိုင်​​ငေး​နေ ​ငါ​တွေ့လိုက်​တာ....
ကျွန်​​တော်​ဖုန်းက မည်​သံကြားသဖြင့်​ ကျွန်​​တော်
အလွန်​​ပျော်သွားတာ​ပေါ့ဗျာ ကြည့်​လိုက်​​တော့
ချစ်​ဇနီးက ဖုန်း​ခေါ်ခြင်းဖြစ်​တယ်​.
ဇော်​ရေ ဘယ်​မှာလဲ အ​မေ့အိမ်​မှာလား
ပြန်​လာ​နေပြီးလား ဒီမှာ မိုးရွာ​နေလို လေလဲပါတယ်
အဲတာ အင်​တနာတိုင်​ လေတိုက်​ပြီး ​ကျိုးကျ​နေလို့
ပြန်​လာခဲ့​တော့​နော်

လာ​နေပြီ မိန်းမ​ရေ ​ရောက်​​တော့မယ်​ အခုမိုးခို​နေတာ
လမ်းထိပ်​က ကွမ်းရာဆိုင်​မှာ

အော်​ ပြီး​ရော်​ ပြီး​ရော်
မိန်းမဖုန်းချလိုက်​ပြီးကျွန်​​တော်​လဲ အားလုံးကို
အကြိုးအ​ကြောင်း​ပြောပြီး မြန်​မြန်​အိမ်​သို့ ထွက်​ခဲ့ပါတယ်
ကျွန်​​တော်​ ​ပြောဖို့ ​မေ့သွားလို ခုနက မိန်းမဖုန်းလာ​တော့
ဘာဖြစ်​လို့ ​ပျော်​တာလဲဆိုတာကိုပြောဖို့​မေ့​တော့မလို့☺
အ​ကြောင်းက ဘိလိယက်​ထိုးတာက ၅ပွဲ၆ပွဲ​လောက်​ထိ
ဆက်​တိုက်​ ကျွန်​​တော်​ကြီးဘဲ နိုင်​​နေ​တော့ ပြီး​တော့
Steemit မှာ ပိုစ့်​တင်​ဖို့ ကလဲ ရှိ​သေးတယ်​​လေဗျာ
ဒီတိုင်းကြီး ပြန်​ရင်​ မ​ကောင်းသလို ဖြစ်​​နေမှာ​ပေါ့ဗျာ
မိန်းမ ဖုန်း​ခေါ်လိုက်​​တော့ ကျွန်​​တော်​အတွက်​ အားနား
စရာ မရှိ​တော့ဘူး​ပေါ့ဗျာ ☺
ဒီ​နေ့ မှ ဘိလိယက်​ ထိုးတာ ကံ​ကောင်းတာဗျ
အရင်​ပါ​တ်​တွေက တစ်​ပါတ်​ကို ၄​သောင်း၅​သောင်း
ရှုံး​နေကြဗျ ဒီ​နေ့ မှ ကံက​ပေးလို့ မနက်​က ကျွန်​​တော်
အ​မေအိမ်​ကို သွားတာ ​ငွေ ၂သောင်း​လောက်​ဘဲ
ပါသွားတာ​လေ ၁သောင်းက ကျွန်​​တော်​ ၃လုံးထိုးခဲ့ပြီး
တူ​တွေ မှန့်​ဖိုးဘာညာ​ပေးပြီး ကျွန်​​တော်​မှာ
၆ထောင်​လောက်​ဘဲရှိ​တော့တာဗျ ☺
ဘိလိယက်​ ထိုး​ကြေးက ၅ထောင် ၁ထောင် ထိုးတာ☺
ပထမ တစ်​ပွဲစာ​တောင်​ မရှိဘူး ကျွန်​​တော်​မှာ ပါတာက
ကံ​ကောင်းစွာ ၆ပွဲဆက်​တိုက်​ နိုင်​လိုက်​တာ ☺
ထိုးတာက ကျွန်​​တော်​အပါအဝင်​ အားလုံး၅​ယောက်
ထိုးတာဆို​တော့ တစ်​ပွဲကို ၄သောင်းအထက်​​လောက်
ရလိုက်​လို့ ကျွန်​​တော်​ဟာ
၂သိန်း​ကျော်​၃သိန်း​လောက်​ အနိုင်​ရရှိခဲ့လို့ ကျွန်​​တော်
အိမ်​အပြန်​လမ်းဟာ တက်​ကြွရွှင်​လန်း​နေပြီး
အိမ်​​ရောက်​ရင်​ မိန်းမကို ငွေ​တွေပြပြီး ကြည်​နူးလိုက်
မယ်​ကွာလို့ ​တွေးပြီး ကျွန်​​တော်​​ပျော်​ရွှင်​​နေခဲ့ရတဲ့
တစ်​​နေ့အဖြစ်​ ကျွန်​​တော်​ရေးသားတင်​ပြလိုက်​ပါတယ်​ခဗျာ အားလုံးလဲ စိတ်​၏ကျန်းမာခြင်းနှင့်​ ပြည့်​စုံပြီးအောင်​မြင်​​သော​နေ့တစ်​​နေ့ ဖြစ်​ပါ​စေလို့ ကျွန်​​တော်
ဆု​တောင်း​ပေးလိုက်​ပါတယ်​ခဗျာ... zawzawhtwe
image
@zzawzawhtwe
MSC.161

Sort:  

အခုစာကို ပျော်ရွှင်စွာ ရေးသားလိုက်တယ်ပေါ့ ... ကာယကံရှင်နဲ့ ထပ်တူဝမ်းသာမိပါတယ်

ကျေုဇူးပါ ကိုစော

You got a 6.06% upvote from @nado.bot courtesy of @zzawzawhtwe!

Send at least 0.1 SBD to participate in bid and get upvote of 0%-100% with full voting power.

"အိပ်ရာထဲက တောတေမထဘဲ" ဆိုတာကို နားမလည်လို့ ရှင်းပြပါလား

ကျေးဇူးပါအကိုရေ
အိပ်ရာထဲက တော်တော်နဲ့ မထဘဲ ရေးတာဗျ ဟီးး
ပြင်လိုက်ပြီ ကိုလေးရေ

ဘိလိယက်တော့ ဂိမ်းထဲမှာဘဲထိုးတတ်တယ်😁😁

ကျွန်တော်လဲ အကျွမ်းကြီး မဟုတ်ပါဘူးဗျာ
ဒီနေ့ ကံကောင်းလိုပါဗျာ

You got a 0.38% upvote from @emperorofnaps courtesy of @zzawzawhtwe!

Want to promote your posts too? Send 0.05+ SBD or STEEM to @emperorofnaps to receive a share of a full upvote every 2.4 hours...Then go relax and take a nap!

သားကို တစ်ခုမှ မတွ့လို့ ယုံကြည်ခြင်းအထိ ပေးထားခဲ့တယ်။

ကျေုးဇူးပါ ဆရာ

ဘိလိယက်ကတော့ ဝါသနာပါတယ် ခုတော့ မထိုးဖြစ်တော့ဘူးရယ်

ဟုတ်ကဲ့ပါ

Wow ဆရာကျတယ်ဗျာ

ကံကောင်းလို့ ပါဗျာ

your post is very good friend

ကိုဇော်ထွေး သူများပိုက်ပိုက်တွေသွားယူပြီးပြန်လာတယ်ပေါ့။ မိန်းမအကြောင်းပြပြီး အမြတ်တွေရခဲ့သည်ပေါ့😂😂😂
နှစ်လုံးသုံးလုံးတွေလည်းသိပ်မလုပ်နဲ့ဗျ ကုန်မယ့်အလုပ်တွေမို့ မလုပ်စေချင်ဘူး။
စာလုံးပေါင်းသတ်ပုံလေးတွေပြန်စစ်အုံးနော်။

ကားစောက် လို့ မရေးနဲ့ 👉ကားစောင့်လို့ရေး
လမ်းထိက် 👉 လမ်းထိပ်
ကျိုးကြ 👉 ကျိုးကျ

စောက် ဆိုတဲ့စာက ဆဲတာနဲ့တူနေတာ😁😁
စောင့် လို့ရေး...မှန်ပီ👏👏👏👍

ဟုတ်ကဲ့ ကိုမိုးရေ
အခုလို အမှားများစွာကို ထောက်ပြပေးလို့ ကျေးဇူးတင်ပါတယ်ဗျာ
ကျွန်တော် သေချာစစ်တာတောင် ပါသွားသေးတယ် ဟီးးး

ကိုမိုးပြောတာလေးတွေပြင်လိုက်ပါဦးဘဒိုရေ
edit လေးကိုနိပ်ပြီးပြင်လို့ရပါတယ်